Wednesday, July 3, 2013

မိတ္ထီလာထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်သားတစ်ဦးနေအိမ်မှ မူးယစ်ဆေးဝါး ဖမ်းမိ

မန္တလေး၊ ဇူလိုင် ၂
ဆီထုတ်ပေးရေးဌာန၊ အမှတ် ၁ ရှေ့တန်းအခြေချထောက်ပံ့ရေးနှင့် ပို့ ဆောင်ရေးတပ် မိတ္ထီလာမှ တ-၁၆၄ဝ ၉၂ တပ်သားမောင် ... (၃၈) နှစ် ၏ နေအိမ်အား သတင်းအရ ဇွန် ၃ဝ ရက် နေ့တွင် ဝင်ရောက်ရှာဖွေရာ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဝင်ရောက်ရှာဖွေစဉ် အဆိုပါတပ် သား၏ ဇနီးဖြစ်သူမှာ နေအိမ် အ နောက်ဘက် အိမ်သာအတွင်းသို့ အ ထုပ်တစ်ထုပ် ပစ်ချသည် ကို တွေ့ရသဖြင့် ရှာဖွေဆယ်ယူရာ အိတ်အတွင်းမှ ပန်း ရောင်ဆေးပြား ၂ဝဝ ပါ ရှစ်ထုပ်၊ ၁ဝဝ ပါ လေးထုပ်၊ ၅ဝ ပါလေးထုပ်၊ ၄ဝ ပါ တစ်ထုပ်ပါရှိပြီး အိပ်ခန်း ခုတင် ခေါင်းရင်းမှ ပန်းရောင်ဆေးပြား တစ် ပြား၊ မွေ့ယာအောက် မှ သုံးပြား၊ ခု တင်အောက်တွင် တစ်ပြား၊ ကြွပ်ကြွပ် အိတ်နှင့်ထုပ်လျက် မူးယစ်ဆေးဝါး ရောင်းချသည်မှ ရရှိသည့်ငွေကျပ် ၇၁ သိန်း၊ လက်ကိုင်ဖုန်း၊ ဆိုင်ကယ်နှင့်ဆိုင်ကယ်တူးဘောက်အတွင်းမှ ငွေ ကျပ် သုံးသိန်းခွဲ၊ ဧည့်ခန်းဗီရိုအတွင်းမှ ရွှေဟုယူဆရသော ၅ ကျပ်သားခန့် စတီးပြားလက်ကောက်တစ်ကွင်း၊ နှစ် ကျပ်သားခန့် ဘတ်ကြိုးတစ်ကုံး၊ ငါး ကျပ်သားခန့် ဘတ်ကြိုးတစ်ကုံး၊ အ လေးချိန်ကျောက်ပါ ၁၁ ပဲ အပြာရောင်
ကျောက်ပါ မိုးရေစက်ပုံ ဆွဲသီးတစ်ခု၊ သုံးပဲ လေးရွေးရှိ ကျောက်ဖြူ သုံးတန်းပါ သူဇာပုံလက်စွပ်တစ်ကွင်း၊ ငါးပဲ နှစ်ရွေး ရှိ အပြာရောင် ကျောက် ပါ ခြယ်နားကပ် တစ်ရံ၊ အလေးချိန်သုံးပဲ နှစ်ရွေးလျော့ သံညှပ်ပါ ဆံပင်ညှပ်တစ်ခု၊ နှစ်ရွေးတစ် ခြမ်းမရှိ ကျောက်ဖြူတစ်ပွင့်ပါ နားကပ် တစ်ဖက်၊ ခြောက်ရွေးတစ်ခြမ်းရွှေကြုတ် ငယ်တစ်ခု၊ နှစ်ကျပ်သား ရှစ်ပဲရွေးလျော့ ဘတ်သံကြိုးပုံ ဆွဲကြိုးတစ်ကုံးတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်းရဲမှတ်တမ်းများ က ဖော်ပြသည်။

အဆိုပါ တပ်သားလင်မယားအား သိမ်းဆည်းရမိသော မူးယစ်ဆေး ဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော မူးယစ် ဆေးဝါးများအား လက် ဝယ်ထားရှိ သုံး စွဲရောင်းချမှုဖြင့် နေပြည်တော်၊ မူးယစ် ရုံးနှင့် မူးယစ်ဆေး ဝါးပပျောက်ရေးဌာန မှ ဒုရဲမှူးလေးမြင့်က တရားလိုပြုလုပ်ကာ မိတ္ထီလာမြို့ နယ် မြို့မရဲစခန်းမှ မယ(ပ) ၂/၂ဝ၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)၊ ၂ဝ(က) ၂၁ အရ အမှုဖွင့်အရေးယူထား ကြောင်း မန်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

ဖိုးလပြည့်

Popular Myanmar News Journal

0 comments:

Post a Comment