Monday, July 8, 2013

Tuesday, July 9, 2013 ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှု တရားခံတစ်ဦးကို ဖမ်းမိ

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာဘုရားပရိဝုဏ်ထဲမှာ မနေ့က ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ဗုံးထောင်ခဲ့သူတွေထဲကတစ်ဦးကို သက်ဆိုင်ရာရဲဖက်က ဒီကနေ့ ဖမ်းဆီးရမိလိုက်ပါတယ်။

ဘုရားဝင်းအတွင်း တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေကနေတဆင့် ဗုံးထောင်ခဲ့သူ ၂ ဦးကို တွေ့ရှိရပြီးနောက် ခုလိုရဲတွေက ဖမ်းမိခဲ့တာဖြစ်ပါတယ်။ Vinod Mistri ဆိုသူ ဗုံးထောင်ဖောက်ခွဲသူကို အိန္ဒိယနိုင်ငံတောင်ပိုင်း Patna မြို့နဲ့ မိုင် ၈ဝ အကွာ ကွန်မြူနစ်သူပုန်တွေစခန်းချရာ Barachatti မှာ ဖမ်းဆီးမိခဲ့တာပါ။

အဲဒီ အကြမ်းဖက်ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ မြန်မာဘုန်းတော်ကြီးတွေဟာ ဒဏ်ရာရသံဃာတော် စာသင်ကြားနေတဲ့ မာဂဓတက္ကသိုလ်ရှေ့မှာ ဆန္ဒပြခဲ့ကြသလို အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များအဖွဲ့က သံဃာတော်တွေနဲ့ ဘုရားဖူးလာရောက်ကြတဲ့ ထိုင်း၊ သီရိလင်္ကာစတဲ့ နိုင်ငံတွေက သံဃာတွေအပါအဝင် အိန္ဒိယနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကလဲ ဆန္ဒပြခဲ့ကြပါတယ်။


မနေ့က ပေါက်ကွဲမှုကြောင့် မာဂဓတက္ကသိုလ်မှာ ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေတဲ့ မြန်မာရဟန်းတော်၊ သက်တော် ၂၇ နှစ်ရှိ ဦးဝိလာ သက္ကလင်္ကာရ ဒဏ်ရာရခဲ့ပြီး လက်ရှိ ပတ္တနာဆေးရုံမှာ ဆေးကုသခံနေရပါတယ်။

နယူးဒေလီမြို့က ရဲဌာနက အိမ်နီးချင်း မြန်မာနိုင်ငံမှာ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အိန္ဒိယရှိ မူဂျာဟစ်ဒင်အုပ်စု အစ္စလာမ် စစ်သွေးကြွတွေက ဗုဒ္ဓဘာသာတွေ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဂယာကို ပစ်မှတ်တစ်ခုအဖြစ် ထားလာနိုင်ကြောင်း ဒေသအာဏာပိုင်တွေကို သတိပေး ခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

RFA Burmese

Thit Htoo Lwin - News


0 comments:

Post a Comment