ရန်ကုန်၊ ဇူလိုင် ၁၅
၁၄.၇.၂၀၁၃ ရက်နေ့ ၀၈၁၅ အချိန်ခန့်တွင်
တာမွေမြို့နယ်၊ ဌေးကြွယ်(က)ရပ်ကွက်နေ ဒေါ်စန်းစန်းမော်သည် အာသောက ဈေးအတွင်း
ဝက်သားဆိုင်မှ ဈေးဝယ်ပြီး ပြန်ထွက်လာစဉ် အမျိုးသမီးတစ်ဦးသည် ၎င်း၏ရှေ့မှနေ၍
မိုးမရွာဘဲ ထီးဖွင့်ဆောင်းကာ လမ်းပိတ်လျောက် နေသဖြင့် ဖယ်ပေးရန်ပြောနေစဉ်
နောက်ဘက်မှ အခြားအမျိုးသမီး တစ်ဦးမှ ထီးပိတ်ပေးရန် ၀င်ရောက် ပြောဆိုကာ
၎င်းအားတိုးဝှေ့၍ သွားစဉ် ၀ဲဘက် လက်ကောက်ဝတ်မှာ နာကျင် သွားသဖြင့် ကြည့်ရာ
ဝတ်ဆင်ထားသည့် အခေါက်ရွှေ(၃)ကျပ်သားခန့်ရှိလက်ကောက်မှာ မတွေ့ရှိတော့သဖြင့်
အော်ဟစ် အကူအညီတောင်းခဲ့၍ ပတ်ဝန်းကျင်ရှိ ပြည်သူများမှ
ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ထီးဖြင့် ကာထားပေးသူ အမျိုးသမီး အား ဖမ်းဆီးရမိ
ခဲ့ပါသည်။
ဖမ်းဆီးရမိခဲ့သည့် ထီးဖြင့်ကာပေးသူမှာ ဒေါ်အေးရွှေ(ခ)
ဒေါ်ညွန့်ကြည် (ဘ) ဦးထွန်းကြိုင်၊ ( ၁၀)မိုင် ကုန်း၊
ပဲခူးမြို့နေသူဖြစ်ပြီး၊ နောက်ဘက်မှ လူတိုးကာ လက်ကောက်ချွတ်ယူ သွားသူမှာ
မမူ(ခ)အေးအေးမူ ဒနင်းကုန်းကျေးရွာ၊ ဘီးလင်းမြို့နယ် နေသူဖြစ်ကြောင်း
စစ်ဆေးသိရှိရ၍ မမူ(ခ)အေးအေးမူ အားလိုက်လံစုံစမ်း ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါအမှုအား
တာမွေမြို့မရဲစခန်း (ပ)၂၉၁/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့် အရေးယူထားရှိ
ကာဖမ်းဆီးရမိသူ(၂)ဦးအား စစ်ဆေးချက်များအရ ပူးပေါင်းကျူးလွန်သူ တရားခံများ
ကျန်ရှိ နေကြောင်း သိရှိရသဖြင့် ထပ်မံဖမ်းဆီးရမိရေးနှင့် ပါဆုံး
ရွှေလက်ကောက်အား ပြန်လည် သိမ်းဆည်းရမိရေး
တိုင်း/ခရိုင် အထူးအဖွဲ့များဖြင့် လိုက်လံ စုံစမ်း ဖမ်းဆီးလျက်ရှိကြောင်း သတင်း ရရှိပါသည်။
Yangon Police
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment