Saturday, July 13, 2013

Saturday, July 13, 2013 ရခိုင်မီးလောင်မြေတွင် မည်သူ့ကိုမျှ ပြန်လည်နေထိုင်ခွင့်မပေးသေးဟုဆို

ရန်ကုန် - ဇူလိုင် - ၁၁ ။         ။ရခိုင်ပြည် နယ် ပဋိပက္ခဖြစ်စဉ်အတွင်းက မီး လောင်ဆုံးရှုံးခဲ့သော မြေနေရာများတွင် မည်သူ့ကိုမှ ပြန်လည် နေထိုင်ခွင့်ပေးသေးမည် မဟုတ် ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ် ပြန်ရေး နှင့် မှတ်တမ်း ပြုစုရေးဆပ်ကော်မတီဥက္ကဌ ဦးလှ သိန်းက ပြောသည်။   ဇူလိုင်၉ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးရုံးတွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။ ဦးလှသိန်းက ''မီးလောင် ဆုံးရှုံး သွားတဲ့ နေရာတွေရဲ့ လုပ်ပိုင် ခွင့်ဟာ အစိုးရရဲ့လက်ထဲမှာပဲရှိ ပါတယ်။ မီးလောင်မြေထဲကို ရခိုင်၊ ကုလား ဘယ်သူ့ကိုမှနေခွင့်မပေး ပါဘူး။ နေရာပြန်ချမပေးဘူးဆို တာ ပဋိပက္ခတွေဖြစ်မှာစိုးလို့ပါ''ဟု ပြောသည်။

လက်ရှိတွင် အဆိုပါမီး လောင်ဆုံးရှုံးသွားသည့်မြေနေ ရာများကို မည်သူမျှကျူးကျော်ဝင် ရောက်မှုမရှိစေရန် သက်ဆိုင်ရာ မှ အမိန့်ထုတ်ပြန်ထားပြီး ကျူး ကျော်နေထိုင်သည်ကို တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့မှ သိရသည်။ ယင်းသို့အမိန့်ထုတ်ပြန်ထား သော်လည်း ရခိုင်ဒေသတွင် အ ဆိုပါမီးလောင်မြေများကို  ဝန်ထမ်း များအတွက် နေအိမ်တိုက်ခန်းများ ဆောက်လုပ်ပေးမည်ဟု သတင်း များထွက်ပေါ် နေကြောင်း သိရ သည်။ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုရဲအုပ်တစ်ဦးက ''မီးလောင် သွားတဲ့ ရွှေပြားနဲ့ မြို့သူကြီးရပ် ကွက်နားက မီးလောင်မြေတွေကို ရဲဝန်ထမ်းတွေနေဖို့အတွက် လိုင်း ခန်းတွေ ဆောက်လုပ်ပေးမယ်လို့ ပြောသံ ကြားတယ်''ဟု ဆိုသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်အတွင်း နှစ်ကြိမ်တိုင်တိုင်ဖြစ် ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများ ကြောင့် နေအိမ်ပေါင်း၈၆၁၄လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့၏ သတင်းထုတ် ပြန်ထား ချက်များအရ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် အတွင်းရှိ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် နှစ်ဖက်ဒုက္ခသည်များကို နေထိုင် ရေးအဆင်ပြေစေရန် အစိုးရနှင့် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများ ပူးပေါင်းလုပ် ဆောင်လျက်ရှိပြီး ဦးစားပေးအနေ နှင့် နှစ်ဖက်ပဋိပက္ခပြန်မဖြစ်ရေး နှင့် နယ်စပ်လုံခြုံရေးကိုသာဆောင် ရွက်နေကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ် ချုပ်ဇော်ဝင်းက ပြောသည်။ ဗိုလ်ချုပ်ဇော်ဝင်းက ''မီး လောင်မြေနေရာကို ပြန်လည်နေ ရာချပေးဖို့ ကို နိုင်ငံတော်အစိုးရ နဲ့ ပြည်ထောင်စုအစိုးရတို့ ပူးပေါင်း လုပ်ဆောင်သွားမှာပါ။ လော လောဆယ်တော့ နှစ်ဖက်ဒုက္ခသည် တွေ အမိုးအကာအောက်ရောက် ဖို့ကို ကြိုးစားနေပါတယ်''ဟု ပြော သည်။

ဖြိုးလွင်အောင် ၊ မာန်ယုကျော်

0 comments:

Post a Comment