Sunday, June 30, 2013
လူနှစ်ဦး သေဆုံးသည့် ပေါက်တော ရုန်းရင်းဆန်ခတ်မှုကြောင့် တည်ဆောက်ရေးကို ရပ်ထားရ
စစ်တွေ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကြိမ်နီပြင် ဒုက္ခသည်စခန်း၌ ဇွန်လ ၂၇ ရက်နေ့ က ဖြစ်ပွားခဲ့သော လူစုလူဝေးဖြင့် အကြမ်းဖက်လိုမှုတွင် အာဏာပိုင်များ၏ ပစ်ခတ်မှုကြောင့် နှစ်ဦး
သေဆုံးခဲ့ရအပြီးနောက် ဒုက္ခသည်များအတွက် တဲအိမ် ဆောက်လုပ်မှုများကို ရပ်ဆိုင်းထားရကြောင်း ရခိုင်ပြည်နယ်အစိုးရက ဆိုသည်။
“ပေါက်တော ဒုက္ခသည်စခန်း ရုန်းရင်းဆန်ခတ် ဖြစ်ပြီးတဲ့နောက်မှာ ယာယီအားဖြင့် ဆောက်လုပ် ရေးလုပ်ငန်း
တွေကို ရပ်ထားရပါတယ်။ ဘယ်နေ့မှာ ဆောက်လုပ်ရေး ပြန်စမယ်ဆိုတာတော့ အတိအကျ မပြောနိုင်
သေးဘူး။ ၂၈ ရက်နေ့မှာ ပြည်နယ်ဝ န်ကြီးနှစ်ဦး အခင်းဖြစ်တဲ့နေရာကို သွားနေပါတယ်။ အခြေအနေတွေ ကို လေ့လာစိစစ်သုံးသပ်လို့ တည်ငြိမ်လာတဲ့အခါကျမှ ဆက်လုပ်သွားမှာ ဖြစ်တယ်” ဟု ပြည်နယ်အစိုးရ၊
ပြန်ကြားရေးအဖွဲ့ဝင် ဦးမျိုးသန့် က ဆိုသည်။
UNHCR မှ လှူဒါန်းသည့် ကြိမ်နီပြင်ဒုက္ခသည်စခန်း တဲအိမ်ကြီးများ တည်ဆောက်မှု အပေါ် မူဆလင် ဒုက္ခသည်များ အချင်းချင်း မကျေမလည်ဖြစ်ကြရာမှ လူစုလူဝေးနှင့် တိုက်ခိုက်ရန် ကြိုးပမ်းလာ၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ခြောက်လှန့်ပစ်ခတ်လူစုခွဲရာမှ ဒုက္ခသည်နှစ်ဦး သေဆုံးကာ ခြောက်ဦးဒဏ်ရာ ရခဲ့ရခြင်းဖြစ်သည်ဟု ပေါက်တောမြို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းအောင် က ဆိုသည်။
သံတွဲမှာ အမျိုးသမီးတစ်ဦး စော်ကားမှုနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွား
မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ခရိုင်ပြန်ဆက် မှ ကနဦး စုံစမ်းသိရှိရတဲ့သတင်းများအရ ဇွန် ၂၉ ရက်နေ့ မှာ တောင်ကုတ်ကနေ သံတွဲ ကို အဝေးပြေးကားနဲ့ ရောက်လာတဲ့ အမျိုးသမီးတစ်ဦးဟာ ဆိုင်ကယ်ကယ်ရီနဲ့ လိုက်သွားပါတယ်။
ဇွန် ၃၀ ရက်နေ့ နေ့လည်မှာ အဲဒီအမျိုးသမီးတစ်ယောက်တည်းငိုနေတာတွေ့တဲ့သူများက ညနေ ၄ နာရီမှာ ရဲစခန်းကိုလာပို့ပါတယ်။ အဲဒီအမျိုးသမီးက သူ့ကို ဆိုင်ကယ်ကယ်ရီသမားနဲ့ အခြားသူ တစ်ဦးက စော်ကားတယ်လို့ တိုင်ကြားခဲ့ပါတယ်။
သံတွဲမြို့မှာ ရဲစခန်းဝိုင်း၊ အိမ်မီးရှို့မှုကြောင့် ညမထွက်ရ အမိန့်ထုတ်ပြန်ဟု အစိုးရပြော
အိန္ဒိယရေဘေး လူ ၉၀၀ ကျော်သေဆုံး
အိန္ဒိယနိုင်ငံမြောက်ပိုင်းက Uttarakhand ပြည်နယ်မှာ မုတ်သုန်ရာသီမိုးတွေ
အချိန်မတိုင်ခင် ၀င်ရောက်လာပြီးတော့ မိုးတွေသည်းလို့ တောင်ကျချောင်းရေ
လျှပ်တပြတ် လျှံတာတွေ၊ မြေပြိုတာတွေဖြစ်ပွားပြီး လူ ၉၀၀ မက သေဆုံးခဲ့ရပြီး
ဖြစ်သလို လူပေါင်း ထောင်သောင်းချီ ပျောက်ဆုံးနေ ပါတယ်။ သေဆုံးသူ ပမာဏက
အများကြီး ပိုများသွားနိုင်တယ် လို့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး
ဆူရှီကူးမားရှင်ဒီက ပြောပါတယ်။
Saturday, June 29, 2013
စာပေကျေးကျွန် ငါ့တာဝန်
* "စာအုပ်စာပေ၊လူ့မိတ်ဆွေ" ဟု
လူ့ပြေ(ပြည်)လောက၊ပြောဆိုကြသား
ဝါကျလှိုင်းသံ၊စကားမွန်ကို
နာခံမှတ်သား၊အလေးထားကာ
အများတွက်ရွယ်၊ကျိုးရှိဖွယ်(စေ)ဟု
စာပေတစ်ပုဒ်၊ရေးစီထုတ်လို့
အလုပ်တွေလည်း ရှုပ်ဖူးပြီ။
* စာပေဖြစ်ရေး၊စိတ်ကတွေးလို့
အိပ်ရေးတွေလည်း ပျက်ဖူးပြီ။
* စာပေဖြစ်ရန်၊စိတ်ဇွဲသန်၍
မမှန်အစား၊ကိုယ်ခွန်အားတို့
နည်းပါးပျော့ခွေ ရှိဖူးပြီ။
* စာပေစာစီ၊စီရရီသ
ဂုဏ်ရည်ထွန်းတောက်၊လင်္ကာမြောက်ဖို့
အားလှောက်ကြိုးစား၊ရေးခြယ်သားလို့
မှုန်ဝါးမျက်စိ ရှိဖူးပြီ။
သို့သော်....သို့သော်....
* ပင်ပန်းပါစေ၊နွမ်းပါစေသား
"စာပေတာဝန်၊ငါ့တာဝန်
စာပေအရေး၊ငါ့အရေး
စာပေလှလှ၊ငါ့ဘဝ
စာပေသည်ပင်၊ငါ့သခင်
စာပေအသိ၊ငါရရှိ" ဟု
မှတ်သိနာခံ၊ငါဓိဋ္ဌာန်၍
တစ်ဖန်တိုးစေ၊ရှေးသို့ရွယ်သည်
စာပေကျေးကျွန် ငါ့တာဝန်..........။ ။
အရှင်ပညောဘာသ
(မောင်ဘုန်းနွယ်၊ဂန္ထဝင်ရွှေမြေ)
ဖန်မီးအိမ်
* ဖန်မီးအိမ်သည်....
ကြောင်လိမ်နွယ်ဆင့်၊နန်းအိမ်မြင့်မှာ
ထွန်းတောက်နိုင်မည် မဟုတ်ပါ။
* ဖန်မီးအိမ်သည်.....
တိမ်လွှာကိုစား၊လ ရထားဖြင့်
ဝင့်ကြွားစွာလျှင်၊ခရီးနှင်သည့်
သခင်တို့မြန်း၊ပန်းခင်းလမ်းတွင်
ညှိထွန်းနိုင်မည် မဟုတ်ပါ။
* ဖန်မီးအိမ်သည်.....
မငြိမ်မသက်၊စိတ်ယောက်ယက်နှင့်
လမ်းပျက်တူရူ၊လျှောက်လာသူကို
အားကူမျှသာ ထွန်းမည်တည်း။
* သူ့အဆင်းသည်...
နေမင်းပမာ၊သော်တာအလား
မဝင်းငြားလည်း၊သူ့အားသူ့မာန်
သူပိုင်ဟန်ဖြင့်သူသန်ရာမှ
ဤလောကကို
အလှဆင်လိုဟန်တကား.......။ ။
တင်မိုး
ဖမ်းဆီးသတင်း
ဖမ်းဆီးသတင်း
23.6.2013 ရက်နေ့ကမလေးရှားနိုင်ငံ ကလန်းမြို့ ကလန်းပန်းခြံ အနီး permit card ( jalan card ) ပါအထောက်အထားအပြည့်အစုံရြှိ မန်မာအမျိုးသား၃ယောက်ကို မလေးရှားရဲတပ်ဖွဲ့ဝင်များကဖ မ်းဆီးခေါ်ဆောင်စဉ် ။
23.6.2013 ရက်နေ့ကမလေးရှားနိုင်ငံ ကလန်းမြို့ ကလန်းပန်းခြံ အနီး permit card ( jalan card ) ပါအထောက်အထားအပြည့်အစုံရြှိ
အက်ဖ်အီးစီ မနေ့က ဇတ်သိမ်းခန်း တိုင်သွားခဲ့ပြီ
မန်မာနိုင်ငံမှာ
၁၉၉၃ ခုနှစ်ကစပြီး နှစ် ၂ဝ ကြာ အမေရိကန် ဒေါ်လာ အစား သုံးခဲ့တဲ့
အက်ဖ်အီးစီကို အသုံးပြုခွင့် ပေးခဲ့တာဟာ မနေ့က နောက်ဆုံးနေ့ ဖြစ်ပါတယ်။
Friday, June 28, 2013
ပေါက်တောမှာ ရုန်းရင်းဆန်ခတ်မှု အပြီး နောက်ထပ်အလောင်း တစ်လောင်း တွေ့ရှိ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုကြောင့် မွတ်စလင် ဒုက္ခသည်တစ်ဦး သေဆုံးခဲ့ပြီး မနေ့ညနေပိုင်းမှာလည်း နောက်ထပ် အလောင်းတစ်လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကို ပြောပါတယ်။
လစ်လပ်မဲဆန္ဒနယ် ၁၅ နေရာအတွက် ပြန်ရွေးကောက်ဦးမည် မဟုတ်
လစ်လပ်မဲဆန္ဒနယ် ၁၅ ခု အတွက် ကြားဖြတ်ရွေးကောက်ပွဲလုပ်ရန် အောက်လွှတ်တော် အမတ်နှစ်ဦးက ဇွန် ၂၆ ရက်
လွှတ်တော်တွင် တောင်းဆိုသည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ငြင်းပယ်လိုက်သည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်သည့်
အတွက် ကြားဖြတ်ရွေးကောက်ပွဲ လုပ်မပေးနိုင်ခြင်း
ဖြစ်သည်ဟု အကြောင်းပြသည်။
လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ
ပြုလုပ်ပေးရေးကို ပုသိမ်မဲဆန္ဒနယ်မှ အမတ် ဦးဝင်းမြင့်
နှင့် ကလွှတ်တော်တွင် အရေးဆိုခဲ့ခြင်းဖြစ်ပြီး ကြားဖြတ်
ရွေးကောက်ပွဲပြုလုပ်ရန် အချိန်သတ်မှတ်ပေးရေးကို မြေပုံမဲဆန္ဒနယ်မှ လွတ်တော်အမတ် ဦးဖေသန်း က မေးခွန်းထုတ်ပြီး အရေးဆိုခဲ့ကြခြင်း ဖြစ်သည်။

အမေရိကန်-မြန်မာ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မည်
အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးနှင့်
နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာ ကို
ယမန်နေ့က လက်မှတ်ရေးထိုးသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ်နှင့် မြန်မာအစိုးရ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက် မှု ဒု ၀န်ကြီး ဦးဆက်အောင်တို့က ထို နားလည်မှု စာချွန်လွှာအား နေပြည်တော်၌ လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။

မျိုးစောင့်ဥပဒေ အတည်ပြု ပြဌာန်းရန် ဆက်လုပ်မည်
ဇွန်လ ၂၇ ၇က်နေ့က ကျင်းပခဲ့တဲ့ အင်းစိန်မြို့နယ် အောင်ဆန်းတောရ
တပ်ဦးကျောင်းတိုက်က သံဃာတော်အပါး ၁၅၀၀ ကျော် တက်ရောက်ခဲ့သော အမျိုး ဘာသာ
သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ
တွေ့ဆုံညှိနှိုင်းပွဲမှာ မျိုးစောင့်ဥပဒေကို အတည်ပြု
ပြဌာန်းနိုင်ဖို့အပါအ၀င် အချက် ၅ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ထိုထုတ်ပြန်ချက်တွေက အစိုးရနဲ့ သံဃမဟာနာယကတို့ကို အမျိုး ဘာသာ သာသနာရေးကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ကူညီပေးဖို့၊ နိုင်ငံသားများရဲ့ ငြိမ်းချမ်းစွာနေထိုင်ရေးအတွက် ပဋိပက္ခတွေ ထပ်မဖြစ်အောင် ၀ိုင်းဝန်း ဆောင်ရွက်သွားဖို့၊ အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့ ဖွဲ့စည်းခြင်းကို ထောက်ခံအတည်ပြုပြီး မျိုးစောင့်ဥပဒေ ကိုပြဌာန်းနိုင်ဖို့ တိုင်းနဲ့ ပြည်နယ် အသီးသီးက တက်ရောက်လာတဲ့ အစည်းအဝေး တက်လာတဲ့ သံဃာတော်တွေ တညီတညွတ်ထဲ ထောက်ခံအတည်ပြုကြောင်းနဲ့ Time မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း စတဲ့ အချက်တွေ ဖြစ်ပါတယ်။

အဓမ္မ သိမ်းထားသည့် လယ်မြေများထဲမှ ဧက ၂၀ ကို သမ္မတ ယူထား
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ယခင်က အဓမ္မ လယ်မြေသိမ်းမှုများ၌ သမ္မတ
ဦးသိန်းစိန် ကိုယ်တိုင် ပါဝင်နေပြီး တောင်သူလယ်သမားများက
ယင်းလယ်မြေများကို ပြန်လည်ပေးအပ်ရန် တောင်းဆိုထားကြောင်း သိရသည်။
CP Workers’ Woes Highlight Concerns about Big Agriculture in Burma
The billionaire boss of the giant Thai conglomerate Charoen Pokphand
Group (CP), Dhanin Chearavanont, is on record saying he runs his
businesses on Buddhist principles. But Burmese migrant workers employed
in his seafood-processing factories in Thailand might have reason to
question those principles after their experiences at the hands of
exploitative subcontractors CP has, until now, used as go-betweens in
its dealings with non-Thai employees.
Mobile Phone Use Will Be ‘Rapid,’ Telenor License Winner Promises
Mobile Phone Use Will Be ‘Rapid,’ Telenor License Winner Promises
One of the winning bidders for mobile telephone service licenses, Telenor of Norway, has compared the challenge it faces in Burma with its move into Pakistan, where it invested US$2 billion eight years ago.
Pakistan was like Burma then, with very lo

Subscribe to:
Posts (Atom)