*ကံဟုမူလ၊သမ္ဓုဒ္ဓတို့
ဟောပြသည်မှာ၊အရင်းသာရှင့်
ဥစ္စာ,ဘောဂ၊ဇီဝိတနှင့်
သုခပွားရန်၊ဤလူ့ဌာန်၌
ဥာဏ်,ဝီရိယ၊ပယောဂတည့်။
*လုံ့လမထူ၊ဥာဏ်မကူဘဲ
အယူတစ်ချောင်း၊ကံတစ်ကြောင်းမျှ
မကောင်းလည်းကံ၊ကောင်းလည်းကံဟု
ကံကိုချည်းသာ၊မကိုးရာဘူး
ပညာဥာဏ်ဖြင့်၊သင့်မသင့်ကို
အခွင့်ရှာ၍၊အပြုလုံ့လ
ရှိအပ်စွတည်း။
*တံငါလက်တွင်း၊ရောက်လျင်းတုံငြား
သုံးကောင်ငါးကို၊မှတ်သားဝမ်းထဲ
နည်းယူစွဲလော၊ကံမွဲ ဥာဏ်နုံ့
မလုံ့မလ၊နတ်မမဘူး
အလသမျိုး၊အကျိုးယွင်းယို
အလိုလျော့ရဲ၊မကျောကျဲလင့်........။ ။
(မဃဒေဝ-၂၄၅)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment