Saturday, July 27, 2013

ထားဝယ်- ရေးကားလမ်းတွင် ခရီးသည်တင်ယာဉ်နှစ်စီး မျက်နှာချင်း ဆိုင်တိုက်မိ

ထားဝယ်-ဇူလိုင်၂၇

ဇူလိုင်၂၆ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စု လမ်းမကြီး၏ အစိတ်အပိုင်း ဖြစ်သော ထားဝယ်-ရေးကားလမ်းပိုင်း ကလိန်အောင်မြို့နယ်ခွဲ အလွန်တွင် ရန်ကုန်မှ ထားဝယ်သို့ မောင်းနှင်လာသော ရွှေလီရတနာ မှန်လုံ အမြန်ယာဉ်နှင့် ထားဝယ်မှ ရန်ကုန်သို့ မောင်းနှင်လာသော အောင်ရတနာမှန်လုံယာဉ် တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ရွှေလီရတနာမှ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးပြီး၊ ယာဉ်နှစ်စီးပေါ်ပါ ခရီးသည် ၁၆ ဦးဒဏ်ရာရရှိခဲ့ကြသည်။ ဒဏ်ရာရရှိသူများအနက် ထားဝယ်ဆေးရုံကြီးတွင် အတွင်း လူနာအဖြစ် ၇ ဦးဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

သတင်း - ဖိုးဇော်(ထားဝယ်)
ဓာတ်ပုံ - Credit to Kyaw Soelatt

Popular Myanmar News Journal

0 comments:

Post a Comment