Friday, July 19, 2013

Friday, July 19, 2013 ဆိုင်ကယ်ကယ်ရီလိုက်ပို့သည့် အမျိုးသမီးအား ဓါးဖြင့်ထိုး၊ ကျောက်ခဲဖြင့် ထုသတ်သူများအား ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဇူလိုင် ၁၉

၁၇-၇-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိ မြို့နယ်ခွဲရှိ ““ပိုကောင်း””ဆီအုန်းကုမ္ပဏီအလုပ်သမားလိုင်းခန်းနေ ဇင်မင်းမောင်(၂၄)နှစ်၏ဇနီးဖြစ်သူ မအေးသိန်း(၂၆)နှစ်သည် ၎င်းပိုင်ဆိုင်ကယ်ဖြင့် ကုမ္ပဏီအလုပ်သမားများဖြစ်သော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမော့ကျေးရွာနေ ဇော်မင်းစိုး(၁၉)နှစ်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာနေ စိုးနိုင်(၁၉)နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ထန်းတပင် ကျေးရွာနေ အောင်ကို(၁၉)နှစ်တို့ ၃ ဦးအား ကုမ္ပဏီမှကြို့ပင်ဆိပ်သို့ ဆိုင်ကယ်ဖြင့်အငှားလိုက်ပို့ ပေးခဲ့ပြီး ထိုနေ့ညနေအချိန်ထိပြန်လည်ရောက်ရှိလာခြင်းမရှိသောကြောင့် ““ပိုကောင်း””ဆီအုန်းကုမ္ပဏီရှိ လုံခြုံရေးရဲကင်းမှတဆင့် ဘုတ်ပြင်းမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ကရသူရိနယ်မြေရဲစခန်းမှူးတို့အား အကြောင်းကြားခဲ့သည်။

အကြောင်းကြားချက်အရ ဆိုင်ကယ်အငှါးစီးနင်းခဲ့သူ ဇော်မင်းစိုးပါ ၃ ဦးအား စစ်ဆေးခဲ့ရာ မအေးသိန်းအား ကြို့ပင်ဆိပ်အပြန်လမ်းတွင် စိုးနိုင်နှင့်အောင်ကိုတို့ ၂ ဦးက ဓါးဖြင့်ထိုး၊ ကျောက်ခဲဖြင့်ထုကာ အလောင်းအား လမ်းဘေးတောတွင်းရှိ ချိုင့်ထဲတွင် ကျောက်ခဲ၊ ရွံ့၊ သစ်ရွက်များ ဖြင့်ဖုံးအုပ်ထားခဲ့ကြောင်း၊ ဆိုင်ကယ်အား ၀ါးရုံအနီးတောထဲတွင်ဝှက်ထားခဲ့ကြောင်း သိရှိရသဖြင့် အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ မအေးသိန်းအား ယာဘက်မျက်ခုံး ၁ လက်မခန့်ပြတ်ရှ ဒဏ်ရာ၊ ယာဘက်ငယ်ထိပ် ၂ လက်မခန့်စုတ်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ၁ လက်မခွဲခန့်ပြတ်ရှ ဒဏ်ရာ ၂ ချက်၊ ယာဘက်နားရွက်နောက် ၁ လက်မခန့်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာဘက်နို့အုံတွင် ၁ လက်မခွဲခန့်ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ဖြင့်သေဆုံးနေကြောင်းနှင့် အလောင်းအနီး ခြုံထဲတွင် ၀ှက်ထားသည့်ဆိုင်ကယ်အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

 သို့ဖြစ်၍ သေဆုံးသူ၏ခင်ပွန်းဖြစ်သူ ဇင်မင်းမောင်မှ အရေးယူပေးရန်တိုင်တန်းခဲ့သောကြောင့် ပြစ်မှုကျူးလွန်ခဲ့သူများဖြစ်သည့် ဇော်မင်းစိုး၊ စိုးနိုင်နှင့်အောင်ကိုတို့ ၃ ဦးအား ကရသူရိနယ်မြေရဲစခန်း(ပ)၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၉၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment