Thursday, July 25, 2013


                                ( ပစ္စုပ္ပန်၌ ရှင်သန်ခြင်း)

                               ရှင်သန်ခြင်း လျှို့ဝှက်ချက်(၃)
                                      
                                                                         မောင်ဘုန်းနွယ်(ဂန္ထဝင်ရွှေမြေ)


                                             ဘဝမှာ ဂုဏ်ယူစရာအကောင်းဆုံးဟာ တစ်ခါမှ
                                             မလဲကျဖူးတာ  မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်လဲ
                                             ကျတဲ့အခါတိုင်း ပြန်ထခြင်းဖြစ်ပါတယ်။

                                                                                        နယ်လဆင် မန်ဒေးလား

               လူ့ဘဝတွင် မိမိတို့ဘဝနှင့်ပတ်သက်၍ အနိမ့်,အမြင့်၊အတက်,အကျသဘောသည်ရှိ၏။
ယင်းအနိမ့်,အမြင့်၊အတက်,အကျသဘောသည် နိမ့်လိုက်,မြင့်လိုက်၊တက်လိုက်,ကျလိုက်ဖြင့် လည်
ပတ်လျက်ရှိကြ၏။ဤသဘောကိုပင် ဘဝဟူ၍ဆိုရ၏။တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဖက်ပဋိပက္ခအသွင်
ကိုဆောင်ကြသောကြောင့် လောကဓံဟူ၍လည်း ဆိုရ၏။ထို့ကြောင့် လူ့ဘဝတွင်အမြင့်, အတက်ဟူ
သော အနိုင်ချည်းပဲမရှိနိုင်သလို အနိမ့်,အကျဟူသော အရှုံးချည်းပဲလည်း မရှိနိုင်ပါချေ။  လူ့စိတ် သ
ဘောသည် အလွန်ဆန်းကြယ်၏။လူ့စိတ်သဘောဆန်းကြယ်သောကြောင့် ဘဝသည်လည်းစိတ်နှင့်
ဆက်သွယ်လျက်ရှိနေသည်ဖြစ်၍ ဆန်းကြယ်၏။ထို့ကြောင့်ပင်လူ့စိတ်သဘောနှင့်ပတ်သက်၍သော်
လည်းကောင်း၊လူ့ဘဝနှင့်ပတ်သက်၍သော်လည်းကောင်း နားလည်ရ၊ခန့်မှန်းရခက်ခဲခြင်းဖြစ်၏။ဤ
သို့ အဘိဓမ္မာဒေသနာတော်၌ဆို၏။
               လူသားတို့သည် မိမိတို့၏ဘဝနှင့်ပတ်သက်၍ အမြင့်,အတက်ဟူသော အဆင်ပြေချော
မွေ့ပြီး  အနိုင်ရနေသောအခါ၌၊ မတ်တပ်ရပ်နိုင်သောအခါ၌   အားရကျေနပ်နှစ်သက်ပျော်ရွှင်နေကြ
သော်လည်း အနိမ့်,အကျဟူသော အဆင်မပြေမှုများရှိလာပြီး ရှုံးနိမ့်နေသောအခါ၌ကား  ခြေမကိုင်
မိ၊လက်မကိုင်မိဖြစ်ကာစိတ်ဓါတ်တွေအားပျော့ကျဆင်းလျက်မငြိမ်မသက်ဖြစ်တတ်ကြ၏။အမှန်အား
ဖြင့်  လူ့ဘဝတွင် ဘဝနှင့်ပတ်သက်၍  မရှုံးနိမ့်ဖူးသူ(သို့မဟုတ်) မလဲကျဖူးသူ ဟူ၍ မရှိနိုင်ပါချေ။ထို့
ကြောင့် ရှုံးနိမ့်ခြင်း၊လဲကျခြင်းအတွက် စိတ်အားငယ်ရန်မလိုပေ။ရှုံးနိမ့်တိုင်း၊လဲကျတိုင်း ပြန်၍ အနိုင်
ယူနိုင်ရန်၊ပြန်ထနိုင်ရန် စိတ်ဓါတ်ကိုခိုင်ခိုင်မာမာထား၍  ကြိုးစားအားထုတ်သွားရန်သာ အဓိကဖြစ်ပါ
၏။အရေးကြီးပါ၏။ယင်းသို့ ရှုံးနိမ့်သောအခါတိုင်း၊လဲကျသောအခါတိုင်း ပြန်၍အနိုင်ယူနိုင်ရန်၊ပြန်ထ
နိုင်ရန် စိတ်ဓါတ်ကိုခိုင်ခိုင်မာမာထား၍ ကြိုးစားအားထုတ်သောပုဂ္ဂိုလ်မှသာ ဘဝမှာ ဂုဏ်ယူစရာ အ
ကောင်းဆုံးပုဂ္ဂိုလ်ဖြစ်၏။ဤသို့ နယ်လဆင် မန်ဒေးလားကဆို၏။
             လူတိုင်းတွင် စိတ်ဓါတ်ပိုင်းဆိုင်ရာသည်အရေးကြီး၏။စိတ်ဓါတ်ခိုင်မာလျှင်ဘဝသည်လည်း
ခိုင်မာ၏။ရှင်သန်ကြီးပွားအောင်မြင်မှုကိုရရှိနိုင်၏။စိတ်ဓါတ်ပျော့ညံ့လျှင် ဘဝသည်လည်း ပျောညံ့၏။
ရှင်သန်ကြီးပွားအောင်မြင်မှုကိုမရရှိနိုင်။စိတ်ဓါတ်ဖြူစင်သန့်ရှင်းလျှင် ဘဝသည်လည်း ဖြူစင်သန့်ရှင်း
၏။စိတ်ဓါတ်မဖြူစင်၊မသန့်ရှင့်လျှင် ဘဝသည်လည်း မဖြူစင်၊မသန့်ရှင်း။ညစ်ညွမ်း၏။ဤသို့ ဗုဒ္ဓဒေသ
နာတော်၌ဆို၏။ထို့ကြောင့်ပင် လူတိုင်းတွင် စိတ်ဓါတ်ပိုင်းဆိုင်ရာသည်အရေးကြီးခြင်းဖြစ်၏ဟုဆိုခြင်း
ဖြစ်၏။
            ဗုဒ္ဓဒေသနာတော်အရ သတ္တဝါအပေါင်းကို စိတ်ကချည်းပဲ ဦးစီးဦးဆောင်ပဓာနပြုသည်ဟုဆို
၏။စိတ်ကဦးစီးဦးဆောင်ပဓာနပြုသောကြောင့်ပင် ယင်းစိတ်၏အလိုအတိုင်း၊ယင်းစိတ်၏ ဦးဆောင်ရာ
အတိုင်း စိတ်၏နောက်သို့ သတ္တဝါများအားလုံး လိုက်လုပ်ကြရ၏။စိတ်ကအကောင်းဖက်သို့  ဦးဆောင်
 ခေါ်သွားလျှင် ခန္ဓာကိုယ်ကလည်း  စိတ်၏ဦးဆောင်ခေါ်သွားရာအတိုင်းပင် အကောင်း(ကောင်းမှု)ကို
ပြုလုပ်၏။စိတ်က မကောင်းဖက်သို့ ဦးဆောင်ခေါ်သွားလျှင်  ခန္ဓာကိုယ်ကလည်း  စိတ်၏ဦးဆောင်ခေါ်
သွားရာအတိုင်း မကောင်း(မကောင်းမှု)ကိုပြုလုပ်၏။ဤသို့လျှင် စိတ်သည် သတ္တဝါအပေါင်းကို ဦးစီးဦး
ဆောင်ပြုသည်၊ပဓာနပြုသည်ချည်းဖြစ်၏။ထို့ကြောင့်ပင် မင်္ဂလသုတ်အဋ္ဌကထာ၌ "အတ္တာတိ ဝုစ္စတိ စိ
တ္တံ"ဟူ၍ "ခန္ဓာကိုယ်အတ္တဘောတစ်ခုလုံးကိုစိတ်ဟုဆိုအပ်ကြောင်း "(စိတ်ကဦးဆောင်ကြောင်း) ဖွင့်ပြ
ခြင်းဖြစ်၏။
            လူတိုင်းတွင် မိမိတို့၏ဘဝနှင့်ပတ်သက်၍သော်လည်းကောင်း၊အလုပ်(လုပ်ငန်)နှင့်ပတ်သက်
၍သော်လည်းကောင်းအခက်အခဲအမျိုးမျိုး၊ပြဿနာအမျိုးမျိုးရှိတတ်၏။ယင်းအခက်အခဲအမျိုးမျိုး၊ပြဿ
နာအမျိုးမျိုးတို့ကို  ကျော်လွှားဖြေရှင်းနိုင်ဖို့ရန်အတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာသည် အလွန်အရေးကြီး၏။
စိတ်ဓါတ်ပိုင်းဆိုင်ရာအရခိုင်မာသောစိတ်ဓါတ်၊မိမိကိုယ်ကိုယုံကြည်အားကိုးသောစိတ်ဓါတ်၊မတုန်မလှုပ်
မကြောက်မရွံ့သောစိတ်ဓါတ်၊တည်ငြိမ်သောစိတ်ဓါတ်၊မှန်ကန်တည့်မတ်သော စိတ်ဓါတ်ခွန်အားများကို
မွေးမြူထားရမည်ဖြစ်၏။သို့မှသာ ယင်းအခက်အခဲအမျိုးမျိုး၊ပြဿနာအမျိုးမျိုးကို ကျော်လွှားဖြေရှင်းနိုင်
ပေလိမ့်မည်။ဖော်ပြပါ စိတ်ဓါတ်ခွန်အားများကို မွေးမြူမထားနိုင်လျှင်တော့ ယင်းအခက်အခဲအမျိုးမျိုး၊ပြ
ဿနာအမျိုးမျိုးတို့ကို ကျော်လွှားဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပေ။
             ဤနေရာတွင် စိတ်ဓါတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ မစ္စတာ နယ်လဆင် မန်ဒေးလား၏ စိတ်
ဓါတ်သည် ကျွန်ုပ်တို့အတွက်  လွန်စွာဂုဏ်ယူလေးစားဖွယ်ကောင်းပါ၏။ ဂုဏ်ယူလေးစားဖွယ်ကောင်း
သလောက် အတုယူလိုက်နာကျင့်သုံးဖွယ်လည်း ကောင်းပါ၏။ မစ္စတာ နယ်လဆင် မန်ဒေးလားသည်
စိတ်ဓါတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ မည်မျှစိတ်ဓါတ်ခိုင်မာသည်၊မည်မျှ မိမိကိုယ်ကို ယုံကြည်အားကိုး
သော စိတ်ဓါတ်ရှိသည်၊မည်မျှ မတုန်မလှုပ်မကြောက်မရွံ့သောစိတ်ဓါတ်ရှိသည်၊မည်မျှတည်ငြိမ်သော
စိတ်ဓါတ်ရှိသည်၊မည်မျှ  မှန်ကန်တည့်မတ်သောစိတ်ဓါတ်ရှိသည်ကိုအောက်ပါအတိုင်း လေ့လာအကဲ
ခတ်ကြည့်ရှုနိုင်ပါ၏။
            မစ္စတာ နယ်လဆင် မန်ဒေးလား ဟူသည် လူမျိုးပေါင်းစုံရှိသော တောင်အာဖရိကနိုင်ငံ၏ လူ
ဖြူ,လူမဲ ခွဲခြားရေးဝါဒကိုတော်လှန်တိုက်ဖျက်၍ သူ့၏နိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲပေးခဲ့သူ
အဖြစ်လည်းကောင်း၊တောင်အာဖရိကနိုင်ငံ၏ ပထမဆုံးလူမဲ(မည်း)သမ္မတဖြစ်လာသူအဖြစ်လည်းကောင်း၊
အိပ်ခ်ျအိုင်ဗွီ၊အေအိုင်ဒီအက်စ်ရောဂါဆန့်ကျင်တိုက်ဖျက်ရေး၌ ခေါင်းဆောင်အဖြစ်ပါဝင်ဆောင်ရွက်ခဲ့သူအ
ဖြစ်လည်းကောင်း၊မိမိ၏အတတ်ပညာနှင့် လွတ်လပ်သော ခေါင်းဆောင်နိုင်မှုတို့ကိုအသုံးချ၍ ကမ္ဘာကြီး၏
အခက်ခဲဆုံးပြဿနာများကို ဖြေရှင်းပေးနိုင်ရန်အတွက် သက်ကြီးရွယ်အိုများအဖွဲ့(The Elolers)ကို တည်
ထောင်ခဲ့သူအဖြစ်လည်းကောင်း၊ကမ္ဘာငြိမ်းချမ်းရေး ဗိသုကာအဖြစ်လည်းကောင်း ထင်ရှားကျော်ကြား လူ
သိများသော ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးပင်ဖြစ်၏။
                                                             ဆက်ရန်-------


               
             

0 comments:

Post a Comment