Friday, August 2, 2013


                        ရှင်သန်းခြင်း လျှို့ဝှက်ချက်(၃)

          အဆက်----
့
       နယ်လဆင်မန်ဒဲလားသည်စိတ်ဓါတ်ခိုင်မာသူ၊မိမိကိုယ်ကိုယ်ယုံကြည်အားကိုသောစိတ်ဓါတ်ရှိသူ၊စိတ်
ဓါတ်မြင့်မြတ်သူ၊သမာသမတ်ကျသူ၊ငြိမ်းချမ်းရေးကိုလိုလားသူပီပီ အာဏာရှိလာသောအခါ၌လည်းအာဏာ
ကိုအကြောင်းပြု၍ တစ်ဖက်လူအား နှိပ်စက်အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှုမပြုပေ။စည်းစိမ်ဥစ္စာချမ်းသာကြွယ်ဝ
လာသောအခါ၌လည်း စည်းစိမ်ချမ်းသာကိုအကြောင်းပြု၍ မာနထောက်လွှားမှုမပြုပေ။လူသားအားလုံးငြိမ်း
ချမ်းရေး၊တန်းတူအခွင့်အရေးများ ရရှိရေးအတွက် လူဖြူ လူမဲခွဲခြားရေးဝါဒကို တိုက်ဖျက်၍  ဒီမိုကရေစီဝါဒ
ကိုလည်းကောင်း၊လူသားတို့ ငြိမ်းချမ်းရေးအတွက်  အိပ်ခ်ျအိုင်ဗွီ၊အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနှင့် သက်
ကြီးရွယ်အိုများအဖွဲ့(The Elolers)ကိုလည်း တည်ထောင်ပေးခဲ့ခြင်းဖြစ်လေသည်။ဤသို့ နယ်လဆင် မန်ဒဲ
လား၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုအပေါ် လေးစားကြည်ညိုကြသောကြောင့် သူ့၏ရုပ်တုကို ငြိမ်းချမ်းရေးခေါင်း
ဆောင်အဖြစ် အသိအမှတ်ပြုနိုင်ကြရန် ၂၀၀၇-ခုနှစ်၊သြဂုတ်လ(၂၉)ရက်နေ့တွင် လန်ဒန်မြို့၌ စိုက်ထူခဲ့ကြ
လေသည်။
      မစ္စတာ နယ်လဆင် မန်ဒဲလား၏ ဘဝကို ဗုဒ္ဓဒေသနာတော်ရှုထောင့်မှ သုံးသပ်ကြည့်လျှင် လောကဓံ
တရားကို အလွန်ကြံ့ကြံ့ခံနိုင်သူအဖြစ်တွေ့ရ၏။အဆိုးလောကဓံနှင့်တွေ့တွေ့၊ အကောင်းလောကဓံနှင့်တွေ့
တွေ့ သိပ်ပြီးတုန်လှုပ်မှုရှိသည်ကို မတွေ့ရပေ။ သို့ရာတွင် သူ၏လောကဓံတရားကိုကြံ့ကြံ့ခံနိုင်မှုသည် ဓမ္မ
အသိ(တရားအသိ)ဖြင့် ကြံ့ကြံ့ခံနိုင်ခြင်းမျိုးမဟုတ်ပေ။လောကအသိဖြင့်သာ ကြံ့ကြံ့ခံနိုင်ခြင်းမျိုးဖြစ်လေသ
ည်။မည်သို့ပင်ဆိုစေ ပစ္စပ္ပန်၌ မိမိတို့၏ဘဝ ရှင်သန်ကြီးပွားအောင်မြင်လိုသူတိုင်းသည် မစ္စတာ နယ်လဆင်
မန်ဒဲလား၏ ကြံ့ကြံ့ခံနိုင်မှုတို့ကို အတုယူသင့်ကြသည်သာဖြစ်ပါ၏။
