Monday, July 15, 2013
၂၀၁၃-ခုနှစ်၊ဓမ္မာစရိယစာမေးပွဲ အောင်စာရင်းထုတ်ပြန်
နေပြည်တော် ဇူလိုင် ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊သာသနာရေးဝန်ကြီးဌာန၊
သာသနာရေးဦးစီးဌာနက၂၀၁၃-ခုနှစ်အတွက်ကျင်းပပြီးစီးခဲ့သော ဓမ္မာစရိယ
စာမေးပွဲတွင် ဖြေဆိုခဲ့ကြသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလ
ရှင်များအနက် သုံးကျမ်းအောင် ၅၂၆ ပါး၊နှစ်ကျမ်းအောင် ၉၉၉ ပါး၊တစ်ကျမ်း
အောင် ၁၅၃၇ ပါး၊မြန်မာဂုဏ်ထူး ခုနစ်ပါး အောင်မြင်တော်မူကြသည်။
သုံးကျမ်းအောင် ၅၂၆ ပါးတို့တွင် ပထမ၊ဒုတိယ၊တတိယ ရရှိအောင်မြင်
ကြသောပုဂ္ဂိုလ်များမှာ-
ပထမ ခုံအမှတ်(ကရ/၃၃၉၁) ဦးဓမ္မဓဇ၊ အလိုတော်ပြည့်
(အဂ္ဂမဟာအကျော်) ဓမ္မာစရိယတက္ကသိုလ်၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ရန်ကုန်
တိုင်းဒေသကြီး။
ဒုတိယ ခုံအမှတ်(ကရ/၃၃၃၇) ဦးခန္တီ၊ အလိုတော်ပြည့်
ဓမ္မာစရိယတက္ကသိုလ်၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ရန်ကုန်
တိုင်းဒေသကြီး။
တတိယ ခုံအမှတ်(ဍ/၄၉၅) ဦးဥာဏာစာရ၊ဝိသုဒ္ဓိဝါဆိုကျောင်း၊
စစ်ကိုင်းမြို့၊စစ်ကိုင်းတိုင်းဒေသကြီးတို့ဖြစ်ကြသည်။
၂၀၁၃ ခုနှစ်အတွက် ဓမ္မာစရိယစာမေးပွဲ အောင်စာရင်းများကို တိုင်းဒေသ
ကြီး/ပြည်နယ်သံဃနာယကအဖွဲ့များ၊တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူး
ရုံးများ၊ သက်ဆိုင်ရာစာဖြေဌာနရှိ မြို့နယ်သံဃနာယကအဖွဲ့ရုံးများနှင့် မြို့နယ်
သာသနာရေးမှုးရုံးများတွင် ကြည့်ရှုနိုင်ကြောင်းသာသနာရေးဦးစီးဌာနမှသတင်း
ရရှိသည်။
(သတင်းစဉ်)
(ဇူလိုင်လ ၁၅-ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ)
မောင်ဘုန်းနွယ်(ဂန္ထဝင်ရွှေမြေ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment