Friday, July 26, 2013


                      ရှင်သန်ခြင်း လျှို့ဝှက်ချက်(၃)
        
              အဆက်------
         
       မစ္စတာ နယ်လဆင် မန်ဒဲလားသည် နိုင်ငံရေးလောက၊လူ့မှုရေးလောကများကို သယ်ပိုးဆောင်ရွက်
၍ ကမ္ဘာကျော်ပုဂ္ဂိုလ်အဖြစ်ထင်ရှားကျော်ကြားသော်လည်း အာဏာရှိအသိုင်းအဝိုင်းသူဌေးသူကြွယ်အသိုင်း
အဝိုင်းမှ ဆင်းသက်မွေးဖွားလာခဲ့သည်မဟုတ်ပါချေ။၁၉၁၈-ခုနှစ်၊ဇူလိုင်လ(၁၈)ရက်နေ့တွင် လူမဲတို့၏ မွေး
ရပ်မြေဇာတိဖြစ်သော တောင်အာဖရိကနိုင်ငံ၊ထရန်စကီမြို့တွင် သာမန်ဆင်းရဲသားလယ်သမားလူတန်းစား
အသိုင်းအဝိုင်းမှ ဆင်းသက်မွေးဖွားလာခဲ့သူသာဖြစ်၏။နွားကျောင်းခြင်းအလုပ်၊အိမ်အလုပ်များကိုပင်ပင်ပန်း
ပန်း၊ခက်ခက်ခဲခဲလုပ်ကိုင်ရင်းဖြင့် ဆင်းဆင်းရဲရဲဖြင့်သာ ဘဝကိုဖြတ်သန်းလာခဲ့ရသူဖြစ်၏။ သို့ရာတွင်မန်ဒဲ
လားသည် ပစ္စုပ္ပန်၌ သူ့၏ဘဝရှင်သန်ကြီးပွားအောင်မြင်ရေးအတွက် ခိုင်မာသောစိတ်ဓါတ်၊မိမိကိုယ်ကို ယုံ
ကြည်အားကိုးသောစိတ်ဓါတ်၊မှန်ကန်တည့်မတ်သမာသမတ်ကျသောစိတ်ဓါတ်စသည့်စိတ်ဓါတ်ခွန်အားများ
အပြည့်ရှိသူပင်ဖြစ်၏။ ယင်းစိတ်ဓါတ်ခွန်အားများဖြင့်   ကြိုးစားအားထုတ်မှုကြောင့်ပင်လျှင်  သူ့၏ဘဝတွင်
ရှင်သန်ကြီးပွားအောင်မြင်မှုများကိုဆက်တိုက်ရရှိခဲ့ခြင်းဖြစ်လေ၏။
       မန်ဒဲလားသည် ငွေကြေးဆင်းရဲသော်လည်း ပညာရေးကိုလိုလားသူတစ်ယောက်ဖြစ်၍ ဖော့(တဲ)ဟဲ
(ရဲ)Fort Have)သာသနာပြုကောလိပ်ကျောင်းနှင့်  ဝိဝပ်တား(စ်)ရန်(ဒ်) (University of wit watersrand)
တို့တွင် ခက်ခက်ခဲခဲ ရုန်းကန်လှုပှ်ရှား၍ တက်ရောက်ပညာသင်ကြားခဲ့သောကြောင့်ဥပဒေအထူးပြုဘာသာ
ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့၏။သူပညာသင်ယူဆည်းပူးနေသောအချိန် တောင်အာဖရိကနိုင်ငံတွင် လူဖြူလူ
မဲခွဲခြားရေးဝါဒသည်အကြီးအကျယ်လွှမ်းမိုးလျက်ရှိ၏။ယင်းလူဖြူလူမဲခွဲခြားရေးဝါဒအပေါ်မကျေနပ်ကြသော
ကျောင်းသားကျောင်းသူများ၏ ဆန္ဒပြရာတွင် ပါဝင်ခဲ့သည်မှစ၍ မိမိ၏ကိုယ်ပိုင်လွတ်မြောက်ရေးနှင့် အမျိုး
သားလွတ်မြောက်ရေးအတွက်  သူ့၏ ခိုင်မာသောစိတ်ဓါတ်၊ ရဲရင့်ပြတ်သားသောစိတ်ဓါတ်၊ မတုန်မလှုပ်မ
ကြောက်မရွံ့သောစိတ်ဓါတ်များဖြင့် လှုံ့ဆော်တိုက်တွန်း၍ နိုင်ငံရေးခရီးကို စတင်ကြိုးပမ်းလျှောက်လှမ်းခဲ့
လေ၏။ထို့ကြောင့်ပင် သူသည် တောင်အာဖရိက အမျိုးသားကွန်ကရက် African National Congress(A
NC)၌ မကြာမီ ဒုတိယဥက္ကဋ္ဌဖြစ်လာသည်။သို့ရာတွင် မကြာမီပင် မန်ဒေးလားအား တောင်အာဖရိကအစိုး
ရမှ တိုင်းပြည်နိုင်ငံအပေါ်သစ္စာဖောက်မှုကြီးဖြင့် စွပ်စွဲ၍ တရားရုံးမှ ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့လေသည်။
သို့သော်လည်း သူ့၏ခိုင်မာသော သံမဏိစိတ်ဓါတ်များကတော့ အရည်ပျော်မကျသွားပေ။ ထို့ကြောင့်ပင်
သူသည်  ထောင်မှလွတ်လျှင်လွတ်ချင်း  သူ့၏ဆုံးဖြတ်ချက်မဟာသန္နိဋ္ဌာန်အကောင်အထည်ဖော်နိုင်ရန်
(ANC)လုပ်ငန်းများတွင် ဆက်လက်ဆောင်ရွက်ကြိုးပမ်းခဲ့လေ၏။မန်ဒဲလားအတွက် ပထမဆုံး လဲကျခြင်း
မှ ပြန်ထခြင်းပင်ဖြစ်၏။
        ၁၉၆၀-ပြည့်နှစ်၊မတ်လတွင် တောင်အာဖရိကရဲများက လူဖြူလူမဲခွဲခြားရေးဝါဒကို ဆန့်ကျင်ကြသော
လူမဲ(မည်း)(၉၆)ယောက်တို့အား ဖမ်းဆီးချုပ်နှောင်၍  ရှပ်ဖဲဘီးလ်(shar peville)တွင် သတ်ဖြတ်လိုက်ကြ
ပြီးနောက် တောင်အာဖရိကအစိုးရကတိုင်းပြည်တွင် အရေးပေါ်အခြေအနေတစ်ရပ်ထုတ်ပြန်ကာမန်ဒဲလား
တို့၏(ANC)အဖွဲ့ကို ပိတ်လိုက်ကြတော့၏။ထိုအခါ မန်ဒဲလားတို့၏ (ANC)အဖွဲ့အနေဖြင့် မျှော်လင့်ချက်များ
ပျောက်ကွယ်သွားသယောင်ယောင်ဖြစ်ခဲ့ကြရ၏။သို့ရာတွင် မန်ဒဲလားနှင့် သူ့၏(ANC)အဖွဲ့သားများသည်
စိတ်ဓါတ်ပျော့ညံ့သူများမဟုတ်ကြ။သည်အတိုင်းလက်မြှောက်အရှုံးပေး၍ အညံ့ခံလိုသူများမဟုတ်ကြ။ထို့
ကြောင့်ပင် သူတို့၏(ANC)အဖွဲ့သားများကို ပြန်လည်စုစည်းကာ အကြမ်းဖက်နည်းကိုကျင့်သုံးရန်(ANC)
အဖွဲ့ကိုပြန်လည်ဖွဲ့စည်းကြလေသည်။ယင်းအဖွဲ့၌ပင်မန်ဒဲလားသည်အများ၏ထောက်ခံချက်အရဗိုလ်ချုပ်
ကြီးဖြစ်လာခဲ့လေသည်။မန်ဒဲလားသည်ဗိုလ်ချုပ်ကြီးဖြစ်လာပြီးနောက် ANCအတွက် ပြည်ပ၌စစ်သင်တန်း
တက်ခွင့်ရရေးနှင့် အထောက်အပံ့ရရှိရေးအတွက်နိုင်ငံခြားသို့ထွက်ခွါ၍ မဆုတ်မနစ်ကြိုးပမ်းအားထုတ်ခဲ့
၏။သို့ရာတွင် နိုင်ငံခြားမှအပြန် မန်ဒဲလားအား တောင်အာဖရိကအစိုးရကဖမ်းဆီး၍ ထောင်ငါးနှစ်ကျခံစေ
ရန်အမိန့်ချမှတ်သောကြောင့် နောက်ထပ်ထောင်နန်းစံပြန်လေသည်။ဤသည်မှာ မန်ဒဲလား၏ ဒုတိယအ
ကြိမ်မြောက် ပြန်လဲကျသွားခြင်းပင်ဖြစ်၏။သို့ရာတွင် မန်ဒဲလားသည် သူ့၏ဘဝကိုလဲကျခြင်းဖြင့်(သို့မဟု
တ်)ရှုံးနိမ်းခြင်းဖြင့်အဆုံးသတ်လိုသူမဟုတ်။ပြန်ထခြင်း(သို့မဟုတ်)အနိုင်ယူခြင်းဖြင့်သာ  အဆုံးသတ်လို
သူဖြစ်၏။ထို့ကြောင့်ပင် ထောင်မှလွတ်လာပြီးနောက် ၁၉၆၃-ခုနှစ်တွင် ANC-ခေါင်းဆောင်များနှင့် တိုင်ပင်
ညှိနှိုင်းကာ အစိုးရဖြုတ်ချရန်ကြိုးပမ်းအားထုတ်ခဲ့ကြလေ၏။ယင်းအကြောင်းကိုသိသွားသော တောင်အာ
ဖရိကအစိုးရသည်မန်ဒဲလားအားဖမ်းဆီးကာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်တော့သည်။မန်
ဒဲလားသည် ထောင်ထဲတွင် နှစ်ပေါင်းနှဆယ်ကျော်အကျဉ်းကျခံရပြီးနောက် တောင်အာဖရိကအစိုရအား
ပြည်တွင်းမှဖိအားပေးမှုကြောင့်လည်းကောင်း၊ပြည်ပနိုင်ငံများမှဖိအားပေးမှုကြောင့်လည်းကောင်း၁၉၉၀-
ပြည့်နှစ်၊ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ရလေ၏။ANC-အဖွဲ့ကိုလည်း ပြန်လည်ဖွင့်လှစ်ပေး
ခဲ့ရလေ၏။ANC-ကို ပြန်လည်ဖွင့်လှစ်ပေးသည်နှင့်တပြိုင်နက် မန်ဒဲလားသည် အဖွဲ့သားများနှင့် ပြန်လည်
ပေါင်းစည်းကာ စတင်လှုပ်ရှားလေတော့၏။ထိုအခါမှစ၍ မန်ဒဲလားသည် ယင်းANC-အဖွဲ့တွင် ပြန်လည်
ခေါင်းဆောင်တစ်ဦးဖြစ်လာလေတော့သည်။ဤသို့လျှင် မန်ဒဲလား၏ ခိုင်မာသောစိတ်ဓါတ်၊မလျော့သော
ဇွဲလုံလ၊ရဲရင့်ပြတ်သားသောစိတ်ဓါတ်၊လူသားအချင်းချင်းတန်းတူအခွင့်အရေး ရရှိရေးတို့အတွက် သမာ
သမတ်ကျသော၊မြင့်မြတ်သောစိတ်ဓါတ်တို့ကို လက်ခံကြိုဆိုဂုဏ်ပြုသောအားဖြင့်နိုဘယ်လ်ငြိမ်းချမ်းရေး
ဆု ရွေးချယ်ရေးအဖွဲ့က ၁၉၉၃-ခုနှစ်တွင် မစ္စတာ မန်ဒဲလားအား နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပေးအပ်ချီး
မြှင့်ခဲ့ကြလေသည်။
         ၁၉၉၄-ခုနှစ်တွင် မန်ဒဲလားသည် တောင်အာဖရိကနိုင်ငံ၌ ပထမဆုံးလူမျိုးပေါင်းစုံ ရွေးကောက်ပွဲ
ကျင်းပရာဝယ် ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိသောကြောင့် တောင်အာဖရိကနိုင်ငံ၏ ပထမဆုံးလူမဲ သ
မ္မတဖြစ်လာခဲ့လေ၏။လူ့လောကတွင် လူသားတို့ ကြိုတင်၍မမြင်နိုင်,မသိနိုင်,မခန့်မှန်းနိုင်သော ကံကြမ္မာ
၏ အလှည့်အပြောင်းတို့သည် အမှန်တကယ် အဆန်းတကြယ်ပင်ရှိတတ်ကြပါ၏။ထို့ကြောင့်ပင်  ဗုဒ္ဓဒေ
သနာတော်၌ "ကမ္မဝိပါကော အစိန္တေယျော" "ကံကြမ္မာ၏အဆိုးအကောင်းအကျိုးတရားတို့ကိုမကြံစည်
အပ်"ဟောတော်မူခဲ့ခြင်းဖြစ်ပါ၏။မစ္စတာ မန်ဒဲလား၏ စတင်ဖြတ်သန်းခဲ့ရသောဘဝကိုကြည့်လျှင် မည်
သူကမျှ သမ္မတဖြစ်လာလိမ့်မည်ဟု ထင်မြင်ကြလိမ့်မည်မဟုတ်ပေ။သို့ရာတွင်သူ့၏ ခိုင်မာသောစိတ်ဓါ
တ်စသည့်စိတ်ဓါတ်ခွန်အားများဖြင့် သူလုပ်ဆောင်ခဲ့သော အလုပ်(ကံတရား)သည် သူ့အား သမ္မတဖြစ်
လာသည်အထိ မြှင့်တင်ပေးခဲ့လေသည်။ပစ္စုပ္ပန်၌ အသိဥာဏ်ပညာ,ဝီရိယစသော အကြောင်းတရားများ
နှင့် ပြည့်စုံညီညွတ်အောင် ကြိုးပမ်းအားထုတ်မှုကြောင့် သူ့၏ဘဝရှင်သန်ကြီးပွားအောင်မြင်ခဲ့ခြင်းဖြစ်လေ
သည်။
                                                                       ဆက်ရန်----------

  

0 comments:

Post a Comment