မဇ္ဈိမသတင်းဌာန
|
သောကြာနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၄၅ မိနစ်
၂၀၁၀ ရွေးကောက်ပွဲပြီးနောက် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရက ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်း
မည်ဟု
မြန်မာနိုင်ငံသူ၊ နိုင်ငံသားများသာမက နိုင်ငံတကာသို့ပါ အသိပေးကြေညာပြီး
ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်နှစ်
ကျော်ခဲ့ပေပြီ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် မဏ္ဍိုင်သုံးရပ်
မှ ဥပဒေပြုမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်သည် နိုင်ငံ၏ဥပဒေများကို ပြဋ္ဌာန်း၊ ပြင်ဆင်၊ ဖျက်သိမ်းစသဖြင့် လုပ်ဆောင်ရ
မည့်တာဝန်လည်း ရှိပေသည်။
ပြည်ထောင်စုအဆင့်
လွှတ်တော်သုံးရပ်ရှိပြီး လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များက
နိုင်ငံအတွက် လိုအပ်သည့် ဥပဒေများကို ပြဋ္ဌာန်းပေးခြင်း၊ စနစ်နှင့်
မကိုက်ညီတော့သည့် ဥပဒေများကို ပြင်ဆင်ခြင်း သို့မဟုတ်
ဖျက်သိမ်းခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်ကိုလည်း ကြားသိနေရပါသည်။
ယနေ့ အသွင်ကူးပြောင်းရေးကာလတွင် လွှတ်တော်၏ ဆောင်ပုဒ်မှာလည်း ပြည်သူ့အသံ လွှတ်တော်အသံ
ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဟု ဆိုပေရာ ပြည်သူလူထု၏ ခံစားချက်များ၊ လိုလားချက်များနှင့် လူထု၏အသံကို
နားစွင့်ကာ
လုပ်ဆောင်လျက်ရှိသည်ဟု နားလည်ထားပါသည်။ သို့ဖြစ်၍
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဥပဒေများ ပြဋ္ဌာန်းရာတွင် ပြည်သူလူထု
အကျိုးစီးပွားကို ပထမဦးဆုံး ကြည့်ရှုကြရမည် ဖြစ်ပါသည်။
လွှတ်တော်က
ဆွေးနွေးအတည်ပြုသည့် အချို့သောကိစ္စရပ်များတွင် ပြည်သူလူထု Stake Holder
ဟုခေါ်သည့် အကျိုးသက်ဆိုင်သူများ၏အသံကို သတိမမူမိသည့်အဖြစ်များ
ယခုသီတင်းပတ်ပိုင်းတွင် ကြားသိလာရပါသည်။
မကြာသေးမီ သီတင်းပတ်ပိုင်းက လွှတ်တော်တစ်ရပ်က အတည်ပြုလိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း
ဥပဒေကြမ်းကိစ္စပင်
ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် စာနယ်ဇင်းနယ်ပယ်မှ
အဖွဲ့အစည်းများနှင့် ယင်းလောကသားများ သဘောတူညီမှုရရှိပြီး ဖြစ်သည်ဟု
ယူဆသဖြင့် အတည်ပြုပေးလိုက်ကြောင်း နောက်ပိုင်း
ရေးသားဖော်ပြမှုများအရ သိရှိရသည်။
ယင်းဖြစ်ရပ်သည် မဖြစ်သင့်မဖြစ်ထိုက်သည့် ဖြစ်ရပ်တစ်ခုဖြစ်သည်ဟု ထင်မြင်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်
များ
အနေဖြင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် သိရှိနှံ့စပ်ရန် လိုအပ်လှပါသည်။
တစ်ဦးတစ်ယောက်တည်းက နယ်ပယ်အားလုံး မကျွမ်းကျင်နိုင် မသိရှိနိုင်သည်မှာ
သဘာဝဖြစ်သော်လည်း အာဏာရပါတီကြီး သို့မဟုတ် အခြားအတိုက်အခံ ပါတီကြီးများရှိ
ကိုယ်စားလှယ်များအနေဖြင့်လည်း သက်ဆိုင်ရာ နယ်ပယ်အလိုက် လေ့လာ
စောင့်ကြည့်ဖို့ သတ်မှတ်ခွဲဝေထားဖို့ လိုအပ်လှပေသည်။
သို့မှသာ
လူထု၊ သက်ဆိုင်ရာ နယ်ပယ်သားများ၏ ခံစားချက်များ၊ လိုလားချက်များကို
အမြဲတစေ မျက်ခြည်မပြတ် သိရှိနိုင်မည့် အခြေအနေလည်းဖြစ်ပေမည်။
ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာ အကြောင်းအရာကို
လည်း လေ့လာတီးခေါက်မိရန် လိုအပ်လှသကဲ့သို့ အပေါ်ပိုင်းတွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များအပြင်
အောက်ခြေတွင်ဖြစ်ပျက်နေသည်တို့ကိုပါ မျက်ခြည်မပြတ်ဖို့လည်း လိုအပ်ပေသည်။
ပြီးခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း လွှတ်တော်အပေါ် လူထု၏ယုံကြည်မှု၊ အားကိုးမှု သိသာစွာတိုးတက်လာသည်
ကို
တွေ့ရပါသည်။ ဒီနေ့ခေတ် လွှတ်တော်သည် ၁၉၇၀၊ ၈၀ ခုနှစ် များအတွင်း
လွှတ်တော်နှင့်မတူဘဲ အမှန်တကယ် ဥပဒေပြုနိုင်သည့် အာဏာရှိခြင်း၊
တစ်ပါတီစနစ်မဟုတ်ဘဲ ပါတီအသီးသီးမှ ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလများပါ
ပါဝင်ကာ အပြန်အလှန် ထိန်းညှိမှုရှိခြင်း၊ အုပ်ချုပ်မှုအာဏာနှင့်
သီးခြားစီလွတ်လပ်မှုရှိခြင်း အစရှိသည့် လက္ခဏာရပ်
များကြောင့် လွှတ်တော်အပေါ် လူထုယုံကြည် ကိုးစားမှုကို ရရှိစေခဲ့သည်ဟု ထင်မြင်ပါသည်။
ထို့ကြောင့် အထက်ပါလက္ခဏာရပ်များအပြင် လူထု၏ အသံကိုအမြဲနားစွင့်ခြင်း၊ စောင့်ကြည့်နေခြင်း၊ နားလည်ခြင်း
နှင့် စွမ်းဆောင်ရည်ပါ ထက်မြက်သည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်၍ ပြည်သူ့အသံကို အမြဲနားထောင်ကာ ပြည်သူ့
အသံနှင့် လွှတ်တော်အသံ တစ်ထပ်တည်းဖြစ်ရေး လုပ်ဆောင်နိုင်ရန် လိုအပ်ပါလိမ့်မည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment