Wednesday, July 24, 2013

ရဲတပ်ဖွဲ့ဝတ်စုံဖြင့် အယောင်ဆောင်သွားလာသူတစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၂၄

၂၂-၇-၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၉)၊ ဘူတာလမ်းပေါ်တွင် လားရှိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ လှည့်ကင်း ဆောင်ရွက်နေစဉ် ဒုရဲအုပ် အဆင့်တံဆိပ်ပါ ရဲတပ်ဖွဲ့ဝတ်စုံဖြင့် သွားလာနေသူ တစ်ဦးအား မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ လားရှိုးမြို့၊ ရပ်ကွက်(၉)၊ နယ်မြေ(၅)နေ ရဲမြင့်ဦး(ခ)ကရီမွန်လာ(၂၀)နှစ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် လားရှိုးနယ်မြေရဲစခန်း(ပ)၈၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment