Thursday, July 11, 2013

Friday, July 12, 2013 မိတ္ထီလာနှစ်လုံးထီ လောင်းကစား ဖမ်းမိရာ အပိုင်နယ်ထိန်းရဲကိုပါ အရေးယူ

မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့ မြို့မ ရဲစခန်း(အမှတ်-၁)အပိုင်နယ် အတွင်းမှာ (၈-၇-၂၀၁၃)နေ့နံနက် ၁၁နာရီမှာ ဖမ်းဆီးအရေး ယူမှုဖြစ်ခဲ့ပါတယ်။

အမှတ်-၁-ရဲစခန်း(မြို့မရဲစခန်း)အပိုင် နန်းတော်ကုန်းရပ် မကျီးကုန်း ရပ်ကွက်မှာ ဦးနိုင်ထွန်း(၃၄နှစ်)-ဘဦးစိုင်းကျော်စိန်မှာ တရားမ၀င် လောင်းကစားနှစ်လုံး ထီကစားနေတယ်လို့သတင်းရရှိပါသောကြောင့် နေပြည်တော်မှုခင်း ရဲတပ်ဖွဲ့မှ ဒု-ရဲမှူး ဦးဝင်းမြင့်ခေါင်းဆောင်သော အဖွဲ့မှ ရှောင်တခင်ဝင်ရောက် စစ်ဆေးဖမ်းဆီးရာသက် သေခံပစ္စည်းများနှင့်တကွ ဖမ်းဆီးမိတယ်လို့သိရှိရပါတယ်။

အဆိုပါ အမှုနဲ့ ပတ်သတ်ပြီး နန်းတော်ကုန်းရပ် အပိုင်နယ်ထိန်းဖြစ်တဲ့တပ်ကြပ်ကြီး ဟန်ထွန်း ကိုပါ အရေးယူ စစ်ဆေးမှု ပြုလုပ်နေပါတယ်။ ပ/၂၃၉/၁၃ဖြင့် အမှုစစ်အရာရှိဒု-ရဲ အုပ်ဇော်ဝေကျော်မှ တရားလိုပြုလုပ်ပြီး ပုဒ်မ(၁၅/၁၆)ဂဥပဒေနဲ့အညီ တရားစွဲဆိုမယ်လို့ သိရပါတယ်။

ယခုအခါတွင် လောင်းကစားမှုများ ဖမ်းဆီးအရေးယူရာတွင် အပိုင်နယ်ထိန်းများ ကိုပါ အရေးယူနေတယ်လို့ သတင်းရရှိပါတယ်။

Myanmar News Now

0 comments:

Post a Comment