Monday, August 19, 2013

ရန်သူမရှိ မိတ်ဆွေသာရှိခဲ့သူ စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ရှာပြီ

Monday, August 19, 2013

မန်မာနိုင်ငံ၏ အသက်အကြီးဆုံး စာရေးဆရာတစ်ဦးလည်းဖြစ် မြန်မာ့စာပေလောကတွင် ထင်ရှားသူတစ်ဦးလည်းဖြစ်၊ ၁၉၅၃ ခုနှစ် သြစတြီးယားနိုင်ငံ ဗီယင်နာ၌ ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေး တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူတစ်ဦးဖြစ်သူ ဆရာကြီး ဒဂုန်တာရာသည် သြဂုတ်လ ၁၉ ရက်မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် အောင်ပန်းမြို့နေအိမ်တွင် ကွယ်လွန် သွားရှာပြီဟု ဆရာကြီး၏ တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ ကပြောသည်။

အသက် ၉၅ နှစ်တွင် ကွယ်လွန်ခဲ့သူ ဆရာကြီးသည် ရန်သူမရှိ မိတ်ဆွေရှိ၊ မုန်းသူမရှိ ချစ်သူရှိ ဟူသည့် မူဝါဒ စကားလုံးများကို ကိုင်ဆွဲကာ တိုင်းရင်းသားများနှင့် မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းရေး အမြန်ရလိုသည့် ဆန္ဒရှိခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဆရာကြီးသည် ရုပ်ပုံလွှာစာအုပ်ဖြင့် မြန်မာ့သမိုင်းတွင် ထင်ရှားသူများအကြောင်းကို ရေးသားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်း သို့မဟုတ် အရိုင်း ဟူသည့် အသုံးအနှုန်းဖြင့် သုံးနှုန်းရေးဖွဲ့ခဲ့သူဖြစ်သည်။

မဇ္ဈိမနှင့် ဆရာကြီး၏ ၂၀၁၁ ခုနှစ် အင်တာဗျူးတစ်ခုတွင် ဗိုလ်ချုပ်ကို အရိုင်း ဟူသည့် အသုံးအနှုန်း သုံူးနှုန်းခဲ့ခြင်းနှင့်ပတ်သက်၍ "ကိုအောင်ဆန်းရဲ့ ရိုးသားမှုကို ကျနော်က ရေးခဲ့တာ အရိုင်းဆိုတာ၊ စကားလုံးက ရှာမရတော့ အရိုင်းတပ်လိုက်တာ" ဟု ပြောဆိုခဲ့သည်။

ဆရာကြီးသည် သူမကွယ်လွန်ခင် မြန်မာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ သူ၏ ဆန္ဒကိုလည်း မဇ္ဈိမနှင့် အင်တာဗျူးတွင် "ငြိမ်းချမ်းရေးအောင်ပါစေလို့ ဆုတောင်းချင်တယ်။ ငြိမ်းချမ်းရေးအကြောင်းကို တတ်နိုင်သမျှ အသံလွှင့်ပေးကြပါ။ လူတွေလည်း သတိရရင် ငြိမ်းချမ်းရေးအကြောင်း တွေးကြ။ အသက်ကြီးတဲ့အထိ လုပ်ကြရမှာပဲ။ နောက်တခုက အစိုးရကလည်း ဗိုလ်သိန်းစိန်ပြောသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ရင် ငြိမ်းချမ်းရေးက ရကို ရရမယ်။ လူငယ်တွေကိုလည်း အားကိုးတယ်ဗျာ" ဟု ဆန္ဒပြုခဲ့သူဖြစ်သည်။

မဇ္ဈိမသတင်းဌာန
Mizzima - News in Burmese 

Sunday, August 11, 2013

ကိုရင် တစ်ပါး ချောင်းအတွင်း ရေဆင်းချိုးရာမှ မိကျောင်း ကိုက်ဆွဲခံရ၍ သေဆုံးမှုဖြစ်ပွား

Sunday, August 11, 2013 

 

 

၎.၈.၂၀၁၃ရက်နေ့ နံနက် ၁၀း၄၅ နာရီ အချိန်ခန့်တွင် ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် ၊ ကြိမ်ချောင်း ကျေးရွာအုပ်စု၊ ဆပ်ကျွန်း ကျေးရွာ၌ ချောင်းအတွင်း ရေဆင်းချိုးရာမှ ကိုရင်တစ်ပါး(အသက် ၁၁ နှစ်) မိကျောင်း ကိုက်ဆွဲခံရ၍ သေဆုံးမှုဖြစ်ပွား ခဲ့သည်။

ကိုရင် မိကျောင်း ကိုက်ဆွဲခံရသည့် အတွက်  ဆပ်ကျွန်းကျေးရွာမှ ၀င်းစိုး ၊ ၀င်းအောင် ၊ ကျော်လှိုင် ၊ မြင့်သိန်း ၊ သန်းရွှေ ခေါင်းဆောင်သောအဖွဲ့မှ ၎င်းနေ့ ၁၈း၀၀နာရီအချိန်တွင် မိကျောင်းအား ဓါး၊ လှံ ၊ မှိန်းတို့ဖြင့် ၀ိုင်းဝန်းထိုးနှက် သတ်ဖြတ်ခဲ့ကြသည်။

မိကျောင်းမှာ အရှည် ၁၇’ ၇↔ရှိ၍ ယခုကဲ့သို့ ကြီးမားသည့် အကောင်ကြီးများမှာ ကမ္ဘာပေါ်တွင် အလွန်ရှားပါးနေပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင်လည်း မိကျောင်းများကို ဒီရေတောများရှိသည့် ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံ၊မော်ကျွန်းတို့တွင်တွေ့ရှိရပြီး၊ ယခုကဲ့သို့ အကောင်ကြီးများကို ဘိုကလေးမြို့နယ်အတွင်း၌သာ တွေ့ရှိရတော့သည်။

အဆိုပါ ကျေးရွာသည် ကဒုံကနိ ကြိုးဝိုင်းအတွင်း တည်ရှိပြီး ၎င်းဒေသများသည် မူလကတည်းက ရေချိုရေငံစပ် မိကျောင်းများ ကျက်စား နေထိုင်ရာ ဒီရေတော ဒေသဖြစ်၍ ဘိုကလေးမြို့နယ် အတွင်းရှိ မိန်းမလှကျွန်း ဘေးမဲ့တော သည် လည်း မိကျောင်းများ နေထိုင်ကျက်စားရာ ဒေသတစ်ခုဖြစ်သည်။

 နှစ်စဉ် ဧပြီလ မှ နိုဝင်ဘာလအထိ ကာလများသည်  မိကျောင်းများ မိတ်လိုက်၊ အသိုက်ပြုလုပ် ၊ သားပေါက်သည့် ကာလဖြစ်ခြင်းကြောင့် ၎င်းအချိန်များတွင် မိကျောင်းများ၏ သဘာဝ အမူအကျင့်ကြောင့် အန္တရာယ်ရှိနိုင်ကြောင်းကို နှစ်စဉ်သတိပေးစာများကို ယခုနှစ်တွင် သက်ဆိုင်ရာဌာနမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ ဖြန့်ဝေခဲ့ကြောင်းနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် မိကျောင်း အန္တရာယ်ရှိမှု၊ ဥပဒေအရ ကာကွယ်ထားမှုတို့ ရှင်းလင်းပြောကြား ထားကြောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး များထံမှ သိရှိရပါသည်။

မိကျောင်းများက လူကိုကိုက်တိုင်း မိကျောင်းများကို ပြန်သတ်နေပါက မိကျောင်းများ မျိုးသုန်းပျောက်ကွယ်သွားမည်ဖြစ်၍  နောက်နောင် ယခုကဲ့သို့ မဖြစ်စေရေးအတွက် သက်ဆိုင်ရာ အစိုးရ ၀န်ကြီးဌာနမှ အလေးထား ဆောင်ရွက်သင့်ပါသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် လူဦးရေ တိုးပွားလာမှုကြောင့် မိကျောင်းများ၏ နေရင်းဒေသဖြစ်သော ဒီရေတော ကြိုးဝိုင်းများအတွင်း လူများမှ နယ်မြေချဲ့ထွင်လုပ်ကိုင်နေထိုင်ခြင်းကြောင့် မိကျောင်းများမှာ တဖြေးဖြေးစားကျက် ကျဉ်းမြောင်းလာကြောင်း၊ ယခင်ကလူများမှ မိကျောင်းကို ကြောက်ခဲ့သော်လည်း ယခုအခါ မိကျောင်းက လူကိုကြောက်၍ လျို့ဝှက်သွားလာ နေထိုင်ကြရသော ဘ၀သို့ရောက်ရှိနေ၍ မိကျောင်းများ ဘ၀စာနာသနားငဲ့ညှာသောအားဖြင့် ထိန်းသိမ်း ရေးကာကွယ်ရေးကို ထိရောက်စွာဆောင်ရွက်ပေးသင့်ကြောင်း ဒေသခံအချို့မှ ပြောကြား လျက်ရှိသည်။

by Myanmar News Now

Thit Htoo Lwin - News

မြန်အောင် ရေနံမြေ ကားပေါ်မှ ကလေးတစ်ဦး ပြုတ်ကျ သေဆုံးမှုဖြစ်ပွား

Sunday, August 11, 2013

 
သြဂုတ်လ ၁၁ ရက်နေ့ 

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စု အုန်းလက် ဘုန်းတော်ကြီးကျောင်းမှ  ဘုန်ကြီးကျောင်းသား လေးတစ်ဦး မြန်အောင် ရေနံမြေကားပေါ်မှ မောင်းနေစဉ် ကြမ်းပေါက်ကျွံကျပြီး နေရာတွင်ပင် သေဆုံးမှု တစ်ခု ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၅း၀၀နာရီ အချိန်ခန့်က ဖြစ်ပွား ခဲ့သည်။

အဆိုပါ အုန်းလက် ဘုန်းတော်ကြီး ကျောင်းမှ ၀ါဆို သံဃာတော်များ အတွက် မြို့ပေါ်ရှိ တနင်္ဂနွေ ဆွမ်းကျောင်းသို့ဆွမ်းခံရန် လိုက်ပါလာသော ဘုန်းကြီးကျောင်းသား မောင်အောင်မင်းထက်  အသက်(၁၁)နှစ်သည် ဆွမ်းခံပြီး အပြန်  ကားကြမ်းပေါက်ကျွံကာ ကားပေါ်မှ ထွက်ကြပြီး ရှားတောကျေးရွာ ဇရပ်ကြီးအနီး ဖြစ်ပွားသည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါသည်။

အဆိုပါကားမှာ မြန်အောင်ရေနံမြေမှ (၅)တန်ယာဉ်မောင်း ဦးလှိုင်သိန်းမောင်းနှင်သော ကားဖြစ်ပြီး     ၎င်းဘုန်းကြီးကျောင်းမှ သံဃာတော်များ မြို့တွင်းသို့ဆွမ်းခံကြွရာတွင် အဆင်ပြေစေရန် အမြဲတမ်းအကူအညီပေးနေသော ကားဖြစ်ကြောင်းနှင့် သေဆုံးသူ မောင်အောင်မင်းထက်မှာ ဘုန်းတော်ကြီးကျောင်းသား တစ်ဦးဖြစ်ပြီး ရှမ်းကွင်းကျေးရွာ ဇာတိဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပြပါသည်။

ရှားတောသား

by Myanmar News Now

Thit Htoo Lwin - Crime

Friday, August 9, 2013

ရဲစခန်း မီးရှို့ မှု လူစုခွဲရာ ဘင်္ဂလီ(၄)ဦး သေဆုံး

Friday, August 9, 2013 

 

စစ်တွေမြို့နယ် ၊ အုန်းတောကြီး ဒုက္ခသည်စခန်းတွင် ဧရိယာဝင်းမှ အရာရှိရုံးထိုင်အဆောင်၊ ကင်းစောင့်ရုံ၊ အခြားအဆောင်နှစ်ခု စုစုပေါင်း (၄)ဆောင် မီးလောင်းသွားကြောင်း သိရှိရပြီး အစိုးရမှ သေနပ်ဖောက် လူစုခွဲမှုကြောင်း ဘင်္ဂလီကုလား (၄)ဦးသေဆုံးပြီး တစ်ချို့မှာ ဒဏ်ရာရရှိပြီး အရေးပေါ်ကျန်မာရေး စောင့်ရှောက်မှုများ ပြုလုပ်ထားရကြောင်း သိရှိရပါသည်။

အခင်းဖြစ်စဉ်မှာ အုန်းတောကြီးကျေးရွာ အနီးရှိ ချောင်းမှ ဘင်္ဂလီ အမျိုးသမီး အလောင်း တစ်လောင်း တွေ့ရှိခဲ့ရာ သက်ဆိုင်ရာ နယ်မြေခံရဲစခန်းသို့ ယူဆောင်ကာ စစ်ဆေးမှု များ ပြုလုပ်ရန် ယူဆောင်ခဲ့ကြောင်း၊ အဆိုပါ အလောင်းအား ဘင်္ဂလီများ က မိမိတို့ထံ ပေးရန်တောင်းဆိုရာ မရရှိသဖြင့် ချောင်းဝ ရဲစခန်းအား မီးရှို့ဖျက်ဆီး လိုက်ကြောင်း သိရသည်။

ယနေ့ ညနေထိ အခြေအနေမှာ တင်းမာလျှက်ရှိသည်။ အုန်းတောကြီးဒုက္ခသည်စခန်းသို့ သွားသောလမ်းအားလည်း လုံခြုံရေးများမှ ပိတ်ထားပြီး အခြေအနေကို ထိန်းသိမ်းနေသည်ဟု ကျန်မာရေးဝန်ထမ်းတစ်ဦးမှ RSV အား ပြောပြသွားပါသည်။

စစ်တွေ အုန်းတောကြီးသတင်းနောက်ဆုံးအခြေအနေ

ပဋိပက္ခဖြစ်ပွားခဲ့သော နေရာမှာ ဘောဒူဘဒုက္ခသည်စခန်းနှင့် အုန်းတောကြီးဒုက္ခသည်စခန်းအနီးတစ်ဝိုင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် ပဋိပက္ခများ ထပ်မံမကြီးထွားလာစေဖို့ နယ်စပ်ရေးရာ လုံခြုံရေး ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် စစ်တွေအခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ဘင်္ဂါလီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနေကြောင်းသိရသည်။

အုန်းတောကြီးဒုက္ခသည်စခန်းဘက်သို့ မည်သည့် လုံခြုံရေးကားများမှ ဝင်ရောက်၍ မရအောင် လမ်းများကို သစ်ပင်ကြီးများနှင့် ကာဆီးထားခြင်းအပြင် ကတုတ်ကျင်းများ အပိုင်းပိုင်း တူးထားကြောင်းလည်းသိရသည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် မစ္စတာ ကင်တားနား စစ်တွေကိုလာရောက်မည်ဖြစ်သည့်တွက် နိုင်ငံတကာတွင် အစိုးရကို အပြစ်ပုံချရန်နှင့် ကင်တားနား မျက်ရည်ကျစေရန် ကြိုတင် အကွက်ချလုပ်ဆောင်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများရှိနေသည်။

(RSV)

Thit Htoo Lwin - News