      ဤနေရာတွင် စကားစပ်ဟပ်၍ လောကဓံတရား၏အကြောင်းကိုအနည်းငယ်တင်ပြပါဦးမည်။လောက
ဓံတရားဟူသည် လူသားတိုင်းတွေ့ကြုံကြရသည့်၊ဆက်ဆံကြရသည့်တရားမျိုးဖြစ်၏။မည်သူမျှရှောင်လွှဲ၍မ
ရ။လူလည်း တွေ့ကြုံကြရမည်ဖြစ်၏၊ဆက်ဆံကြရမည်ဖြစ်၏။နတ်လည်းတွေ့ကြုံရမည်ဖြစ်၏။ဆက်ဆံကြ
ရမည်ဖြစ်၏။ဗြဟ္မာလည်းတွေ့ကြုံကြရမည်ဖြစ်၏။ဆက်ဆံကြရမည်ဖြစ်၏။ဘုရား,ရဟန္တာလည်းတွေ့ကြုံကြ
ရမည်ဖြစ်၏။ဆက်ဆံကြရမည်ဖြစ်၏။အချုပ်အားဖြင့် သတ္တဝါအားလုံးပင် တွေ့ကြုံကြရမည်ဖြစ်၏။ဆက်ဆံ
ကြရမည်ဖြစ်၏။
      ယင်းလောကဓံတရားသည် ဒေသနာတော်အရ အဆိုးလောကဓံတရား(၄)ပါး၊အဆိုးလောကဓံတရား
(၄)ပါးအားဖြင့်(၈)ပါးရှိ၏။အဆိုးလောကဓံတရား(၄)ပါးဟူသည်မှာ---(၁)အလာဘ-လာဘ်လာဘနည်းပါး
ခြင်း(လာဘ်မရှိခြင်း)၊(၂)အယသ-အခြွေအရံပရိသတ်နည်းပါးခြင်း၊(၃)နိန္ဒာ-ကဲ့ရဲ့ခံရခြင်း(၄)ဒုက္ခ-ဆင်းရဲခြင်း
တို့ဖြစ်၏။အကောင်းလောကဓံတရား(၄)ပါးဟူသည်မှာ(၁)လာဘ-လာဘ်လာဘပေါများခြင်း(လာဘ်ရှိခြင်း)
(၂)ယသ-အခြွေအရံပရိသတ်ပေါများခြင်း(၃)ပသံသာ-ချီးမွမ်းခံရခြင်း(၄)သုခ-ချမ်းသာခြင်းတို့၏။ယင်းလော
ကဓံတရား(၈)ပါးသည် လောကလူသားတို့၌တစ်လှည့်စီလည်ပတ်လျက်ဖြစ်ကြ၏။လောကလူသားတို့သည်
တစ်ခါတစ်ခါ အဆိုးလောကဓံတရားနှင့် တွေ့ကြုံကြရသလို တစ်ခါတစ်ခါမှာ အကောင်းလောကဓံတရားတို့
နှင့်တွေ့ကြုံကြရ၏။ဤသည်မှာ ဓမ္မတာဖြစ်၏။ဤဓမ္မတာကို မည်သူမျှရှောင်လွှဲ၍မရ။ထို့ကြောင့် လူဘဝ၊လူ့
လောကတွင် အဆိုးချည်းပဲမရှိနိုင်သလို အကောင်းချည်းပဲလည်း မရှိနိုင်ပါချေ။ကျွန်ုပ်တို့သည်  ယေဘုယျ
အကောင်းလောကဓံတရားနှင့်တွေ့ကြုံကြရသည့်အခါ၌ ခံနိုင်ရည်ရှိကြသော်လည်း အဆိုးလောကဓံတရား
နှင့်တွေ့ကြုံကြရသောအခါ၌ ခံနိုင်ရည်မရှိကြပေ။ထို့ကြောင့်ပင် ကျွန်ုပ်တို့၏ဘဝသည် ကမောက်ကမဖြစ်ရ
ခြင်းဖြစ်၏။မစ္စတာနယ်လဆင်မန်ဒဲလားသည်ကားထို့ကဲ့သို့မဟုတ်။အဆိုးလောကဓံနှင့်ပဲတွေ့တွေ့၊အကောင်း
လောကဓံနှင့်ပဲတွေ့တွေ့ တကယ့်လက်တွေ့ကျကျခံနိုင်ရည်ရှိသူပင်ဖြစ်၏။ ထို့ကြောင့်ပင် သူ့၏ဘဝသည်
ပစ္စုပ္ပန်၌ ရှင်သန်ကြီးပွားအောင်မြင်ခြင်းကိုရရှိခြင်းဖြစ်၏။ကျွန်ုပ်တို့သည်လည်း လက်ရှိပစ္စုပ္ပန်၌ မစ္စတာနယ်
လဆင် မန်ဒဲလားကဲ့သို့ပင် အဆိုးလောကဓံတရားနှင့်တွေ့တွေ့၊အကောင်းလောကဓံတရားနှင့်တွေ့တွေ့ ခိုင်
မာသောစိတ်ဓါတ်၊မတုန်မလှုပ် တည်ငြိမ်သောစိတ်ဓါတ်များဖြင့် တွေ့ကြုံလာသမျှသော လောကဓံတရား
အပေါ်မူတည်၍ ရင်ဆိုင်ဖြေရှင်းသွားကြမည်ဆိုလျှင် ကျွန်ုပ်တို့၏ဘဝသည် အမှန်တကယ်ပင်ရှင်သန်ကြီး
ပွားအောင်မြင်လာမည်သာဖြစ်ပါ၏။
      မင်္ဂလသုတ်၌ လောကဓံတရားနှင့်တွေ့ကြုံရသော်လည်း စိတ်ဓါတ်တုန်လှုပ်မှုမရှိဘဲ စိတ်ဓါတ်ခိုင်မာ
သူ၊စိတ်ဓါတ်ကြံ့ခိုင်သူကိုမင်္ဂလတရားနှင့်ပြည့်စုံသူ(မင်္ဂလာရှိသူ)အဖြစ်မင်္ဂလာတစ်ပါးအနေဖြင့် ဟောကြား
တော်မူထားသည်ကိုတွေ့ရ၏။သို့ရာတွင် လောကဓံတရားနှင့်တွေ့ကြုံရသော်လည်းတုန်လှုပ်မှုမရှိဘဲ စိတ်
ဓါတ်ခိုင်မာသူ၊စိတ်ဓါတ်ခိုင်မာသူမှာ ရဟန္တာပုဂ္ဂိုလ်သာဖြစ်ကြောင်း ၄င်းမင်္ဂလသုတ်အဋ္ဌကထာ၌ဖွင့်ဆို၏။
ယင်းသို့ အဋ္ဌကထာဖွင့်ဆိုခြင်းမှာ အမြတ်(ဥက္ကဋ္ဌ)နည်းကိုသာ ရည်ရွယ်ပြီး ဖွင့်ဆိုခြင်းမျိုးဖြစ်၍ သာမန်ပု
ထုဇဉ်ပုဂ္ဂိုလ်များမပါဝင်ဟုမမှတ်ယူသင့်ပေ။အဋ္ဌကထာ၌အသိဥာဏ်နည်းပါး၍လုံးဝစဉ်းစားဥာဏ်မရှိသော
ပုထုဇဉ်ပုဂ္ဂိုလ်များကိုသာ ရည်ရွယ်ပြီးဖွင့်ဆိုခြင်းမျိုးသာဖြစ်တန်ရာ၏။ထို့ကြောင့်ပင် စဉ်းစားဆင်ခြင်ဥာဏ်
ရှိသူ၊တရားအသိရရှိထားသူ၊ပုထုဇဉ်ပုဂ္ဂိုလ်များကို လောကဓံတရားနှင့် တွေ့ကြုံရသော်လည်း စိတ်ဓါတ်ခိုင်
မာသူ၊စိတ်ဓါတ်ကြံ့ခိုင်သူများအဖြစ် ဗုဒ္ဓဒေသနာတော်များ၌ မှတ်တမ်းတင်ဖော်ပြထားသည်ကို တွေ့ရပါ၏။
ယင်းသို့ မှတ်တမ်းတင်ဖော်ပြထားရာ၌ ဓမ္မပဒအဋ္ဌကထာလာ မလ္လိကာ၏အကြောင်းအရာသည်လည်းကော
င်း၊ငါ့ရာ့ငါးဆယ်ဇာတ်တော်များအနက် ပဉ္စကနိပါတ်လာဥရဂဇာတ်အကြောင်းအရာများသည်လည်းကောင်း
ထင်ရှား၏။
                       ဆက်ရန်---------

0 comments:

Post a Comment