Monday, July 22, 2013

မန္တလေးမြို့ တရားပွဲအနီး ပေါက်ကွဲမှုဖြစ်၊ သုံးဦး ဒဏ်ရာရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း ၃၆ လမ်း ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင် အရှင်ဝီရသူ၏ ဓမ္မပူဇာ
တရားပွဲ ပြုလုပ်နေစဉ် ကားဘီးများပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ရာ အနီးရှိသုံးဦး ပွန်းပဲ့ဒဏ်ရာများ ရရှိသွားကြပြီး တရားပွဲကိုလည်း ရပ်လိုက်ရသည်။

တရားပွဲအနီး ရပ်တန့်ထားသည့် ကားနံပါတ် ၇က/၃၀၂၀ ၏ ဘီးများပွင့်ထွက်ကာ ပေါက်ကွဲရာမှ ကိုရင်ငယ်တစ်ပါး၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ခြေထောက်များတွင် ပွန်းပဲ့ဒဏ်ရာများ ရရှိသွားကြသည်ဟု အနီးရှိ
တာဝန်ကျ ရဲတပ်သား တစ်ယောက်က မဇ္ဈိမကို ပြောသည်။ အမျိုးသမီးနှင့် အမျိုးသားတို့ကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားသည်။

အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသည့် ရဲများက အဆိုပါကားဘီးပေါက်မှုသည် သာမန်ပေါက်ကွဲခြင်းလော၊ အခြား
အကြောင်းအရာတစ်ခုခုကြောင့်လော ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။

တရားပွဲကို ည ၇ နာရီတွင် စတင်ခဲ့ပြီး ၉ နာရီ ၁၅ မိနစ်တွင် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ တရားပွဲကို ယခုလ ၁၇ ရက်တည်းက ကျင်းပခြင်းဖြစ်ကာ ၂၁ ရက်ည တရားပွဲသည် နောက်ဆုံးညလည်းဖြစ်သည်။ အဆိုပါ တရားပွဲသို့ လူရာပေါင်းများစွာ လာရောက်နာယူခဲ့ကြသည်။

0 comments:

Post a Comment