Monday, July 8, 2013

အီဂျစ်နိုင်ငံတွင် ယနေ့ (ဇူလိုင် ၈ ရက်၊ တနင်္လာ) တွင် ဖြစ်ပွားသော တိုက်ခိုက်မှု အဓိကရုဏ်းများကြောင့် လူ ၄၂ ဦး သေဆုံးကြောင်း

အီဂျစ်တွင် စစ်တပ်က အာဏာသိမ်းကာ သမ္မတ မိုဟာမက် မော် စီအား ဖြုတ်ချလိုက်ပြီးနောက် စစ်တပ်နှင့် မော်စီ ထောက်ခံသူများ ထိပ်တိုက်တွေ့ကြသည့်အပြင် မော်စီ ဆန့်ကျင်သူ များနှင့် ထောက် ခံသူများကြား အပြန်အလှန် တိုက်ခိုက်မှုများလည်း ပေါ်ပေါက်လျက်
ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ် သောကြောနေ့ (ဇူလိုင် ၅ ရက်) ကလည်း အဓိကရုဏ်းနှင့် တိုက်ခိုက်မှုများကြောင့် အီဂျစ်တွင် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ပြီးဖြစ်သည်။ လက်ရှိအချိန်အထိ အီဂျစ်တွင် ဖြစ်ပွားနေသော အဓိကရုဏ်းများ၊ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၇၅ ဦးအထိ ရှိနိုင်ကြောင်း သတင်းများကဆိုသည်။



Planet Myanmar Network

0 comments:

Post a Comment