Friday, July 19, 2013

Saturday, July 20, 2013 အချုပ်သားနှစ်ဦးကို ရိုက်သည့် ထောင်ဝန်ထမ်းကို အရေးယူမည်

ရန်ကုန် ၊ ဇူလိုင် - ၁၉ ။             ။စတစ်ကော် လံဝတ်သော အချုပ်သားနှစ်ဦး ကို ရိုက်သူထောင်ဝန်ထမ်း ကို အကျဉ်းထောင်ဥပဒေဖြင့် အရေး ယူမည်ဖြစ်ကြောင်း အင်းစိန်ဗဟို အကျဉ်းထောင်မှ ထောင်မှူးကြီး ဦးကျော်ဌေး ကပြော သည်။ တော်ဝင်သစ် အချောထည် စက်ရုံမှ အလုပ်သမားကိုးဦးသည် ဇူလိုင် ၁ရရက်က ရွှေပြည်သာ တရားရုံး ရုံးချိန်းမှ အပြန်တွင် အင်းစိန်အကျဉ်းထောင် တံခါးမ ကြီး တာဝန်ကျဝန်ထမ်းအေးမင်း အောင်က သီဟကိုကိုနှင့်မောင် မောင်သက်တို့ ကို  ရိုက်နှက်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

အကျဉ်းဦးစီးဌာန၊ အင်း စိန်ဗဟိုအကျဉ်းထောင်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ဌေး က ''အကျဉ်းထောင်ဥပဒေအရ ရိုက်ခွင့်မရှိပါဘူး။ ရိုက်တဲ့အ တွက် ဝန်ထမ်းမှာအပြစ်ရှိတယ်။ အရေးယူခံရမှာတော့ သေချာ ပါတယ်။ စစ်ဆေး ပေါ်ပေါက် လာတဲ့အပေါ် မူတည်ပြီး အရေး ယူမှာဖြစ်လို့ ဘာပြစ်ဒဏ်ပေး မယ်ဆိုတာ ပြောဖို့စောတယ်။ထုတ်ပယ်တာ ရှိနိုင်သလို တခြား ပြစ်ဒဏ်လဲဖြစ်နိုင်တယ်''ဟု ပြောသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ တပ်သား အေးမင်းအောင် ကို ဇူလိုင်၁၈ရက်က စစ်ဆေးရာတွင် နားအုံကို ရိုက်ခဲ့သည်ဟု ဝန်ခံ ကြောင်း၊ ယင်းကြောင့်အကျဉ်း ထောင်ဥပဒေ ပုဒ်မ၅၄(၁)အရ အရေးယူမည်ဟု ဆိုသည်။

အလုပ်သမားအရေး ဆောင် ရွက်နေသူကိုကျော်မင်းက ''လည် ကတုံးအကျÐ ဝတ်လို့ ရိုက်တာလို့ သိရတယ်။ ပါးရိုက်တယ်။ လည်ပင်းညှစ်၊ ခြေ ထောက်နဲ့ကန်တယ်။ ဒါကို သူ့ အထက်လူကြီးတွေကို တိုင်တော့ အရေးမယူဘူး။ အပြင်ကို ပြောရင် တိုက်ပိတ်မယ်လို့ ခြိမ်းခြောက်သေး တယ်။ ဒါကြောင့် အင်းစိန်ရွာမ ရဲစခန်းမှာ အမှုဖွင့်တာပါ''ဟု ပြော သည်။ ယင်းသို့ ရိုက်နှက်ခဲ့သော ဖြစ်စဉ်အပေါ် အလုပ်သမားကွန် ရက်များမှ ဆန့်ကျင်ကြောင်း ကြေ ညာချက်များ ထုတ်ပြန် မည်ဖြစ်ပြီး လူ့အခွင့်အရေး ကော်မရှင်ထံ လည်း တိုင်ကြားမည်ဟုသိရသည်။ အကျဉ်းထောင် ဥပဒေတွင် အချုပ်သားများ၏ အဝတ်အစား နှင့်ပတ်သက်၍ တားမြစ်ထား ခြင်းမရှိကြောင်း၊ အကျဉ်းထောင် ဥပဒေအရ ရိုက်ခွင့် မရှိသည့်အ တွက် အရေးယူရန် ဇူလိုင်၁၈ ရက်တွင် စစ်ဆေးခဲ့ပြီးပြစ်ဒဏ်ချ မှတ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ တော်ဝင် သစ်အချောထည် စက်ရုံမှ အလုပ်သမားကိုးဦးသည် အလုပ်ရှင်နှင့် အပြန်အလှန်တရား စွဲဆိုထားပြီး အင်းစိန်အကျဉ်း ထောင်တွင် အချုပ်ကျကာ ရွှေ ပြည်သာ တရားရုံးတွင် အမှုရင် ဆိုင်နေသူများဖြစ်သည်။

အေးမြမြထွန်း- ရန်ကုန်တိုင်းမ်

0 comments:

Post a Comment