Friday, July 19, 2013



                             ရှင်သန်ခြင်း လျှို့ဝှက်ချက်(၂)

                  အဆက်--
         
              ဤသို့ ဖော်ပြပါ ဝီရိယ၏ပြည့်စုံရမည့်အဆင့်ငါးဆင့်နှင့် ညီညွတ်ပြည့်စုံ၍ ကြိုးစားအားထုတ်လျှင်
"ဝီရိဝတော ကိံနာမ ကမ္မံ သမိဇ္ဈတိ"ဟူသောဒေသနာတော်အရ မပြီးစီးမအောင်မြင်သောအလုပ်မည်သည်
မရှိတော့ပေ။လုပ်ငန်းဟူသမျှ အားလုံးပြီးစီးအောင်မြင်ရတော့သည်သာ။ဤသို့ ဗုဒ္ဓကညွှန်ပြတော်မူ၏။ဤစ
ကားကိုထင်ရှားစေရန် ဗုဒ္ဓစာပေမှ သမားတော်ကြီးဇီဝက၏  အကြောင်းအတ္ထုပ္ပတ္တိကို  ထင်ဟပ်၍ အကျဉ်း
ချူပ်တင်ပြချင်ပါ၏။သမားတော်ကြီး(ဆေးဆရာ)ဇီဝကဟူသည်လွန်ခဲ့သောနှစ်ပေါင်းငါးရာကျော်က ဗုဒ္ဓသာ
သနာ့သမိုင်းတွင်လည်းကောင်း၊ဆေးပညာသမိုင်းတွင်လည်းကောင်း ဂန္ထဝင်မြောက်သမိုင်းဝင်ထင်ရှားလူသိ
များခဲ့သောပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ယင်းသို့သမိုင်းဝင်ထင်ရှားလူသိများခဲ့သော်လည်း သူ့၏ဘဝသည်ကား အစ
ကောင်းသောဘဝမဖြစ်ခဲ့ပေ။စိတ်အားငယ်ဖွယ်ရာ၊စိတ်ပျက်ဖွယ်ရာတို့ဖြင့်သာ  ဘဝကိုစတင်ခဲ့ရသူဖြစ်၏။
သူ၏မိခင်မှာ ရာဇဂြိုဟ်မြို့မှမင်းညီမင်းသား သဌေး သူကြွယ်စသော ယောက်ျားတကာတို့နှင့်အခကြေးငွေ
တို့ဖြင့် ပျော်ပါးအသုံးတော်ခံနေသော ပြည့်တန်ဆာမအမျိုးသမီးတစ်ဦးသာဖြစ်၏။သူမ၏အမည်မှာ သာမာ
ဟူ၍ဖြစ်၏။"ယောက်ျားသားရလျှင် စွန့်ပစ်မည်၊သမီးမိန်းကလေးမွေးဖွားလျှင် မွေးစားမည်"ဟူသော သူမ၏
မဟာသန္နိဋ္ဌာန်စီမံကိန်းအရ အဘယမင်းသားကိုစွဲ၍ ဦးစွာမွေးဖွားလာသော သားယောက်ျားကလေး ဇီဝက
အား ရာဇဂြိုဟ်မြို့စွန် အမှိုက်ပုံတစ်နေရာတွင် စွန့်ပစ်စေခဲ့၏။"မာတာ ယထာ နိယံ ပုတ္တ၊မာယုသာ ဧကပု
တ္တမနုရက္ခေ"ဟူသော  မေတ္တသုတ်ဒေသနာတော်အရ "မိခင်သည်  မိမိရင်၌ဖြစ်သော  တစ်ဦးတည်းသော
သားကို မိမိ၏အသက်နှင့်လဲ၍ကာကွယ်စောင့်ရှောက်တတ်၏"ဟူ၍မိခင်၏မေတ္တာကြီးမားပုံကို ဖော်ပြထား
သည်ကိုတွေ့ရ၏။သို့ရာတွင် ယင်းကဲ့သို့စာရင်းထဲတွင်ဇီဝက၏မိခင် မပါဝင်။သူမ၏ဘဝတွင် သူ့သားထက်
သူ့၏ လုပ်ငန်းအောင်မြင်ရေးသည်သာ အရေးကြီး၏။ပဓာနကျ၏။ဤသို့ ဇီဝက၏မိခင်က ခံယူထားပုံရ၏။
ထို့ကြောင့်ပင် သူ့၏သားအရင်းကို စွန့်ပစ်နိုင်ခဲ့ခြင်းဖြစ်၏။အမှန်အားဖြင့် ဇီဝက၏မိခင်သည် အလွန်တရာမှ
ရက်စက်လွန်းသော မိခင်မပီသသော မိခင်ပေတကား။
             ကံတရားအားလျော်စွာ အဘယမင်းသာတွေ့မြင်၍ ကောက်ယူမွေးစားမှုကြောင့်သာ သူ့၏ဘဝ
အသက်ရှင်ကြီးပြင်းလာရခြင်းဖြစ်၏။အမှန်အားဖြင့် ဇီဝက၏ဘဝတွင် အမေဟူသည် ဘယ်သူဘယ်ဝါမှန်း
မသိခဲ့သလို အဖေဟူသည်မှာလည်း မသေချာမရေရာခဲ့ပေ။အမေအဖေနှင့်ပတ်သက်လာလျှင်အားလုံးစမ်း
တဝါးဝါးဖြစ်ခဲ့ရ၏။ထို့ကြောင့်ပင် သူ၏ဘဝတွင် အစကောင်းသော ဘဝ မဖြစ်ခဲ့ဟူ၍ ရှေ့၌ဆိုခဲ့ခြင်းဖြစ်ပါ၏။
            တွေးကြည့်လျှင်ဇီဝက၏လက်ရှိဘဝသည်အားငယ်ဖွယ်ရာ၊စိတ်ပျက်ဖွယ်ရာ၊ဝမ်းနည်းကြေကွဲဖွယ်
ရာအတိဖြစ်ခဲ့သော်လည်း သူ့ဘဝကိုမှန်ကန်စွာအသုံးချတတ်မှုကြောင့်သူ့ဘဝတွင်မကြာတော့သောအချိန်
၌ သူ့ဘဝတွင် မကြာတော့သောအချိန်၌ ထင်ရှားကျော်ကြားသော ဆေးပညာရှင် ပါရဂူတစ်ဦးဖြစ်ပေလိမ့်
မည်။
          လူ့ဘဝတွင် ဘဝအလွှာအသီးသီးရှိသည့်အနက် ဇီဝက၏ဘဝသည်ကား အခြေအနေဆိုးသောဘဝ
မျိုးသာဖြစ်၏။သို့ရာတွင် ဇီဝကသည်သူ့ဘဝနှင့်ပတ်သက်၍ အခြေအနေဆိုးသည့် မည်သည့်ဘဝမျိုးဖြစ်ဖြစ်
သူ့အတွက် အရေးမကြီး။ယင်းဘဝမျိုးမှထိုးဖောက်ရုန်းထွက်၍ အခြေအနေကောင်းသော အထက်တန်းဘဝ
သို့ တက်လှမ်းနိုင်ရေးအတွက် တိကျခိုင်မာသောနည်းဗျူဟာများကို အသုံးချတတ်ရေးသာအရေးကြီး၏။ဤ
သို့ သူကနားလည်ထား၏။အမှန်အားဖြင့် လူ့ဘဝတွင် အခြေအနေဆိုးသည့် မည်သည့်ဘဝမျိုးဖြစ်နေပါစေ၊
ယင်းဘဝမျိုးမှလွတ်မြောက်၍ အထက်တန်းဘဝသို့ တက်လှမ်းနိုင်ရေးအတွက် နည်းဗျူဟာများဖြင့် မှန်ကန်
စွာအသုံးချတတ်ရေးသည်သာ အရေးကြီးပါ၏။နည်းဗျူဟာများဖြင့်မှန်ကန်စွာအသုံးချတတ်လျှင် တစ်နေ့နေ့
တွင် အထက်တန်းဘဝမျိုးကို အမှန်တကယ်ပိုင်ဆိုင်ရရှိပေလိမ့်မည်။ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့ဘဝ
နှင့်ပတ်သက်၍ မည်သည့်ဘဝမျိုးမျိုး၌ဖြစ်ဖြစ် စိတ်အားငယ်ရန်မလိုပေ။
          ဇီဝကသည် သူ့ဘဝနှင့်ပတ်သက်၍ ဘဝကိုအရှုံးပေးလိုသူမဟုတ်။အနိုင်ယူလိုသူသာဖြစ်၏။ဘဝကို
တွေး၍ အားငယ်ပြီး အချိန်ဖြုန်းလိုသူမဟုတ်။ခိုင်မာသောစိတ်ဓါတ်ဖြင့် အချိန်ကိုတိကျမှန်ကန်စွာ အသုံးချ၍
ကြိုးစားအားထုတ်လိုသူသာဖြစ်၏။အလုပ်သမား အငှားဘဝဖြင့် သူ့ဘဝကိုရပ်တည်လိုသူမဟုတ်။ဦးဆောင်
မှုကဏ္ဍမှနေ၍ ပညာရှင်အဆင့်ဖြင့်သာ ရပ်တည်လိုသူသာဖြစ်၏။ထို့ကြောင့်ပင် သူသည် တက္ကသိုလ်ပြည်၊
ဒိသာပါမောက္ခဆရာကြီးထံသွားပြီး ဆေးပညာနှင့်သက်ဆိုင်သော ပညာရပ်များကို အပတ်တကုတ်ကြီးစား
သင်ယူခဲ့ခြင်းဖြစ်၏။ဇီဝကသည် ယင်းသို့ ဆေးပညာရပ်များကိုသင်ယူရာ၌  အများအကျိုးကိုသာ ဗဟိုပြု၍
သင်ယူ၏။မိမိအကျိုးကိုသာကြည့်ပြီး မိမိအကျိုးအတွက် ဗဟိုပြု၍ မသင်ယူ။ဤသည်မှာ စိတ်ထားမြင့်မြတ်
သူတို့၏ အလေ့အထ ဆောင်ရွက်ချက်ပင်ဖြစ်၏။ထို့ကြောင့်ပင်သူသည်ယင်းပညာရပ်များဖြင့်အများကောင်း
ကျိုး (ပရိဟိတ)လုပ်ငန်းများကို ဆောင်ရွက်ပေလိမ့်မည်။
         ဇီဝကသည် အတိတ်ကံကိုချည်း အားကိုးနေတတ်သူ၊ရိုးမယ်ဖွဲ့နေတတ်သူမဟုတ်ပေ။ပစ္စုပ္ပန်၌"အသိ
ဥာဏ်ပညာ၊ကြိုးစားအားထုတ်မှု လုံ့လဝီရိယ၊စိတ်ဓါတ်ခိုင်မာမှု၊ပြင်းပြသောဆန္ဒ(သို့မဟုတ်)ရည်မှန်းချက်စ
သောအကြောင်းတရားများနှင့် ပြည့်စုံလျှင် အမှန်တကယ် ရှင်သန်ကြီးပွားအောင်မြင်နိုင်သည်"ဟူသော ပစ္စု
ပ္ပန်အကြောင်းတရားများကိုသာ ယုံကြည်အားကိုးတတ်သူဖြစ်၏။ထို့ကြောင့်ပညာဆည်းပူးသင်ယူရာ၌ ဖော်
ပြပါ အကြောင်းတရားများနှင့် ပြည့်စုံညီညွတ်အောင် ဆည်းပူးသင်ယူ၏။
                                                                                             ဆက်ရန်---



0 comments:

Post a Comment