Monday, July 8, 2013

Tuesday, July 9, 2013 ယာဉ်အားကျော်တက်စဉ် ရှေ့ယာဉ်မှ ချိုးကွေးလိုက်၍ ယာဉ် ၂ စီး တိုက်မိပြီး ၄ ဦးသေဆုံး

နေပြည်တော်၊ ဇူလိုင် ၈

၇-၇-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၂၆၂/၃-၄)ကြားတွင် ရန်ကုန်မှမန္တလေးသို့ မိတ်္ထီလာမြို့နယ်၊ ပျော်ဘွယ်လေးရွာနေ နိုင်လင်း(၂၉)နှစ် မောင်းနှင်လာသော ၅င/xxxx““မန္တလာမင်း”” မှန်လုံအနီရောင် ခရီးသည်တင်ယာဉ်သည်ရှေ့မှ မင်္ဂလာဒုံမြို့နယ်၊ ၀ါယာလက်ရပ်ကွက်နေ ခင်မောင်လတ်(၅၂)နှစ် မောင်းနှင်လာသည့် ၃ဃ/xxxxဟိုင်းလပ်ဆပ်ဖ်အဖြူရောင်ယာဉ်အားကျော်တက်စဉ် ဆပ်ဖ်ယာဉ်မှာ ၀ဲဘက်ခြမ်းသို့ ရုတ်တရက်ချိုးကွေ့သဖြင့် ““မန္တလာမင်း”” ခရီးသည်တင်ယာဉ်နှင့် တိုက်မိခဲ့သည်။

ထိုသို့တိုက်မိသဖြင့် ဟိုင်းလပ်ဆပ်ဖ်ယာဉ်မှာ လမ်းလယ်ကျွန်းတွင် တိမ်းမှောက်ခဲ့ပြီး ၎င်းယာဉ်ပေါ်ပါ ခင်မောင်လတ်၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမအိမ်ယာနေ ဦးညိုဝင်း(၄၅)၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမအိမ်ယာနေ ဒေါ်နီနီစိုး(၄၃)၊ တောင်ငူမြို့နေ မမီးမီး(၂၆)နှစ်တို့ ၄ ဦးတို့တွင် နှာခေါင်းပေါက်ပြဲ၊ ၀ဲဂျိုစောင်း ပေါက်ပြဲ၊ နှာခေါင်းပါးစပ်သွေးထွက်ဒဏ်ရာ၊ ၀ဲလက်မောင်းဖူးရောင်ဒဏ်ရာများ၊ ၀မ်းဗိုက်ဖူးယောင် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့သဖြင့် နိုင်လင်းနှင့် ခင်မောင်လတ်တို့ ၂ ဦးအား ပေလေးပင်အမြန်လမ်းရဲစခန်းယာဉ်(ပ)၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment