Tuesday, July 30, 2013

WikiLeaks သတင်းပေါက်ကြားသူ ရန်သူအားပေးမှုကလွတ်

ဗွီအိုအေ (မြန်မာပိုင်း)
အင်တာနက်ပေါ်မှာ လျို့ဝှက်သတင်း အချက်အလက်တွေကို ဖော်ပြနေတဲ့ WikiLeaks ကို အမေရိကန် အစိုးရရဲ့ လျို့ဝှက်ချက်တွေ ပေါက်ကြားမှုနဲ့ အရေးယူခံထားရတဲ့ အမေရိကန်စစ်သား Bradley Manning အနေနဲ့ ရန်သူကို အားပေးကူညီမှု စွပ်စွဲချက် အတွက် အပြစ်မရှိကြောင်း စစ်ခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။

တသက်တကျွန်း ပြစ်ဒဏ်အထိ ကျခံရနိုင်တဲ့ အမှုနဲ့ ပတ်သက်လို့ တိုက်ရိုက် စွပ်စွဲနိုင်ခြင်း မရှိဘူးဆိုပြီး Oklahoma ဇာတိ Manning အပေါ် ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့လည်း ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူမှု၊ နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးမှု၊ ကွန်ပြူတာကို အသုံးပြုပြီး မသမာမှု စတဲ့ ပြစ်ဒဏ် သက်သာတဲ့ စွပ်စွဲချက်တွေအတွက် အပြစ်ရှိကြောင်း ၀ါရှင်တန်မြို့တော်အနီး မေရီလန်းပြည်နယ် Fort Meade တပ်တွင်း ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အမှုတွေ အားလုံးအတွက် စီရင်ခံရမယ်ဆိုရင်တော့ အနှစ် ၁၀၀ ကျော်အထိ ကျခံရမှာပါ။

သူဟာဆိုရင် WikiLeaks ၀ဘ်ဆိုဒ်ကို အမေရိကန် အစိုးရရဲ့ သတင်းအချက် အလက် မှတ်တမ်းပေါင်း ၇ သိန်းကျော် ပေါက်ကြားခဲ့မှုနဲ့ ဆက်နွယ်ပြီး ရာဇ၀တ်မှု ၂၁ မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေထဲမှာတော့ အမေရိကန် သံတမန်တွေရဲ့ လျို့ဝှက်ကြေးနန်းစာတွေ၊ အီရတ်နဲ့ အာဖဂန် စစ်ပွဲက စစ်ဘက်ဆိုင်ရာ အစီရင်ခံစာတွေ ပါဝင်ခဲ့တာပါ။ အခုနောက်ဆုံး ကျန်နေသေးတဲ့ အမှုတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အပြစ်ရှိကြောင်း တရားခွင်မှာ ၀န်ခံတာမျိုးတော့ မရှိသေးပါဘူး။

ရေနံယိုဖိတ်မှု ထိုင်းခရီးသွားလုပ်ငန်းရှင်တွေစိုးရိမ်

ဗွီအိုအေ (မြန်မာပိုင်း)
ထိုင်းနိုင်ငံ အပန်းဖြေကျွန်းတကျွန်းရဲ့ ကမ်းရိုးတန်းတလျှောက်ကနေ ယိုစိမ့် ပျံ့နှံ့ပြီး ထိုင်းနိုင်ငံကုန်းမြေထိ ရောက်ရှိနိုင်တဲ့ ရေနံစိမ်းတွေကို တားဆီးဖို့ အထူး အကာအကွယ် လုပ်ထားတဲ့ အဖြူရောင်ဝတ်စုံတွေနဲ့ လုပ်သားတွေဟာ တူးရွင်းတွေ ရေပုံးတွေနဲ့ အကြီးအကျယ် ကြိုးစားနေကြပါတယ်။

ရေနံစိမ်းတွေဟာ Samet ကျွန်းရဲ့ ကမ်းခြေ အတော်များများဆီ အင်္ဂါနေ့က ရေနံစိမ်းတွေ လာတင်ခဲ့ပြီး အဲဒီ ရေနံစိမ်းတွေကို ဖယ်ရှားပစ်ဖို့ ထိုင်းစစ်သားတွေနဲ့ စွမ်းအင်ကုမ္ပဏီရဲ့ ရာနဲ့ချီတဲ့ ဝန်ထမ်းတွေ လုပ်ဆောင်နေကြပါတယ်။

ကျွန်းတဝိုက်က ရေပေါ်မှာရှိနေတဲ့ ဆီကြောကြီးကို ဖယ်ပစ်ပြီး မိုင်တော်တော်အဝေးမှာရှိတဲ့ ရနောင်းခရိုင် ကမ်းရိုးတန်းဘက်ကို လေပြင်းနဲ့ လှိုင်းလုံးတွေနဲ့ ပါမသွားဖို့ ကြိုးစားနေကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီလို ရေနံစိမ်း ယိုစိမ့်မှုကြောင့် နိုင်ငံခြားခရီးသွားတွေ အများကြီး ပြန်သွားကြလို့ ဒီအပန်းဖြေကျွန်းရဲ့ ခရီးသွားလုပ်ငန်းအပေါ် ရိုက်ခတ်မှုကြီးမှာကို ပိုပြီး စိုးရိမ်လာနေကြပါတယ်။

Ko Samet လို့လည်းခေါ်တဲ့ ဒီကျွန်းမှာ ကမ်းခြေတွေက အဖြူရောင် သဲသောင်တွေနဲ့မို့လို့ နိုင်ငံခြား ခရီးသွားတွေရော ဒေသခံတွေပါ ကြိုက်ကြတာပါ။ ထိုင်းအစိုးရပိုင် PTT ရေနံကုမ္ပဏီနဲ့ ဌာနခွဲတခု ဦးစီးလုပ်ကိုင်တဲ့ ရေနံပိုက်လိုင်းကနေ လီတာ (၅) သောင်းလောက်ရှိတဲ့ ရေနံစိမ်းတွေဟာ စနေနေ့ကပဲ ထိုင်းပင်လယ်ကွေ့မှာ ယိုစိမ့်ထွက်ကုန်တာပါ။ ဒါဟာ ထိုင်းနိုင်ငံသမိုင်းမှာ စတုတ္ထအကြီးဆုံး ရေနံ ယိုစိမ့်မှုဖြစ်ပါတယ်။

PTT ကတော့ ယိုစိမ့်တဲ့ရေနံစိန်းတွေကို (၃) ရက်အတွင်း အပြီး ဖယ်ရှားနိုင်ဖို့ ခန့်မှန်းထားတယ်လို့ အင်္ဂါနေ့မှာပဲ ပြောသွားတာပါ။ ဒါပေမဲ့ ရှင်းလင်းရေး လုပ်ငန်းတွေ ပြီးဖို့ အများကြီး လိုသေးတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းသူတွေကပြောပြီး PTT ဟာ ဒီလိုအဖြစ်မျိုး ပေါ်ပေါက်လာရင် ပြဿနာကို ဘယ်လို ရှင်းမလဲ ကြိုပြင်ဆင် မထားဘူးလို့လည်း စွပ်စွဲသွားပါတယ်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲရလဒ် အငြင်းအခုံဖြစ်

ဗွီအိုအေ (မြန်မာပိုင်း)
ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲအတွင်း အနိုင်အရှုံး ထွက်ပေါ်ခဲ့ပြီးတဲ့နောက် မသမာမှုတွေနဲ့ ရှိခဲ့တဲ့ အထောက်အထားတွေကို စုဆောင်းဖို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့ လူထုနဲ့ တွေ့ဆုံမယ်လို့ အတိုက်အခံပါတီက ပြောလိုက်ပါတယ်။

ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ (CNRP) ရဲ့ခေါင်းဆောင် စမ် ရင်စီ (Sam Rainsy) ကတော့ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေး ဆုံးရှုံးခဲ့ရတာတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ အကဲခတ်တွေကို တင်ပြဖို့ အထောက်အထားတွေ စုဆောင်းသွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲ မှတ်ပုံတင်စာရင်း သွင်းရာမှာ မဲဆန္ဒရှင် ၁ သန်း ၂ သိန်းရဲ့ အမည်စာရင်းတွေ ပါမလာကြသလို၊ ၂ သိန်းလောက်ကတော့ စာရင်းထပ် နေသူတွေ ဖြစ်တယ်လို့လည်း အတိုက်အခံခေါင်းဆောင်က ဗွီအိုအေကို ပြောခဲ့ပါတယ်။

အစိုးရကတော့ ရွေးကောက်ပွဲ မသမာမှု စွပ်စွဲချက်တွေအပေါ် နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ တောင်းဆိုချက်ကို လက်မခံတဲ့ အကြောင်းနဲ့ အတိုက်အခံတွေ အနေနဲ့ အထောက်အထားရှိတယ်ဆိုရင် ရှင်းရှင်းလင်းလင်း ပြသဖို့ တောင်းဆိုခဲ့တဲ့ အကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး Reuters သတင်းတပုဒ်က ဖော်ပြခဲ့တာပါ။

ဝန်ကြီးချုပ် Hun Sen ရဲ့ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) ကတော့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၆၈ နေရာနဲ့ အနိုင်ရခဲ့တာ ဖြစ်တဲ့အကြောင်းနဲ့ ၀န်ကြီးချုပ်အဖြစ် ဟွန်ဆန် ကိုပဲ ဆက်လက် တင်မြှောက်သွားမှာ ဖြစ်တဲ့အကြောင်း ကြေညာထားပါတယ်။

အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) တို့ကတော့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲ အတွင်း မဲမသမာမှု စွပ်စွဲချက်တွေအပေါ် စိုးရိမ်မကင်းတဲ့အကြောင်း ပြောဆို ထားပါတယ်။

Tuesday, July 30, 2013 မြောက်ဥက္ကလာပ တည်းခိုခန်းတွင် အမျိုးသားတစ်ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်ရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဇူလိုင်လ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က အချိန်ပိုင်း လာရောက် တည်းခိုသူ ချစ်သူ နှစ်ဦးအနက် အသက် ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

သေဆုံးသူ အမျိုးသားသည် ဒဂုံမြို့သစ် (အရေ...ှ့ပိုင်း) မြို့နယ်တွင် နေထိုင် သူ ဖြစ်ပြီး အဆိုပါ တည်းခိုခန်းတွင် ချစ်သူ အမျိုးသမီးနှင့်အတူ တည်းခိုနေ စဉ် သတိလစ် မေ့မြောရာမှ ဆေးရုံသို့ ပို့ဆောင်သည့် လမ်းတွင် သေဆုံး ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရှိရသည်။

သေဆုံးသူ အမျိုးသားသည် နှလုံးသွေးကြောကျဉ်းရောဂါ လက္ခဏာနှင့် သွေးတိုးရောဂါရှိပြီး ရင်ခွဲ စစ်ဆေးချက်များအရ နှလုံး၏ အစိတ်အပိုင်း အချို့မှာ ပုပ်နေသည်ကို တွေ့ရှိရကြောင်း မြောက်ဥက္ကလာပ မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

“ကာမအားတိုးဆေး သောက်ထားလား ဆိုတာတော့ အသေးစိတ် မသိသေး ပါဘူး။ ဒါပေမဲ့ ဖြစ်တဲ့ နေရာကို စစ်ကြည့်တာတော့ ဘာအစအနမှ မတွေ့ပါဘူး၊ အတူပါလာတဲ့ သူကိုလဲ မေးကြည်တော့ မသုံးထားဘူးလို့ ပြော တယ်” ဟု အဆိုပါ သေဆုံးမှုကို စစ်ဆေးလျက်ရှိသည့် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

နှလုံး ကြွက်သားပုပ်သည်ဟု ဆရာဝန်၏ အတည်ပြုချက်သည် နှလုံးတွင်းသို့ လိုအပ်သည့်သွေး (အောက်ဆီဂျင်) ပမာဏ မရောက်ရှိပါက နှလုံးခုန်ရပ်ပြီး ငါးမိနစ်မှ ၁၅ မိနစ်အတွင်း နှလုံး ကြွက်သား ပုပ်နိုင်ကြောင်း အထွေထွေ ရောဂါကု ဆရာဝန် တစ်ဦးက ပြောကြားသည်။

အမျိုးသား ကာမ အားတိုးဆေးဝါးများ သောက်သုံးထားမှု ရှိ မရှိ စစ်ဆေးရာ တွင် အခြားသော စိတ်ကြွဆေး၊ မူးယစ်ဆေးများ သုံးစွဲထားခြင်း ရှိ မရှိကို စစ်ဆေးခြင်းကဲ့သို့ မလွယ်ကူကြောင်း၊ နှလုံးရောဂါ (သို့) ရင်ဘတ် အောင့် တတ်သည့် ရောဂါ ဝေဒနာ ခံစားနေရသူများ အနေနှင့် ကာမ အားတိုးဆေး ဝါးများကို မသုံးသင့်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

အဆိုပါ ဆေးဝါးများသည် သွေးပေါင်ကို လျော့စေသော အာနိသင် ရှိသောကြောင့် သွေးပေါင်ကို လျော့ကျစေပြီး ခန္ဓာကိုယ်မှ အားစိုက်ထုတ်ချိန် တွင် နှလုံးတွင်းသို့ လိုအပ်သည့် သွေးပမာဏ မရောက်ဘဲ နှလုံးသွေး ရပ်ကာ သေဆုံးနိုင်ကြောင်း၊ နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် ဦးနှောက်သွေးကြောများကို ထိခိုက်နိုင်ပြီး လေဖြတ်၊ လေငန်းရောဂါများ လည်း ဖြစ်ပွားနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် တစ်ဦးက ရှင်းပြသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၂၉/၁၃ ဖြင့် စစ်ဆေးလျက် ရှိကြောင်း မြောက်ဥက္ကလာပ ရဲစခန်းထံမှ သိရှိရသည်။

ဇူလိုင်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် ဘုရင့်နောင်လမ်းပေါ်ရှိ တည်းခိုခန်း နှစ်ခုတွင် အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၄၇ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ အလားတူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

The Voice Weekly

Thit Htoo Lwin - Crime

Tuesday, July 30, 2013 အမှတ် (၂၂၆)ယာဉ်လိုင်းမှ တိုက်ပြီး၊ အငှားယာဉ်နှင့် ချိတ်ပါကာ အမျိုးသားတစ်ဦး သေဆုံး

တောင်ကြီးမြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေး ပရဟိတကျောင်းတစ်ခုတွင် ပညာသင်ကြားနေသည့် အ သက် ၁၂ နှစ် သမီး မိဘမဲ့ကလေးငယ်တစ်ဦးကို ထိုကျောင်းရှိ ဦးပဉ္ဇင်းတစ်ပါးက အဓမ္မကျင့်သည်ဟု စွပ်စွဲကာတိုင်ကြားမှု တစ်ခုကို ဇူလိုင် ၂၆ ရက်က အဆိုပါမြို့၏ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းထုတ်ပြန်သည်။

စွပ်စွဲခံရသည့် ဦးပဉ္ဇင်းသည် ၀ါသုံးဝါရှိပြီး အသက်အားဖြင့် ၂၅နှစ်ရှိကြောင်း ရဲစခန်းက ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကလေးငယ်သည် လမ်းလျှောက်ပုံမမှန်ဘဲ အမူအရာပျက်နေသည်ကို အဆိုပါဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် စာသင်ပြပေးနေသည့် ဆရာမတစ်ဦးက ဇူလိုင် ၂၅ ရက်တွင် သတိထားမိသဖြင့် ခေါ်ယူမေးမြန်းရာ ကလေးငယ်က ခါးနားနေကြောင်းပြောသဖြင့် ထိုဆရာမကအခြား ဆရာမတစ်ဦးကိုခေါ်ကာ ကလေး၏ ခန္ဓာကိုယ်အနှံ့ စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းတွင်တွေ့ရသည်။

ထိုသို့ စစ်ဆေးရာမည်သည့် ပြင်ပဒဏ်ရာမှ မရှိသဖြင့် ကလေးငယ်ကို မေးမြန်းရာ ဇူလိုင် ၂၃ ရက် ည ၈ နာရီအချိန်တွင် ကျောင်းသူများအိပ်သည့် အဆောင်ခန်းကြီးအတွင်း သူတီဗီကြည့်နေစဉ် ဦးပဉ္ဇင်းတစ်ပါးက လာရောက် ခေါ်ဆောင်ပြီး မီးဖိုခန်းထဲတွင် အဓမ္မတစ်ကြိမ်ကျင့်ခဲ့ကြောင်း ကလေးငယ်က ဆရာမများ ကိုပြောပြခဲ့ကြောင်း ရဲစခန်း၌ တိုင်တန်းရာတွင် ထွက်ဆိုထားသည်။

ထို့ကြောင့် ရဲဌာနတွင် ဇူလိုင် ၂၆ ရက်က လာရောက်အမှုဖွင့်ခဲ့သဖြင့် ရဲများကလည်း အမှုအမှတ် (ပ) ၉၈/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အဓမ္မကျင့်မှုနှင့် ပုဒ်မ ၃၆၃ လူခိုးမှုတို့ဖြင့် တရားစွဲဆိုနိုင်ရေးအတွက်လည်း ဆောင်ရွက်နေကြောင်း ရဲဌာနက ထုတ်ပြန်သည်။

ထို့ပြင် အဆိုပါကိစ္စနှင့်ပတ်သက်၍ တောင်ကြီးမြို့နယ် သံဃနာယကအဖွဲ့၏ တွဲဖက် အကျိုးတော် ဆောင်ဆရာတော်၊ မြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်၊ ပြည်နယ်သာသနာရေးဦးစီးဌာန ဒုဦးစီးမှူးတို့က အဓမ္မကျင့်မှုဖြင့် စွပ်စွဲခံရသည့် ဦးပဉ္ဇင်းကို ၀ိနည်းနှင့် အညီစစ်ဆေးကာ လူဝတ်လဲပေးပြီး တောင်ကြီးမြို့နယ် နယ်မြေရဲစခန်းတွင် သူ့ကိုဆက်လက်စစ်ဆေးနေပြီဖြစ်ကြောင်း ရဲဌာန၏ ထုတ်ပြန် ချက်တွင်ပါရှိသည်။

အဓမ္မကျင့်မှုဖြင့် စွပ်စွဲခံရသည်မှာ ရဟန်းဘွဲ့တော်အားဖြင့် ဦးတိက္ခဖြစ်ပြီး လူအမည်အားဖြင့် ကိုထွန်းထွန်းဦး ဖြစ်သည်ဟု ရဲဌာနက အတည်ပြုထားသည်။

ဂျွန်ချစ်ငြိမ်း
Mizzima - News in Burmese

Thit Htoo Lwin - Crime


Tuesday, July 30, 2013 စီးပွားရေးသမားများက တကယ်မလုပ်ဘဲ ယူထားသည့် မြေများကို ပြန်လွှဲပေးရန် အထက်လွှတ်တော်ဆုံးဖြတ်

တနင်္သာရီတိုင်းတစ်ခုတည်း၌ပင် ဧကခုနစ်သိန်းနီးပါးရှိ

စစ်အစိုးရလက်ထက်က စီးပွားရေးသမားများက စီမံကိန်းများကို အမှန်တကယ် အကောင်အထည်မဖော်ဘဲ ယူထားသည့် မြေများကို တကယ်လုပ်မည့်သူများထံ ပြန်လွှဲပေးရန် အထက်လွှတ်တော်က ဇူလိုင် ၂၉ ရက်တွင် အတည်ပြု ဆုံးဖြတ်လိုက်သည်။

ယင်းကိစ္စသည် မကွေးတိုင်းမှ ကြံ့ခိုင်ရေးနှင...့် ဖွံ့ဖြိုးရေးပါတီ၏ အထက်လွှတ်တော်အမတ် ဦးလှဆွေက အဆိုတင်သဖြင့် အမတ် ၁၁ ဦး ဆွေးနွေးခဲ့ပြီး အတည်ပြုလိုက်ခြင်းဖြစ်သည်။

ထိုကဲ့သို့ အမတ် ၁၁ ဦးက ဆွေးနွေးအပြီး ထိုအဆိုကို အတည်ပြုရန် သင့်၊ မသင့် လွှတ်တော်အတွင်း ဆုံးဖြတ်ရာ ကန့်ကွက်သည့် အမတ် တစ်ဦးသာ ရှိခဲ့သဖြင့် အတည်ဖြစ်ခဲ့သည်။

အဆို အတည်မဖြစ်မီ လယ်၊ ဆည် ဒုဝန်ကြီး ဦးအုန်းသန်းက အမတ်များကို ရှင်းလင်းရာတွင် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်း ၁၄ ခုအနက် တနင်္သာရီတိုင်းတစ်ခုတည်း၌ပင် စီးပွားရေးသမားများ တကယ် မလုပ်ဘဲ အစိုးရထံမှ ယူထားသည့် မြေဧက ခုနစ်သိန်းနီးပါး ရှိနေကြောင်း ပါရှိခဲ့သည်။

တနင်္သာရီတိုင်းမှ အဆိုပါ မြေများသည် စစ်အစိုးရလက်ထက်က ကုမ္ပဏီပေါင်း ၄၁ ခုကို ဆီအုန်းစိုက်ပျိုးရန် ခွင့်ပြုပေးထားခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

တနင်္သာရီတိုင်း တစ်ခုတည်းတွင်ပင် မလုပ်ဘဲယူထားသည့်မြေ ထိုမျှရှိနေသည့်အပေါ် ယခုကိစ္စကို အဆိုတင်ခဲ့သည့် အမတ်ဦးလှဆွေက “တစ်နိုင်ငံလုံးသာဆို ပြောလို့တောင်ဆုံးမှာမဟုတ်ဘူး။ တစ်ကယ်မလုပ်ဘဲနဲ့ဗျာ။ ဒါတွေက ပြန်ပေးသင့်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

အဆိုကို ထောက်ခံဆွေးနွေးခဲ့သည့် မွန်ပြည်နယ်မှ အထက်လွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုးကလည်း “အခု ဆင်းရဲမှု လျှော့ချရေးတို့ ဘာတို့ လုပ်နေတဲ့အချိန်မှာ အဲဒီစီမံကိန်းမလုပ်ဖြစ်တဲ့ မြေတွေကို အမှန်တစ်ကယ် မြေမဲ့ယာမဲ့ဖြစ်နေတဲ့ ဒေသခံတွေကို၊ ဒါမှမဟုတ် တစ်ကယ်လုပ်မယ့် သူတွေကို ချပေးမှ တိုင်းပြည်အတွက် အကျိုးရှိမှာပါ”ဟု လွှတ်တော်တွင် ပြောသည်။

ယခုအဆို အတည်ဖြစ်သွားပြီ ဖြစ်သဖြင့် စီးပွားရေးသမားများက တကယ်မလုပ်ဘဲ ယူထားသည့် မြေများကို ပြန်လွှဲပေးရတော့မည် ဖြစ်သော်လည်း ထိုသို့ လွှဲပြောင်းချိန်တွင် မည်သည့်စံနှုန်းများဖြင့် မည်သူတို့ကို ပြန်လွှဲမည်ကိုမူ မသိရသေးပါ။

မင်းမင်း
Mizzima - News in Burmese

ဥပဒေ ဖောက်ဖျက်လျှင် မည်သည့် အကျဉ်းသား ဟောင်းမဆို ကြွင်းကျန်ပြစ်ဒဏ် ကျခံရမည်

နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သော်လည်း တည်ဆဲဥပဒေတစ်ခုခုကို ထပ်မံဖောက်ဖျက်ကျူးလွန်သော မည်သူမဆို ကျန်ရှိနေသော ကြွင်းကျန်ပြစ်ဒဏ်ကို ကျခံရမည်ဟု ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဇူလိုင်၂၉ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြောဆိုလိုက်သည်။

လွတ်ငြိမ်းချမ်းသာခွင့် ရရှိပြီးဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ပြစ်ဒဏ်ကြွေးကျန်များ ပြန်လည်ကျခံနိုင်ခြေရှိ မရှိကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ မေးမြန်မှုကို ပြန်လည် ဖြေကြားသွားခြင်း ဖြစ်သည်။

“လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းမှာ ပြစ်မှုအမျိုးအစား ခွဲခြားထားခြင်းမရှိပါ။ ချမှတ်ခံရတဲ့ ပြစ်ဒဏ် မစေ့မီ စည်းကမ်းချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသည့် အကျဉ်းသားက သတ်မှတ်ချက်မှာပါတဲ့ အချက်တစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ယင်းကျခံရန် ကျန်ရှိသော ပြစ်ဒဏ်ကို ဆက်လက် ကျခံရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဖြေကြားသွားသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးဖြစ်သော နိုင်ငံရေးအကျဉ်းသားများကို ပုဒ်မ ၄၀၁ ဟု ခေါ်ဝေါ်သုံးစွဲနေသည့် ကြွင်းကျန်ပြစ်ဒဏ်ကို အသုံးချကာ အရေးယူမည်မဟုတ်ဟု သမ္မတဦးသိန်းစိန်က ဇွန်လ ၄ရက်တွင် ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ကတိပေး ပြောကြားထားပြီး ဖြစ်သည်။

သို့သော် ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကမူ “အကျဉ်းထောင်အသီးသီးမှာ ပြစ်မှုတစ်ခုခုကြောင့် ပြစ်ဒဏ် ကျခံလျက်ရှိတဲ့ မည်သည့် အကျဉ်းသားများကိုမှမဆို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ နှင့် အကျုံးဝင်ပြီး မည်သည့် အကျဉ်းသားကိုမှ ပြစ်ဒဏ် ခွဲခြားထားခြင်း မရှိပါ”ဟု လွှတ်တော်တွင် မေးမြန်းမှုကို ဖြေ ကြား ပြောဆိုသွားခဲ့သည်။

ပြစ်ဒဏ် ကြွေးကျန်များနှင့် ဆက်စပ်၍ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်တွင် ၄၀၁ (၁) လက်မှတ်ရေးထိုးကာ လွတ်မြောက်လာရာ ယခုနှစ် မေလဆန်းပိုင်းက ရဲတပ်ဖွဲ့ဝင်များအား အသရေဖျက်မှုဖြင့် ထောင်ဒဏ်သုံးလ ချမှတ်လိုက်ပြီး ကြွင်းကျန်ပြစ်ဒဏ် ခြောက်နှစ်ကို တစ်ပါတည်းကျခံရန် ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ထုတ်ခဲ့သည်။ ယင်းနောက် ပြန်လည် လွတ်မြောက်လာခဲ့သည်။

အစိုးရသစ်လက်ထက် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းမှာ ဆယ်ကြိမ်မြောက် ရှိပြီဖြစ်သည်။

ကေဇင်ဦး
Mizzima - News in Burmese

Thit Htoo Lwin - News


အလင်းရှင်သို့ ဦးညွတ်ခြင်း (မောင်ဘုန်းနွယ်၊ဂန္ထဝင်ရွှေမြေ)


                 အလင်းရှင်သို့  ဦးညွတ်ခြင်း

                  *ရွက်ဟောင်းကြွေကျ၊မြေမှာ ခ ၍
                    တွန်ကြ ဥသြ၊တေးသံနှောပေါ့။
                  *ပိတောက်ရွှေခိုင်၊ဖူးပွင့်မြိုင်၍
                    ကြိုင်လှိုင်ရနံ့၊ထုံသင်းပျံ့ပေါ့။
                  *ပိတောက်ပွင့်ပြန်၊ဥသြတွန်တော့
                    ဂိမှာန်နွေနှောင်း၊နှစ်သစ်ပြောင်း၍
                    နှစ်ဟောင်း ကုန်ဆုံးခဲ့ပြီကော.......
                    ဤသို့လျှင်.......
                   *လမှ နှစ်ဆီ၊ချိန်ရာသီတို့
                     လှည့်လည်ကူးပြောင်း၊နှစ်တာညောင်း၍
                     နှစ်ပေါင်း ရာသို့ ချီခဲ့ပြီ။
                  *နှစ်တွေကြာညောင်း၊ဘယ်သို့ပြောင်းလည်း
                    ဖြစ်ကြောင်းရာဇဝင်၊သမိုင်းတွင်သည့်
                    သန့်စင်ပေါက်ဖွား၊ရခိုင်သားဟု
                    ကျော်ကြားကမ္ဘာ၊ပျံ့နှံ့ပါသော
                    ဆရာတော်(ဦး)ဥတ္တမ၊အာဇည၏
                    အာဂသတ္တိ၊စာကဝိနှင့်
                    ချစ်၏မျိုးဂုဏ်၊အဖုံဖုံကား
                    စာစုံမော်ကွန်း၊ရေးပြုညွှန်းလည်း
                    ကုန်ခမ်းဖွယ်ရာ၊မရှိပါတည်း။
                   ယခုအခါ.........
                   *ပြည်ကြီးမဏ္ဍိုင်၊ငါရခိုင်ဟု
                     တုပြိုင်မာန၊ခင်းကျင်းကြလျှင်
                     ကွဲကြ ပြဲကြ၊ဖြစ်နေကြလျှင်
                     ရက္ခမျိုးနွယ်၊ပျောက်သုဉ်းကွယ်လိမ့်။
                    *ထို့ကြောင့်ပင်လျှင်........
                     အသျှင်(ဦး)ဥတ္တမ၊အာဇည၏
                     အာဂစိတ်ထား၊အလေးထားကာ
                     တို့များခုခါ၊ညီညာစွာဖြင့်
                     ဆရာ၏ဂုဏ်၊အဖုံဖုံကို
                     အာရုံမှန်းဆ၊စိတ်ဆန္ဒဖြင့်
                     ဦးချ ပူဇော်ကြပါမည်........။          ။

                                                မောင်ဘုန်းနွယ်၊(ဂန္ထဝင်ရွှေမြေ)
             ၂၀၁၁-ခုနှစ်တွင် ထိုင်းနိုင်ငံ၊မဟာချိုင်မြို့၌ ကျင်းပပြုလုပ်သည့် ဆရာတော်ဦးဥတ္တမ၏
              (၇၂)နှစ်မြောက် အောက်မေ့ဖွယ်အခန်းအနား၌ ဂုဏ်ပြုပူဇော်ဖွဲ့သီပါသည်။

          
              

တောပန်း


       တောပန်း

          *စိမ်းစိုမြရွက်၊ဟိုအထက်မှာ
            ခိုလျက်တေးသီ၊ရဲရဲနီသည့်
            နှင်းဆီလောက်လည်း မလှပါ။
        
           *သင်းပျံ့ပျံ့လေး၊ရနံ့မွှေး၍
             ဖြူဖွေးစင်ကြယ်၊တောမြိုင်လယ်မှာ
             စပယ်လိုလည်း မမွှေးပါ။

            *တစ်ခက် နှစ်ခက်၊ခေါင်းချင်းယှက်၍
                                                                    ဝင်းလက်ကြည်လင်၊ပန်းသဇင်လို
                                                                    တော်ဝင်နန်းလည်း မထိုက်ပါ။
    
                                                                   သို့သော်..........
                                                                   *သူ့ပွင့်ရနံ့၊သင့်ရုံဖြန့်၍
                                                                    တစ်ကန့် တစ်နေရာ၊စွမ်းသည့်တာမှ
                                                                    မြေကမ္ဘာလှ၊ခြယ်ကာသသည်
                                                                    မှုန်ပျပျလေး ပွင့်နေမည်...
                                                                    တစ်ပွင့် နှစ်ပွင့် ရှေ့သို့ချီ.........။       ။

                                                                                         လမင်းသော်တာ

Monday, July 29, 2013

ဂျင်မီကာတာ မြောက်ကိုရီးယားသွားမည်

ဗွီအိုအေ (မြန်မာပိုင်း)
သမ္မတဟောင်း ဂျင်မီကာတာ (Jimmy Carter) ဟာ မြောက်ကိုရီးယားနိုင်ငံကို ကိုယ်ရေးကိုယ်တာ ခရီးသွားရောက်မှာဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်က ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားမှာ အထိန်းသိမ်းခံနေရတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန် နိုင်ငံသားတဦး လွတ်မြောက်ရေးအတွက် သမ္မတဟောင်း ဂျင်မီကာတာက မြောက်ကိုရီးယားနိုင်ငံကို သွားဖို့ရှိတယ်ဆိုတဲ့ သတင်းနဲ့လည်း အိမ်ဖြူတော်ရဲ့အပြောက တိုက်ဆိုင်နေပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရသူ ဂျော့ရှ် အန်းနတ်စ် (Josh Earnest) က ဂျင်မီကာတာဟာ သူ့အစီအစဉ်နဲ့သူ ကိုယ်ရေးကိုယ်တာခရီး သက်သက် သွားရောက်မှာ ဖြစ်တယ်လို့ ဒီနေ့ သတင်းထောက်တွေကို ပြောဆိုလိုက်ပေမဲ့ တခြားမေးခွန်းတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကိုပဲ ရည်ညွှန်းလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ သမ္မတဟောင်း ဂျင်မီကာတာဟာ ပြုံယမ်းမြို့ကို သွားရောက်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောထားပါတယ်။

လောလောဆယ် ဂျင်မီကာတာဟာ ကိုလံဘီယာနိုင်ငံ ဘိုကိုတာမြို့မှာ ရောက်ရှိနေပြီး (River Blindness Disease) ခေါ် မျက်စေ့ကွယ်ရောဂါ တိုက်ဖျက်ရေး အောင်မြင်တဲ့ အထိမ်းအမှတ်ပွဲမှာ ပါဝင်ဆင်နွှဲနေတယ်လို့ ကာတာဖောင်ဒေးရှင်း ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။

သမ္မတ ကာတာအနေနဲ့ မြောက်ကိုရီးယားကို ချက်ချင်းသွားဖို့ အစီအစဉ် မရှိသေးပါဘူးလို့လည်း ပြောပါတယ်။

တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီကတော့ မစ္စတာ ကာတာ ဟာ အထိန်းသိမ်းခံ ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသား ကန်းနတ် ဘေး (Kenneth Bae) ကို လွှတ်ပေးရေး တိုက်တွန်းဖို့အတွက် ပြုံယမ်းမြို့ကို သွားဖို့ ရှိတယ်လို့ တနင်္လာနေ့က ဖော်ပြထားပါတယ်။

အီဂျစ်အကျပ်အတည်း EU စေ့စပ်ဖို့ကြိုးပမ်း

ဗွီအိုအေ (မြန်မာပိုင်း)
အီဂျစ်အစိုးရအနေနဲ့ မူဆလင်ညီအကိုတော်များအဖွဲ့ကို ထိတွေ့ဆက်ဆံပါရန် EU ဥရောပသမဂ္ဂ ထိပ်တန်းသံတမန်တဦးက တိုက်တွန်းလိုက်ပါတယ်။ အီဂျစ်နိုင်ငံရေး အကျပ်အတည်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်နိုင်ရေး ကြားဝင် စေ့စပ်ပေးဖို့ EU သံတမန်က ကြိုးစားနေတာ ဖြစ်ပါတယ်။

ကိုင်ရိုမြို့ကိုရောက်ရှိနေတဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton က မူဆလင် ညီအကိုတော်များအဖွဲ့က တာဝန်ရှိသူတွေ၊  အီဂျစ်ကြားဖြတ်အစိုးရ ခေါင်းဆောင်တွေနဲ့ စစ်တပ်အကြီးအကဲတို့ကို မနေ့က တနင်္လာနေ့က သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဒါပေမဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ တစုံတရာ ပြောဆိုခြင်း မရှိပါဘူး။  ဆွေးနွေးပွဲတွေ မတိုင်ခင်မှာတော့ အသွင်ကူးပြောင်းရေး အစိုးရမှာ မူဆလင်ညီအကိုတော်များအဖွဲ့ အပါအ၀င် သက်ဆိုင်သူတွေအားလုံး အပြည့်အ၀ ပါဝင်ရေး တိုက်တွန်းကြောင်း Catherine Ashton က ကြောညာချက် ထုတ်ပြန်ပါတယ်။

အီဂျစ်စစ်တပ်က ယာယီအစိုးရ ဖွဲ့ခဲ့တာကို ဆန့်ကျင်တဲ့အနေနဲ့ ရာထူးက ဖယ်ရှားခံရတဲ့ သမ္မတ မိုဟာမက် မော်စီ ကို ထောက်ခံသူတွေက လုံခြုံရေးဌာနရုံးကို ချီတက် ဆန္ဒပြကြဖို့ မနေ့ညနေပိုင်းမှာ နှိုးဆော်ထားပါတယ်။

မစ္စတာမော်စီကို ရာထူးက ထုတ်ပယ်တာကို ဆန့်ကျင်မှုနဲ့အတူ သူတို့ရဲ့ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာ ပြန်အဖတ်ဆည်ဖို့ သန်းနဲ့ချီတဲ့ လူထုဆန္ဒပြပွဲကြီး ဒီနေ့ အင်္ဂါနေ့မှာ ကျင်းပဖို့အတွက် မော်စီ ထောက်ခံသူတွေက တနလာင်္နေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အီဂျစ်ပြည်သူတွေကို နှိုးဆော်ခဲ့ကြပါတယ်။

မော်စီထောက်ခံသူတွေအနေနဲ့ စစ်တပ်နဲ့ဆိုင်တဲ့ အဆောက်အဦးတွေ၊ ပစ္စည်းတွေ အထူးသဖြင့် စစ်တပ်ထောက်လှမ်းရေးဌာနချုပ် အဆောက်အဦးကို ဝေးဝေးက ရှောင်ကြဖို့ သတိပေးထားပါတယ်။ စစ်တပ်ထောက်လှမ်းရေး ဌာနချုပ်လို နေရာတွေဟာ အထူးအရေးပါတဲ့အတွက် အနားကပ်သူ ဘယ်သူမဆို အန္တရာယ်နဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးထားတာပါ။

မြန်မာရေတပ်အကြီးအကဲ အိန္ဒိယခရီးစဉ်

ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာရေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေဟာ အိန္ဒိယနိုင်ငံ ရေတပ်အကြီးအကဲနဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံပြီးတော့ နှစ်နိုင်ငံ ရေတပ်အကြား ဆက်ဆံရေး တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံ အနေအထားအရ အိန္ဒိယဘက်က မြန်မာနဲ့ ဆက်ဆံရေးကို တိုးမြှင့်လိုတာနဲ့ တောင်တရုတ်ပင်လယ်တွင်းမှာ အိန္ဒိယနဲ့ စစ်အင်အား ချဲ့ထွင်လိုတာကြောင့်ဖြစ်တယ် ဆိုပြီးတော့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒီအကြောင်း Reuters သတင်းတပုဒ်ကို အခြေခံပြီးတော့ ကိုအောင်အောင် က တင်ပြထားပါတယ်။မြန်မာရေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေဟာ အိန္ဒိယ ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒီဗန်ဒရာ ကူမာ ဂျိုရှီ (D.K. Joshi) နဲ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ တွေ့ဆုံပြီး အိမ်နီးချင်း နှစ်နိုင်ငံ ရေတပ်အကြား ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ မြန်မာရေတပ် အကြီးအကဲ တစ်ဦးအနေနဲ့ အိန္ဓိယနိုင်ငံကို တရားဝင် အလည်အပတ် ရောက်ရှိလာတာဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဌာနရှေ့မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေဟာ အိန္ဒိယကာကွယ်ရေးဝန်ကြီး အရခ်ခါ ပါရမ်ဘေလ် ခူရိမ် အန်တိုနီ (Arackaparambil Kurien Antony) နဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ အိန္ဒိယရေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒီဗန်ဒရာ ကူမာ ဂျိုရှီ ကတော့ အခုလို တွေ့ဆုံမှုဟာ နှစ်နိုင်ငံ ရေတပ်အကြား ပိုမို ဆက်ဆံရေးကို တိုးမြှင့်ဖို့ကို ဆောင်ရွက်ဖို့ ဖြစ်တဲ့အကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပါတယ်။ မြေပြင်၊ ရေပြင်၊ နယ်စပ်နဲ့ ရေတပ်ချင်းလည်း နီးနီးကပ်ကပ် ဆက်ဆံရေး ရှိပါတယ်။ အခု တွေ့ဆုံပွဲအတွင်းမှာတော့ အခုလို နီးကပ်တဲ့ ဆက်ဆံရေးထက်ပိုပြီး နောက်တဆင့် မြှင့်ဖို့ ဆွေးနွေးကြမှာပါဆိုပြီး ဗိုလ်ချုပ်ကြီး ဂျိုရှီ က ပြောပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ နှစ်ကာလကြာမြင့်စွာကတည်းက နှစ်နိုင်ငံတပ်ဖွဲ့တွေကြား နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။

အထူးသဖြင့် အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ပြိုင်ဘက် တရုတ်နိုင်ငံနဲ့ ဒေသတွင်းမှာ အင်အား ချိန်ခွင်လျှာညှိနိုင်ဖို့အတွက် အရှေ့တောင်အာရှဒေသက တောင်တရုတ်ပင်လယ်တွင်းနဲ့ မလက္ကာရေလတ်ကြားမှာ အင်အားတိုးချဲ့ဖို့ကိုလည်း ဆောင်ရွက်နေတာပါ။ အိန္ဒိယအခြေစိုက် ၁၉၉၀ ရွေးကောက်ပွဲလွှတ်တော်အမတ် ဒေါက်တာတင့်ဆွေ ကတော့ အခုလို ပြောပါတယ်။

“တရုတ်နိုင်ငံရဲ့ စစ်အင်အားနဲ့ ယှဉ်ပြိုင်နိုင်အောင် အာဆီယံနိုင်ငံတွေနဲ့ ပိုပြီးတော့ အိန္ဒိယက တိုးလာတယ်။ မကြာသေးခင်က ဗီယက်နမ်ကို သူတို့ ကမ်းလှည့်ရေယာဉ်တွေအတွက် သန်း ၁၀၀ ပေးမယ်လို့ သတင်းတွေ ထွက်လာတယ်။ ဆိုတော့ကာ အိန္ဒိယက ဗမာနိုင်ငံနဲ့လည်း အလားတူပေါ့လေ ဘင်္ဂလားပင်လယ်အော်ကို အကြောင်းပြုပြီးတော့ ရေတပ်ချင်း ဆက်ဆံမှုကလည်း သေချာပေါက် တိုးလာမှာဖြစ်ပါတယ်။”

ဒါ့အပြင် စစ်ရေးတစ်ခုတည်းသာ မဟုတ်ဘဲ ဒေသတွင်း စီးပွားရေးဆိုင်ရာ အခင်းအကျင်းတွေကြောင့်လည်း အိန္ဒိယဘက်က အခုလို မြန်မာနဲ့ ဆက်ဆံရေး နီးကပ်လိုတာ ဖြစ်တယ်ဆိုပြီးတော့လည်း ဒေါက်တာတင့်ဆွေက ဆက်ပြောပါတယ်။

“လုံခြုံရေး၊ ကာကွယ်ရေးတင် မကဘဲနဲ့ စီးပွားရေး အချက်အခြာပေါ့လေ ဥပမာ - သဘာဝဓာတ်ငွေ့သိုက်တွေကလည်း အဲ့ဒီထဲမှာရှိတယ်။ အလားတူပဲ အိန္ဒိယက လုပ်နေတဲ့ ကုလားတန်မြစ်ဝမြစ်ကြောင်းနဲ့ စီမံချက်တွေကလည်း ဘင်္ဂလားပင်လယ်အော် အ၀မှာ ရှိနေတော့ကာ အိန္ဒိယအတွက်လည်း အင်မတန်မှ အရေးပါတဲ့ အနေအထားဖြစ်တယ်။ ဆိုတော့ကာ အိန္ဒိယကလည်း ဗမာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုပြီးတော့ ရချင်မှာဖြစ်သလို၊ ဗမာနိုင်ငံကလည်း ဒီအပေါ်မှာ ချိန်ဆရမယ်လို့ ကျနော် ယူဆနိုင်ပါတယ်။”

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံ အရှေ့နယ်စပ်နဲ့ မိုင် ၁၀၀၀ ကျော် ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း အခြေချတပ်စွဲထားတဲ့ အိန္ဒိယလက်နက်ကိုင် သူပုန်တွေကို နှိမ်နင်းဖို့အတွက် အိန္ဒိယဘက်က မြန်မာဘက်ကနေ အကူအညီကို လိုအပ်နေတာအပြင် မြန်မာနဲ့ နယ်စပ်ချင်း ကုန်သွယ်မှုကနေ သီးခြားဖြစ်နေတဲ့ အိန္ဒိယအရှေ့မြောက်ဒေသကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ချင်နေတာလည်း ဖြစ်ပါတယ်။

Tuesday, July 30, 2013 လာမယ့် ၂ ရက် အထိ ဆက်ပြီး မိုးကြီးနိုင်

အခု ရက်ပိုင်း အတွင်း မြန်မာ နိုင်ငံ နေရာ အနှံ့ မိုးကြီး နေတဲ့ အတွက် မြေပြိုမှု၊ မြစ်ရေကြီးမှု၊ တောင်ပေါ် ကားလမ်း မြေပြိုမှု အန္တရာယ်တွေ ရှိနေ ပါတယ်။

ဇူလိုင်လ အတွင်း ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်နေတဲ့ အတွက် မုတ်သုန်လေ အားကောင်း ရာက ပိုမို အားကောင်းတဲ့ အခြေ အနေ အထိ ဖြစ်လာခဲ့ တာကြောင့် မြန်မာ နိုင်ငံက ပြည်နယ်နဲ့ တိုင်းဒေသကြီး တခိျု့မှာ အခုရက်ပိုင်း အတွင်း မိုးကြီး နေတယ်လို့ မြန်မာ နိုင်ငံ မိုးလေ ဝသနဲ့ ဇလ ဗေဒ ဌာနက ပြောပါတယ်။

ဧရာ ဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သရီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်တို့ မှာ မြစ်ရေကြီးမှု၊ ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ မိုးလေဝသနဲ့ ဇလ ဗေဒ ညွှန်ကြားမှု ဦးစီး ဌာနက ဒုတိယ ညွှန်ကြား ရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

မိုးကြီး ရေလျှံနိုင်တဲ့ အခြေ အနေကြောင့် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ အတွက် လွန်ခဲ့တဲ့ ရက်ပိုင်း ကတည်းက မိုးလေဝသနဲ့ ဇလ ဗေဒ ညွှန်ကြားမှု ဦးစီး ဌာနက ပြည်သူတွေကို သတိပေးချက်တွေ ထုတ်ပြန် ထားရာမှာ တောင်ပေါ်လမ်းတွေ မြေပြိုနိုင်တဲ့ အတွက် မလိုအပ်ဘဲ ခရီး မသွား ကြဖို့၊ ဘေးအန္တရယ် ကျရောက် လာရင်လည်း ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး အန္တရာယ် ကျော်လွှားဖို့ လိုတယ်၊ အနိမ့်ပိုင်းတွေ ရေဝင်တဲ့ အခါ ရေမဝင်တောင် အတား အဆီးတွေ လုပ်ဖို့၊ ရတွေ ဝင်လာရင် အမြန် ရေပြန်ထုတ်နိုင်တဲ့ စနစ် ဆောင်ရွက် ထားဖို့ စသဖြင့် ကြိုတင် သတိပေးထားပြီး ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

လောလောဆယ်တော့ ကော့ကရိတ်မှာ နှစ်ရက် ဆက်တိုက် မိုးရေချိန် ၁၀ လက္မ ဝန်းကျင် မိုးရွာပြီး ဧရာ ဝတီတိုင်း ငါးသိုင်းချောင်းမှာ စိုးရိမ် ရေမှတ် အထက် ၉ စင်တီမီတာ အထိ ရောက်နေ ပြီး မအူပင်မှာ အနိမ့်ပိုင်း ဒေသတွေ ရေမြုပ် နေတယ်လို့ သူက ပြောပါတယ်။

အလားတူ တနင်္ဂနွေ နေ့က စတင်ပြီး မြစ်ကြောင်း ရှည်လျားတဲ့ သံလွင် မြစ်မှာ ရေကြီးနေလို့ ရှမ်းပြည် ဘက်ကနေ စတင် စီးဆင်းလာတဲ့ ရေတွေက အောက်ပိုင်းမှာ လာစုတဲ့ အတွက် ဖားအံ မြို့မှာ စိုးရိမ် ရေမှတ် အထက် တစ်ပေခွဲ နှစ်ပေ လောက် အထိ ရောက်နေပြီး ရေကြီး နေတယ်လို့ ဦးချစ်ကျော်က ပြောပါတယ်။

လာမယ့် နှစ်ရက်လောက် အထိ ဆက်လက် ရေကြီး နေမှာ ဖြစ်ပြီး နှစ်ရက် ကျော်သွားရင် မြန်မာ နိုင်ငံ အရပ်ရပ်မှာ မိုးပြန်လျော့ သွားမယ်လို့ ခန့်မှန်း ပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

Tuesday, July 30, 2013 အီရတ်မှာ ဗုံးခွဲမှုတွေကြောင့် လူ ၅၀ ကျော် သေဆုံး

အီရတ်နိုင်ငံ ဘဂ်ဂဒက် မြို့တော်မှာ လူပေါင်း ၅၁ ဦး ထက်မနည်း သေဆုံးခဲ့ရတဲ့ ကားဗုံးခွဲ တိုက်ခိုက် မှုတွေကို အဲလ်ခိုင်းဒါး အကြမ်းဖက် အဖွဲ့က လုပ်ဆောင် တာလို့ အီရတ် ပြည်ထဲရေး ဝန်ကြီး ဌာနက စွပ်စွဲ ပြောကြားလိုက် ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် တခြားလူ အတော် များများ လည်း ဒဏ်ရာ ရရှိသွား ပါတယ်။

တိုက်ခိုက်မှု တွေဟာ အဓိက အားဖြင့် ရှီယာ မွတ်ဆလင်တွေ နေတဲ့ ဘက်တွေမှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပြီး၊ စနစ် တကျ စီစဉ် တိုက်ခိုက် ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါ တယ်။

မနက်ပိုင်း အလုပ်များချိန် လူစည်ကားတဲ့ ဈေးတွေ လမ်းတွေ ဘက်ကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဧပြီလ ကတည်းက စလို့ အလားတူ တိုက်ခိုက် မှုတွေ ဆက်တိုက် ဆိုသလို တိုးပွားလာ ခဲ့တာ ကြောင့် လူပေါင်း ၃ ထောင် ကျော် သေဆုံး ခဲ့ရပြီ ဖြစ်ပါတယ်။

ဒီအတွက် အီရတ် နိုင်ငံဟာ ဂိုဏ်းဂဏကွဲ တင်းမာ မှုတွေ ဖြစ်နေတဲ့ အခြေ အနေကို ပြန်ရောက်သွား ပြီလား ဆိုတဲ့ စိုးရိမ် မှုတွေ တိုးပွား လာနေ ပါတယ်။

လွန်ခဲ့တဲ့ ၇ နှစ် ကတော့ အခုလို ဖြစ်ရပ် တွေကြောင့် အီရတ်ကို ပြည်တွင်းစစ် ချောက် ကမ်းပါးထဲ တွန်းပို့ သလို ဖြစ်စေခဲ့ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Sunday, July 28, 2013

သတင်းမီဒီယာကောင်စီ ဥပဒေမူကြမ်း လွှတ်တော် ၂ ရပ်ကို အဆိုပြုမည်

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (ယာယီ) က ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေမူကြမ်းကို ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က လွှတ်တော်ကို ပြန်ကြားရေး ၀န်ကြီးဌာနက ကိုယ်စားပြုပြီး တင်ပြမပေးနိုင်ဘူးလို့ တရားဝင် ပြောလိုက်တဲ့ အတွက် လွှတ်တော် ၂ ရပ်က လွှတ်တော် ကိုယ်စားလှယ်တွေ ကတဆင့် ဒီ ဥပဒေကြမ်းကို တင်ပြတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် (ယာယီ) နိုင်ငံတော် သမ္မတ တရားဝင်ဖွဲ့စည်းပေးထာတဲ့ အဖွဲ့အစည်းဖြစ်တဲ့ အတွက် အငြင်းပွား စရာတွေ ဖြစ်နေတဲ့ သတင်းမီဒီယာ ဥပဒေကိစ္စကို တွေ့ဆုံပြောကြားဖို့ စီစဉ်ထားတယ်လို့လည်း သတင်းမီဒီယာကောင်စီက ပြောခွင့်ရှိသူတွေ ကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း၊ ရန်ကုန် သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် က သတင်းမီဒီယာကောင်စီကို ရေးဆွဲဖို့ တရားဝင်ပြောခဲ့တဲ့ သတင်းမီဒီယာဥပဒေ မူကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ကိုယ်စားပြုပြီး လွှတ်တော် နှစ်ရပ်ကို ရောက်ရှိအောင်တင်ပေးဖို့ မရှိဘူး လို့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် က နေပြည်တော်မှာ သတင်းမီဒီယာကောင်စီ က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောလိုက်တဲ့အတွက် သတင်းမီဒီယာ
ကောင်စီ က တာဝန်ရှိသူတွေက လွှတ်တော် ကိုယ်စားလှယ်တွေ ကတဆင့် လွှတ်တော်ထဲ ရောက်အောင် တင်ပြမယ်လို့ ဒီကနေ့ သတင်းမီဒီယာကောင်စီ ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာ ပြောခွင့်ရှိသူ ဦးသီဟစော က ပြေပါတယ်။

နိုင်ငံရေး အကျဉ်းသား ၁၁၅ ဦး ကျန်ရှိ

မန်မာနိုင်ငံက အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေး အကျဉ်းသား ၁၁၅ ယောက် ကျန်ရှိနေသေးကြောင်း ဒီနေ့ ကျင်းပတဲ့ လက်ကျန်နုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီအစည်းအေးမှာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီရဲ့ ပဉ္စမအကြိမ်မြောက် အစည်းအေးကို ရန်ကုန်မြို့ ရွှေလီလမ်း မှာရှိတဲ့  မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့နေ့လည်ပိုင်းက   ကျင်းပခဲ့စဉ် အစိုးရတာန်ရှိသူတွေထံ တင်ပြခဲ့တာလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက အာအက်ဖ်အေ ကို ပြောပါတယ်။

အခုဟာကတော့ ကျနော်တို့တင်ထားတဲ့ စာရင်းကတော့ ၁၁၅ ယောက်ရှိတယ်၊ နောက်ဆုံးတင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းပေါ့၊ ကျနော်တို့ အတည်ပြုထားတဲ့စာရင်းကို ပေးလိုက်တယ်၊ တစ်ဖက်ကလည်း ပြီးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်တာတွေနဲ့ ပတ်သက်တဲ့ကိစ္စ၊ နောက်ကျနော်တို့က လက်ကျန်နိုင်ငံရေးသမားတွေကို စိစစ်တဲ့အခါမှာ အရေအတွက်အားဖြင့်လည်း နည်းလာတဲ့အခါကျတော့ အမှုကိုလိုက်ပြီး အသေးစိတ်စိစစ်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းပေါ့လေ ကျနော်တို့ဆွေးနွေးပြောဖြစ်တယ်”
ဇူလိုင်လ ၂၂ ရက်နေ့က သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား ၇ ကျော်လွှတ်ပေးခဲ့ရာမှာ ပုဒ်မ ၁၇ () မတရားသင်း ဆက်သွယ်မှုပုဒ်မနဲ့ အဖမ်းခံထားရသူအများစု လွတ်မြောက်ခဲ့တာပါ။

သမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်တွေအတွင်း ဒီနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံ မှာ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။
အဲဒီ လက်ကျန်နိုင်ငံရေး အကျဉ်းသား ၁၁၅ လောက်မှာ လတ်တလော ခွင့်ပြုချက်မရပဲ စီတန်းလှည့်လည်လို့ တရားစွဲဆို အရေးယူခံနေရသူတွေ မပါသေးကြောင်းပြောပါတယ်။ ဒါပေမယ့် ပုဒ်မ ၁၈နဲ့ တရားစွဲခံထားရသူတွေကို အမြန်ဆုံး တရားစီရင်ပေးဖို့ကိုလည်း ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ အစည်းအေးကို လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ ဥက္ကဌ သမ္မတရုံးန်ကြီး ဦးစိုးသိန်း၊ ကော်မတီမှာပါင်တဲ့ နိုင်ငံရေးပါတီတွေ က တာန်ရှိပုဂ္ဂိုလ်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားနဲ့ ပတ်သက်တဲ့ အသင်းဖွဲ့တွေ က တာန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။

Sunday, July 28, 2013 လစ်ဗျားအကျဉ်းသား ၁,၀၀၀ ကျော် ထောင်ဖောက်ပြေး

လစ်ဗျားနိုင်ငံတလွှား ဆန္ဒပြသူတွေက နိုင်ငံရေးပါတီရုံးတွေကို ၀င်စီးခဲ့ရာကနေ လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဘန်ဂါဇီမြို့နားက အကျဉ်းထောင်ကနေ အကျဉ်းသား ၁,၀၀၀ ကျော် လွတ်သွားခဲ့ပါတယ်။

စနေနေ့က Al-Kuifiya အကျဉ်းထောင်ဖောက်မှုဟာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်မှုရှိမရှိ၊ အကျဉ်းသားတွေဟာ အပြင်ကလူတွေရဲ့ အကူအညီ ရယူခဲ့ခြင်း ရှိမရှိဆိုတာကတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ၀န်ကြီးချုပ် Ali Zeidan က သူတို့ပတ်ဝန်းကျင်မှာ အကျဉ်းထောင်ရှိနေတာကို မလိုလားတဲ့ဒေသခံတွေက ထောင်ဖောက် ဖျက်နိုင်အောင် အကျဉ်းသားတွေကို အကူအညီပေးခဲ့တယ်လို့ အပြစ်ဖို့ ပြောဆိုသွားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ထရစ်ပိုလီနဲ့ ဘန်ဂါဇီ မြို့တွေမှာ ထောင်နဲ့ချီတဲ့ လစ်ဗျားပြည်သူတွေဟာ မူဆလင်ညီအစ်ကိုတော်များအဖွဲ့ အပါအ၀င် နိုင်ငံရေးပါတီတွေကို ဆန့်ကျင်တဲ့ ကန့်ကွက်ပွဲတွေကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။ သူတို့က တိုင်းပြည်တ၀ှမ်းဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေအပေါ်မှာ ပြစ်တင်ပြောဆိုထားပါတယ်။

ဆန့်ကျင်ဆန္ဒပြသူ အတော်များများက ထရစ်ပိုလီမှာရှိနေတဲ့ မူဆလင်ညီအစ်ကိုတော်များအဖွဲ့ ရုံးခန်းနဲ့ တခြား အစ္စလာမ် မဟာမိတ်ရုံးခန်းတွေကို ၀င်ရောက်စီးနင်းခဲ့ကြပြီး ပရိဘောဂတွေကို ဖျက်ဆီးခဲ့ကြပါတယ်။

ဘန်ဂါဇီမှာရှိတဲ့ မူဆလင်ညီအစ်တော်များအဖွဲ့ရဲ့ ရုံးခန်းလည်း အစီးနင်းခံရတဲ့အကြောင်း မျက်မြင်သက်သေတွေက ပြောကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Thit Htoo Lwin - World News


Sunday, July 28, 2013 ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို ရှေ့နေကွန်ရက် တရားစွဲမယ်

ရန်ကုန်မြို့၊ ကမ်းနားလမ်းမှာရှိတဲ့ စုပေါင်းတိုင်းတရားရုံးနဲ့ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီ လွှဲပြောင်းရောင်းချလိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်တို့ကို မြန်မာနိုင်ငံရှေ့နေများကွန်ရက်က တရားစွဲဆိုသွားမယ်လို့ ဒီနေ့ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ အစည်းအဝေးပြုလုပ်ပြီး ပြောကြားလိုက်တာဖြစ်ပါတယ်။

စုပေါင်းတိုင်းတရားရုံးနဲ့ တရားလွှတ်တော်ရုံးတွေကို ဟိုတယ်အဖြစ် လွှဲပြောင်းတာဟာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတာကြောင့် မကြာခင်မှာ တရားစွဲဆိုသွားမယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က တရားလွှတ်တော် ရှေ့နေ ဦးကိုနီကပြောပါတယ်။

"အင်မတန် ခန့်ညားထည်ဝါတဲ့ ကျနော်တို့ရဲ့ ရန်ကုန်တိုင်းတရားရုံးကြီး ရှိနေပါလျှက်နဲ့ အင်မတန် ခန့်ညားထည်ဝါတဲ့ တရားရုံးကြီးကို ဟိုတယ်လုပ်ပြီးတော့ အင်မတန် သေးသိမ်တဲ့အဆင့်မှာရှိတဲ့ အဆောက်အအုံတွေမှာ ကျနော်တို့ရဲ့ တရားရေးယန္တရားကို အကောင်အထည်ဖော်နေတာဟာ ဝမ်းနည်းစရာကောင်းသလို တိုင်းပြည်ရဲ့ပုံရိပ်လည်း မကောင်းပါဘူး၊ အဲတော့ ဒီပြဿနာဟာ ကျနော်တို့ ရှေ့နေပြဿနာ၊ တရားသူကြီးပြဿနာ မဟုတ်ပါဘူး၊ ကျနော်တို့တိုင်းပြည်ရဲ့ပုံရိပ်ကို အများကြီးထိခိုက်စေတဲ့ ပြဿနာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြဿနာဖြစ်တယ်ဆိုတာကို ကျနော်တို့ရှေ့နေများကွန်ရက်က တရားစွဲဖို့ဆုံးဖြတ်ထားပြီး မကြာခင်မှာ တရားစွဲဆိုမှာဖြစ်ပါတယ်”

တရားစွဲဆိုမယ့် အကြောင်းကြားစာကို ပြီးခဲ့တဲ့ ဧပြီလ(၉)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်ထံ ပေးပို့ခဲ့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီ လွှဲပြောင်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး စုပေါင်းတိုင်းတရားရုံးရှေ့မှာ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ဆန္ဒပြခဲ့ကြပါတယ်။

RFA Burmese

Thit Htoo Lwin - News

Sunday, July 28, 2013 အီဂျစ် အကြမ်းဖက်မှု သေဆုံးသူ ၆၅ယောက် ရှိသွားပြီ

အီဂျစ် နိုင်ငံမှာ ဇူလိုင်လ အစောပိုင်းတုန်းက သမ္မတ မော်စီ ရာထူးက ဖယ်ရှား ခံရပြီးကတည်းက အဆိုးရွားဆုံး အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီး တရက်အကြာ ကိုင်ရိုမြို့ အရှေ့ဖက်က ဗလီ တခုမှာ မစ္စတာ မော်စီကို ထောက်ခံသူတွေက ဆက်လက် ထိုင်သပိတ် ဆင်နွှဲနေပါတယ်။

Rabaa al-Adawiya ဗလီ ထဲကနေ အနားက လမ်းကျယ်ကြီး တခုထဲကို ဆန္ဒပြ လူအုပ်ကြီး စပြီး ပြောင်းရွေ့စဉ်မှာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၆၅ယောက် သေဆုံးခဲ့ပါတယ်။

လက်နက်မဲ့ ဆန္ဒပ သမားတွေကို ရဲတွေက ပစ်ခတ်ခဲ့တယ်လို့ မစ္စတာ မော်စီရဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီပြောဆိုချက်တွေကို အီဂျစ် ပြည်ထဲရေး ဝန်ကြီး မိုဟာမက် အီဘရာဟင် က ငြင်းဆိုခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံး ကလွဲလို့ ဘယ်လက်နက်ကိုမှ မသုံးခဲ့ပါဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ဗလီ တဝိုက်မှာလည်း ထိုင်သပိတ် ဆင်နွှဲတာဟာ လူထုအတွက် အန္တရာယ် ဖြစ်စေတယ် ၊ သူ့အဆိုအရ ၊ မကြာခင်မှာ ဒါကို ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ မစ္စတာ အီဘရာဟင်က ဆိုပါတယ်။

အီဂျစ် နိုင်ငံက အခုနောက်ဆုံးဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ အပေါ် အလွန်အမင်း စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောပါတယ်။

အခြေအနေက တိုင်းပြည်အတွက် အရေးပါတဲ့ အချိန်ဘဲ လို့ သူက ပြောပြီး ၊ အာဏာပိုင်တွေ အနေနဲ့ ငြိမ်းချမ်းစွာ စုရုံးခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့် စတဲ့ အခြေခံ လူ့အခွင့်အရေး တွေကို လေးစား လိုက်နာဖို့ ပန်ကြားလိုက်ကြောင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ခ် ဟေဂယ်လ် ကလည်း အီဂျစ် စစ်တပ် အကြီးအကဲလည်းဖြစ် ၊ ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အယ်လ် အစီစီ ထံကို ဖုန်းဆက်ပြီး လက်ရှိ အာဏာ အကူးအပြောင်းမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပါဝင်တာကို မြင်လိုမယ်လို့ ပြောပါတယ်။

အစောပိုင်းတုန်းက ဗြိတိန်နဲ့ ဥရောပ သမဂ တို့ကလည်း အီဂျစ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပမှုတွေကို အင်အားသုံး ဖြေရှင်းတဲ့ အပေါ် ရှုတ်ချလိုက်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Thit Htoo Lwin - World News


Sunday, July 28, 2013 မီယာမီကမ်းခြေအနီး သေနတ်သမားတစ်ဦးက ဓားစားခံများ ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်ပွား

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မီယာမီကမ်းခြေအနီးတွင် သေနတ်သမားတစ်ဦးက ဓားစားခံများ ဖမ်ဆီးထားမှု ဖြစ်ပွားခဲ့ရာ သေနတ်သမား အပါအဝင် လူ ၇ ဦးသေဆုံးခဲ့သည်။ ဖလော်ရီဒါအချိန် စနေနေ့(ဇူလိုင် ၂၇ ရက်) နံနက်အစောပိုင်းတွင် မီယာမီကမ်းခြေအနီး လူနေတိုက်ခန်းတွဲတစ်ခု၌ သေနတ်သမားက ဓားစာခံများကို ဖမ်ဆီးထားခဲ့ခြင်းဖြစ်သည်။ ဓားစာခံ ၆ ဦးကို သေနတ်သမားက သတ်ဖြတ်ခဲ့ပြီးနောက် SWAT အထူးတပ်ဖွဲ့က အဆိုပါ တိုက်ခန်းကို စီးနင်းဝင်ရောက်ခဲ့ရာ တိုက်ခန်းစတုတ္ထထထပ်တွင် သေနတ်သမားကို အသေပစ်ခတ်ခဲ့ပြီး ဓားစာခံ ၂ ဦးကို ထိခိုက်မှုမရှိ ကယ်တင်နိုင်ခဲ့သည်။

တိုက်ခန်းမန်နေဂျာ အမျိုးသမီးနှင့် သူမ၏ ခင်ပွန်းတို့ကို တိုက်ခန်းလျှောက်လမ်းတွင် သေဆုံးခဲ့သည်။ အခြား အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးကိုလည်း တိုက်ခန်းတွဲရှိ အခန်းတစ်ခန်းတွင် သေဆုံးလျက်တွေ့ရှိရသည်။ နောက်ထပ် သေဆုံးသူတစ်ဦးကို တိုက်ခန်း၏ ဧည့်ခန်းဆောင်ဖြတ်လမ်းတွင် တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ 911 သို့ အရေးပေါ်ခေါ်ဆိုမှုကို နံနက် ၆း၃၀ တွင် ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့ပြီးနောက် အဆိုပါ တိုက်ခန်းတွဲတွင် နေထိုင်သူများကို ရွှေ့ပြောင်းမှုပြုလုပ်ခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ လမ်းများကို ပိတ်ဆို့လိုက်သည်။

အထူးတပ်ဖွဲ့ဖြင့် ဝင်ရောက်စီးနင်းခြင်းမပြုမီ ညှိနှိုင်းရေးအရာရှိများက သေနတ်သမားနှင့် ဆွေးနွေးခဲ့သေးကြောင်း သိရသည်။ သေနတ်သမား၏ ဓားစားခံဖမ်းဆီးထားမှုနှင့် အထူးတပ်ဖွဲ့က စီးနင်းဝင်ရောက်ကာ ဓားစားခံကယ်တင်မှု ဖြစ်စဉ်မှာ နာရီအနည်းငယ် ကြာမြင့်ခဲ့သည်။ ရဲတပ်ဖွဲ့က သေနတ်သမား အပါအဝင် သေဆုံးသူများအား မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

Planet Myanmar Network

Thit Htoo Lwin - World News


Saturday, July 27, 2013

Saturday, July 27, 2013 အဓမ္မပြုကျင့်ခံရသည်ဆိုသော သူငယ်တန်းကျောင်းသူနှင့် အတန်းဖော်နှစ်ဦးကို အုပ်ထိန်းသူ ကျောင်းထုတ်

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် မူလတန်းကျောင်းတစ်ကျောင်း တွင် အဓမ္မပြုကျင့် ခံခဲ့ရသည်ဟုဆိုသည့် သူငယ်တန်းကျောင်းသူ နှင့်အ တူ နေထိုင်သည့် အတန်းဖော်ကျောင်းသူနှစ်ဦး တို့ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် အုပ်ထိန်းသူက ကျောင်းထုတ်သွားကြောင်း ကျောက်တန်း မြို့နယ်ပညာရေး မှူးက The Voice သို့ ပြောကြားသည်။

တည်းခိုခန်းပိုင်ရှင်က ခေါ်ယူမွေးစားထားသည့် အဆိုပါ အဓမ္မပြုကျင့်ခံရ သည့် ကျောင်းသူသည် ဇွန်လ ၂၇ ရက်နေ့က နေမကောင်း ဟုဆိုကာ အုပ်ထိန်းသူက ခွင့်တိုင်ခဲ့ပြီး ကျောင်းထုတ်သွားသည့် အချိန်အထိ ကျောင်းပြန် မတက်ခဲ့ကြောင်း၊ အခြားနှစ်ဦးမှာ ခွင့်မဲ့ ပျက်ကွက်နေသဖြင့် စာသင်ကျောင်းသို့ လာရောက်တွေ့ဆုံရန် အုပ်ထိန်းသူကို အကြောင်းကြားခဲ့ကြောင်း မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ဆိုသည်။

ကလေးများကို မူလအုပ်ထိန်းသူဖြစ်သည့် ဗဟန်းမြို့နယ် တောင်ကြီးကျောင်း တိုက်တွင် သီတင်းသုံးနေသည့် ဆရာတော်တစ်ပါးက ပြန်လည်ခေါ်ယူ သွား ၍ ကျောင်းထုတ်ခွင့်ပြုရန် တည်းခိုရိပ်သာ မန်နေဂျာက စာသင်ကျောင်းသို့ လာရောက် ပြောဆိုသဖြင့် နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ၎င်းကထပ်မံ ပြော ဆိုသည်။

“အုပ်ထိန်းသူကိုယ်တိုင် ခွင့်တောင်းမှတော့ ခွင့်မပြုလို့မရဘူး” ဟု ကျောင်းအုပ်ဆရာကြီးက ပြောကြားသည်။

အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်သည် ၎င်းနေထိုင်ရာ တည်းခိုရိပ်သာ အတွင်းရှိ ကောက်ရိုးပုံတွင် လူကြီးတစ်ဦးက အဓမ္မ ကျူးလွန်သည်ဟု မြို့နယ်ဆရာဝန်၊ ပညာရေးမှူး၊ အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များရှေ့တွင် ထွက်ဆိုခဲ့ကြောင်း၊ တစ်ပတ်ခန့် အကြာတွင် အတန်းဖော် ကျောင်းသားတစ်ဦးက ကျူးလွန်ပါသည်ဟု ပြောင်းလဲထွက်ဆိုခဲ့၍ အတန်းဖော် သူငယ်တန်း ကျောင်းသား ၁၇ ဦးကို ရဲတပ်ဖွဲ့က စစ်ဆေး ရန် တောင်းဆိုခဲ့ကြောင်း ယင်းကျောင်းသားများ၏ မိဘများက The Voice သို့ ပြောကြားသည်။

အဆိုပါ ကျောင်းသူ၏ ဒဏ်ရာများသည် သာမန်ဒဏ်ရာ မဟုတ်ဘဲ အဓမ္မပြုကျင့်ခံရသည့် ဒဏ်ရာဖြစ်ပြီး ကလေးချင်း ကျူးလွန်ခြင်း လုံးဝမဖြစ်နိုင်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် မှုခင်းကျွမ်းကျင် ဆရာဝန်ကြီးများနှင့် ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ် ဆရာဝန်များ၏ စစ်ဆေးချက်ကို ကိုးကားကာ ကျောက်တန်းမြို့နယ် ဆရာဝန်ကြီးက ဆိုသည်။

အဆိုပါကျောင်းသူ အဓမ္မပြုကျင့်ခံရသည်ဟု ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ အုပ်ထိန်းသူ တည်းခိုခန်းပိုင်ရှင်ကို The Voice က ဆက်သွယ်မေးမြန်းခဲ့ရာ မီဒီယာမှတစ်ဆင့် ပြန်လည် ဖြေကြားလိုခြင်း မရှိကြောင်း ပြန်လည်ဖြေကြား သည်။

အဓမ္မပြုကျင့်ခံရသည့် သူငယ်တန်းကျောင်းသူမှာ ပအို့ဝ် တိုင်းရင်းသူ တစ်ဦးဖြစ်ပြီး မြန်မာစကားကို ‘ဟုတ်ကဲ့’ စကားတစ်ခွန်းသာ ပြောဆိုတတ်ပြီး ကိစ္စတစ်စုံတစ်ရာရှိပါက ၎င်းနှင့်အတူနေ အတန်းဖော် ကျောင်းသူနှစ်ဦးတို့က တစ်ဆင့်ပြောဆို ဆက်ဆံရကြောင်း ကျောင်းအုပ်ဆရာကြီးက ဆိုသည်။

(အောင်မျိုးထက်)
The Voice Weekly

Thit Htoo Lwin - Crime

ဘာသာရေးအစွန်းရောက်သည့် ရန်လိုမှုများကို တိုက်ဖျက်သွားရန် အစိုးရ ကြေညာချက် ထုတ်ပြန်

မြန်မာအစိုးရက ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ ၂၆ ရက် နေ့စွဲဖြင့် မနေ့က သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံသားအားလုံးသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သည့်ဘာသာတို့ကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိကြောင်း၂၀၁၂ ခုနှစ်၊နှင့် ၂၀၁၃ ခုနှစ်၊ အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို အမြန်ဆုံး ရပ်တန့်ရန် ဆောင်ရွက်ခဲ့ပြီး ဥပဒေ ချိုးဖောက်သူများ ကိုလည်း မည်သည့် လူမျိုးနှင့် ဘာသာဝင်မဆို ခွဲခြားခြင်းမပြုဘဲ ပြစ်ဒဏ်များ ချမှတ်အရေးယူခဲ့ကြောင်း ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် ဘာသာဝင်များအကြား ယုံကြည်မှုနှင့် သဟဇာဖြစ်မှုတို့သည် မြန်မာပြည်သူများ အကြား ရေရှည် တည်ငြိမ်အေးချမ်းမှုအတွက် အရေးကြီး သည့် ကိစ္စရပ် ဖြစ်သလို ဘာသာရေး အစွန်းရောက်သည့် ရန်လို မုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်သွားရန် လိုအပ်ကြောင်းနဲ့နိုင်ငံတော် အစိုးရသည် လူမျိုးဘာသာ မခွဲခြားဘဲ ထိခိုက်နစ်နာခဲ့သူ များအား ပြန်လည်နေရာချထားရေး၊ နှင့်၊ ငြိမ်းချမ်းရေးအတွက် စေတနာရှင် နိုင်ငံများ၊ ကမ္ဘာ့ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း စသဖြင့် ဖော်ပြထားပါသည်။

RFA Burmese

ထားဝယ်- ရေးကားလမ်းတွင် ခရီးသည်တင်ယာဉ်နှစ်စီး မျက်နှာချင်း ဆိုင်တိုက်မိ

ထားဝယ်-ဇူလိုင်၂၇

ဇူလိုင်၂၆ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စု လမ်းမကြီး၏ အစိတ်အပိုင်း ဖြစ်သော ထားဝယ်-ရေးကားလမ်းပိုင်း ကလိန်အောင်မြို့နယ်ခွဲ အလွန်တွင် ရန်ကုန်မှ ထားဝယ်သို့ မောင်းနှင်လာသော ရွှေလီရတနာ မှန်လုံ အမြန်ယာဉ်နှင့် ထားဝယ်မှ ရန်ကုန်သို့ မောင်းနှင်လာသော အောင်ရတနာမှန်လုံယာဉ် တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ရွှေလီရတနာမှ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးပြီး၊ ယာဉ်နှစ်စီးပေါ်ပါ ခရီးသည် ၁၆ ဦးဒဏ်ရာရရှိခဲ့ကြသည်။ ဒဏ်ရာရရှိသူများအနက် ထားဝယ်ဆေးရုံကြီးတွင် အတွင်း လူနာအဖြစ် ၇ ဦးဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

သတင်း - ဖိုးဇော်(ထားဝယ်)
ဓာတ်ပုံ - Credit to Kyaw Soelatt

Popular Myanmar News Journal

Saturday, July 27, 2013 ငွေ ၁၀ သိန်းစီဖြင့် ခေါင်းဖြတ် လူသတ်ခဲ့သူများ စရန် တစ်သိန်းစီသာ ရပြီး အဖမ်းခံရ

ရန်ကုန်၊ ဇူလိုင် ၂၅

တွံတေးမြို့နယ် ကြည်တန်းကျေးရွာ ကွမ်းခြံ စိုက်ခင်းအတွင်း အသက် ၅၇ နှစ်အရွယ် ဒေါ်သန်းစိန်(ခ) ဒေါ်သန်းမြင့် ခေါင်းဖြတ် အသတ်ခံရမှုတွင် ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ယူဆရသည့် လူ နှစ်ဦးမှာ ငွေကျပ် ၁၀ သိန်းစီ ရမည်ဟု ဆို၍ လူသတ်ရန် သဘောတူခဲ့သော်လည်း စရန်ငွေ တစ်သိန်းစီသာ လက်ခံ ရရှိသေးသည်ဟု ထွက်ဆိုခဲ့ကြောင်း တွံတေးမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

လူသတ်မှုတွင် ကိုယ်တိုင် ပါဝင်ခဲ့ပြီး ထိုနှစ်ဦးကိုလည်း စေခိုင်းသူ ကိုထူးနိုင်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့် သည် အသတ်ခံရသူ ဒေါ်သန်းစိန်ထံမှ မြေ ၈ ဒသမ ၆ ဧကခန့်ကို ယခင်နှစ်က ဝယ်ယူခဲ့ကြောင်း၊ ယခု လယ်မြေဈေး တက်လာသောကြောင့် ပိုက်ဆံ ထပ်မံ ရလိုသည်ဟု လာရောက် ပြောကြားသော အခါ မတရားလုပ်သည်ဟု ထင်မြင်မိသည့်အတွက် တွံတေးမြို့နယ် ဘုရားငုတ္တို ကျေးရွာတွင် နေထိုင်သူ သူရင်းငှား ဦးဇော် (ခ) အရှည်ကြီးနှင့် ဦးထွန်းမင်းလတ် (ခ) မောင်ထွန်း (ခ) ထော်ကြီး တို့ကို ငွေ ၁၀ သိန်းပေး၍ လူသတ်ရန် ခိုင်းစေခဲ့သည်ဟု ကိုထူးနိုင်က ရဲစခန်းတွင် ထွက်ဆိုခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

အသတ်ခံရသူ ဒေါ်သန်းစိန်သည် ကိုထူးနိုင်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့် (ခ) ပသီနှင့် လယ်မြေကိစ္စ အငြင်းပွားလျက် ရှိသော်လည်း လက်ရှိ ဖမ်းဆီးရမိသူများနှင့် မည်သည့် ရန်ငြိုးရန်စမျှ မရှိခဲ့ဖူး ကြောင်း၊ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းက မိမိပိုင်ဆိုင်သည့် လယ်မြေ ၁၀ ဧကခန့်ကို ဦးစိုးမြင့်ထံတွင် တစ်ဧကလျှင် ရှစ်သိန်းခွဲနှုန်းဖြင့် ပေါင်နှံခဲ့သော်လည်း ယခု ၎င်းလယ်များကို ပြန်လည် ရွေးယူမည်ဟု ဆိုရာတွင် ပြန်လည် ပေးအပ်ခြင်း မရှိကြောင်း၊ ယခု ကာလပေါက်ဈေးမှာ တစ်ဧကလျှင် သိန်း ၄၀ မှ ၅၀ ထိ ရှိသဖြင့် လယ်မြေကို ယူဆောင်၍ ငွေအနည်းငယ် ထပ်ဆောင်း ပေးစေလိုသည်ဟု ဦးစိုးမြင့် ထံတွင် သေဆုံးသူ ဒေါ်သန်းစိန်က တစ်ကြိမ် သွားရောက် တောင်းခံခဲ့ပြီး မိမိကိုယ်တိုင်လည်း
တစ်ကြိမ် သွားရောက် တောင်းခံခဲ့ဖူးကြောင်း၊ သို့သော် မည်ရွေ့ မည်မျှမှ မရခဲ့သည့်အတွက် ဆက်လက် တောင်းဆိုခြင်း မပြုတော့ကြောင်း သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးကြီးမောင်က The Voice သို့ ပြောကြားသည်။

အဆိုပါ လယ်များကို ဦးကြီးမောင် ငွေကြေး အလွဲသုံးစားမှုဖြင့် အကျဉ်းထောင် ကျခံနေသည့် ၂၀၁၂ ခုနှစ်တွင် ၎င်း၏ ဇနီးဖြစ်သူ စိုက်ပျိုးစရိတ် ချေးငွေ၊ ဓာတ်မြေသြဇာဖိုး ငွေများ ပေးဆပ်ရန် ငွေ မလုံလောက်သဖြင့် ဦးကြီးမောင်၏ ခွင့်ပြုချက်ဖြင့် အချုပ် အတွင်းသို့ သွားရောက်၍ လက်မှတ်နှင့် လက်ဗွေများ ရယူကာ လယ်မြေ လုပ်ပိုင်ခွင့်ကို ဦးစိုးမြင့်၏ဇနီး ဒေါ်မြင့်သိန်း နာမည်ဖြင့် လယ်လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း၊ ဒေါ်မြင့်သိန်းထံတွင် ရောင်းချသည်ဟု သိရှိခဲ့သော်လည်း ၎င်းတို့ မည်မျှ တန်ဖိုးနှင့် ရောင်းဝယ်ခဲ့သည်ကို မသိရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် လယ်မြေ တစ်ဧက ဈေးနှုန်းမှာ ရှစ်သိန်း၊ ကိုးသိန်းခန့်သာ ပေါက်ဈေးရှိခဲ့ကြောင်း အဆိုပါ ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က ပြောကြားသည်။

အခင်းမဖြစ်မီ လအပိုင်းအခြားခန့်က ထင်းစုကျေးရွာမှ ဦးစံလင်းက ၎င်းလယ်မြေ ကိစ္စကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးပါက မိမိအတွက် အကျိုးများစွာ ရှိနိုင်သည်ဟု ဝင်ရောက် စွက်ဖက် ပြောကြားခဲ့ဖူးကြောင်း၊ ဦးကြီးမောင်က မိမိထံသို့ မြေယာ ကိစ္စများကို အမှန်အတိုင်း ကူညီ ဆောင်ရွက်ပေးရန် စာတစ်စောင် ပေးပိုခဲ့ပြီး ဦးစိုးမြင့်ထံသို့ သုံးရက်အတွင်း လယ်ပြန်ပေးရန် စာတစ်စောင် ပေးပို့ခဲ့ကြောင်း၊ သို့သော် အခင်းဖြစ်ပွားမှုမှာ ၎င်းတို့ချင်း မည်ကဲ့သို့ မကျေမနပ်ဖြစ်၍ လူသတ်သည်လောက်ထိ ဖြစ်သွားသည်ကို မသိရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က သေဆုံးသူ ဒေါ်သန်းစိန် ( ခ ) ဒေါ်သန်းမြင့်မှာ နေအိမ်အနီး ကွမ်းခြံတွင်းသို့ အလုပ် သွားရောက် လုပ်ကိုင်ခဲ့ပြီး ညနေပိုင်းတွင် အိမ်နီးချင်းဖြစ်သူ မတင်တင်မိုး ရောက်ရှိလာကာ ဒေါ်သန်းစိန်ကို မေးမြန်းသဖြင့် သားဖြစ်သူမှ ကွမ်းခြံအတွင်းသို့ သွားသည်ဟု ပြောပြခဲ့ကြောင်း၊ မတင်တင်မိုးမှာ ကွမ်းခြံအတွင်းသို့ ရောက်ရှိစဉ် ဒေါ်သန်းစိန်ကို ဦးခေါင်း ပြတ်လျက်နှင့် တွေ့ရှိခဲ့ပြီး ၎င်း၏ ဦးခေါင်းကို ၁၀ ပေခန့်အကွာ ရေထဲတွင် တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အမှုကို (ပ) ၆၃/၁၃၊ ပြစ်မှု ပုဒ်မ- ၃၀၂ ဖြင့် ပြစ်မှု ကျူးလွန်သူဟု ယူဆရသည့် တရားခံ သုံးဦးကို ဖမ်းဆီး စစ်ဆေးဆဲဖြစ်ကြောင်း ခလောက်ချိုက် နယ်မြေ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

တောင်ငူခရိုင် ဖြူးမြို့နယ်၊ သပြေလှ ကျေးရွာ၊ မိုင်တိုင် အမှတ် ၁၄၀/၁ ဇဟား ချောင်းကူး တံတား အောက်တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသမီး၏ ဦးခေါင်းပြတ် ခန္ဓာကိုယ်ကို ပီနံအိတ်နှင့် ထည့်ကာ စွန့်ပစ်ခဲ့ပြီး ယင်းနေရာနှင့် နှစ်မိုင် အကွာတွင် ဦးခေါင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ခေါင်းပြတ် သေဆုံးမှုနှင့် ပက်သက်၍ သေသူ၏ လက်ဗွေရာကို မေလ ၂၀ ရက်နေ့မှ စတင်ကာ ခရိုင် မှုခင်းတပ်ဖွဲ့ (C.I.D) နှင့် တောင်ငူခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လ.ဝ.က) များရှိ အမျိုးသမီးများ၏ မှတ်ပုံတင် လက်ဗွေရာများနှင့် တိုက်ဆိုင် စစ်ဆေးခဲ့သော်လည်း သေဆုံးသူမှာ ယနေ့ထိ မည်သူ မည်ဝါ ဖြစ်ကြောင်း စုံစမ်း မရသေးပေ။

The Voice Weekly

Thit Htoo Lwin - Crime

ရက္ခိုင့်တပ်မတော်မှ ၄ နှစ်ကျော်ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံများဖြင့်ပေးသော အထူးတိုက်ခိုက်ရေး စစ်သင်တန်းအောင်မြင်စွာပြီးဆုံး

                                                  ထူးချွန်သော စစ်သည်တစ်ဦးအား တပ်မှူးချုပ် ထွန်းမင်းနိုင်မှ ဆုချီးမြှင့်နေစဉ်။
ရခိုင်အမျိုးသားများမှ ပေါ်ပေါက်လာသော "ရက္ခိုင့်တပ်မတော်" သည် စင်တင်ဖွဲ့စည်းခဲ့သည်မှ ယခုအချိန်ထိ ၄ နှစ်ကြာ ဖြတ်သန်းလာခဲ့သော တချိန်လုံးမှာ စစ်ရေးအတွေ့အကြုံမြောက်များစွာကို ရရှိခဲ့ပြီး ထို့သို့ရရှိလာသော အတွေ့အကြုံများကို စစ်သည်၊ စစ်မယ်များအား အရည်အသွေးမြှင့်တင်လိုသောကြောင့် "အထူးတိုက်ခိုက်ရေး" စစ်သင်တန်းခေါင်းစဉ်ဖြင့် ဘာသာရပ်အမျိုးမျိုးကို သင်ကြားပေးခဲ့သည်။
အဆိုပါ အထူးတိုက်ခိုက်ရေးသင်တန်းမှာ သင်တန်းသူ/သားများ ၉၃ ဦး ပါဝင်၍ ရက္ခိုင့်တပ်မတော်၏ ၄ နှစ်ကြာတွေ့ကြုံခဲ့မှုများကို ၃ လကြာသင်ကြားပေးခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့တွင်ပြီးဆုံးကာ သင်တန်းဆင်းပွဲအခမ်းအနားတစ်ရပ်ကို ရက္ခိုင့်တပ်မတော်၏ ဌာနချုပ် ယာယီအခြေစိုက်ရာ မဟာမိတ် KIO နယ်မြေရှိ လှိုင်းစရာ စစ်သင်တန်း "ရက္ခသေနာ" ခန်းမတွင် အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရက္ခိုင့်တပ်မတော်မှာ အင်အားတိုးလာပြီး စစ်သည်၊ စစ်မယ်များကိုလည်း အရည်အသွေးမြှင့်တင်လိုသောကြောင့် အထူးတိုက်ခိုက်ရေး စစ်သင်တန်းကို ပေးရခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်မတော်၏ စစ်ရုံးချုပ်၊ စစ်ဦးစီးမှူး ဒုတိယဗိုလ်မှူးကြီး စောဝေနီမှ အာရ်ကန်တိုင်းမ်စ်သို့ ယခုလိုပြောသည်။
" ဒီနေ့ရက္ခိုင့်တပ်မတော်ဟာ အင်အားတဖြည်းဖြည်း တိုးလာတယ်။ အင်အားတိုးလာသလို တစ်ဖက်မှာလည်း အရည်အသွေးပိုင်းကိုပါ မြှင့်တင်ထားဖို့ လိုအပ် လာတယ်။ တစ်ခါတစ်ခါမှာ လူတွေက တပ်မတော်တစ်ခုကို အရေအတွက်နဲ့ တိုင်းတာတတ်ကြတယ်။ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံပြီးတော့ နည်းမှန်လမ်းမှန် ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်နေတဲ့ တပ်မတော်အဖြစ်နဲ့ ရက္ခိုင့်တပ်မတော်က ရပ်တည်နိုင်ဖို့ အရေးကြီးတဲ့အတွက်ကြောင့်ဖြစ်တယ်။ နောက်ပြီးတော့ ရက္ခိုင့်တပ်မတော်အနေနဲ့ (၄)နှစ်ကျော်ကာလကို ဖြတ်သန်းလာခဲ့တဲ့တစ်ချိန်လုံးမှာ အတွေ့အကြုံအများကြီးကို ရရှိခဲ့ပြီးဖြစ်တယ်။ စစ်ရေးရော နိုင်ငံရေးရောပေါ့။ သက်တမ်းနုနယ်တယ်လို့ ထင်ရပေမယ့် ၂၀၁၁-ခုနှစ်၊ ဇွန်လ (၉)ရက်နေ့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ မြန်မာပြည်မြောက်ပိုင်း တိုက်ပွဲစဉ်ကာလတစ်လျှောက်လုံးမှာ အစအဆုံးပါဝင်တိုက်ခိုက်ခဲ့တဲ့ အတွေ့အကြုံတွေရှိတယ်။ ဒီတိုက်ပွဲဟာ မြန်မာနိုင်ငံပြည်တွင်းစစ်သမိုင်းမှာ အကြီးအကျယ်ဆုံးနဲ့ အပြင်းထန်ဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲလည်းဖြစ်တယ်။ အဲဒီလိုရရှိခဲ့တဲ့ အတွေ့အကြုံတွေကို စနစ်တကျ သုံးသပ်လေ့ကျင့်ပေးခြင်းဖြစ်တယ်။ ဗျူဟာပိုင်း၊ စစ်မြေပြင်မှာလက်တွေ့ရင်ဆိုင်ရမှုအပိုင်း၊ ရန်သူ့စစ်ပရိယာယ်၊ ရန်သူ့လက်နက်၊ အားသာချက်၊ အားနည်းချက် စတာတွေကို အသေအချာဆန်းစစ်ပြီး လက်တွေ့လေ့ကျင့်စေလိုတဲ့ ရည်ရွယ်ချက်တွေကြောင့် ဖြစ်တယ်။ " ဟု သူပြောသည်။
ရက္ခိုင့်တပ်မတော်မှ စစ်သည်၊ စစ်မယ်များအား သင်တန်းပေးခြင်းမှာ အမြဲတမ်းလိုလိုဖွင့်ပေးနေသော်လည်း ယခုသင်တန်းပေးခြင်းမှာ စစ်ရေးအတွေ့အကြုံများနှင့် ပေါင်းစပ်လေ့ကျင့်ရခြင်းဖြစ်သည့်အတွက် အထူးပင် ထူးခြားမှုရှိကြောင်း ဆက်ဆိုသည်။ သင်တန်းသူ/သင်းများအတွက်လည်း သက်ဆိုင်ရာဘာသာရပ်အလိုက် ထူးချွန်းသော စစ်သည်၊ စစ်မယ်များကို "အောင်စစ်သည်ဆု၊ စာပေထူးချွန်ဆု၊ လက်ဖြောင့်ဆု၊ စစ်ရေးပြထူးချွန်ဆု၊ ရဲဘော်ရဲဘက်စိတ်ဓါတ်ဆု" စသော ဆုများကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲအခမ်းအနားတွင် ရက္ခိုင့်တပ်မတော်၏ တပ်မှူးချုပ် ထွန်းမင်းနိုင်မှလည်း သင်တန်းသူ/သားများအား တပ်မတော်ပိုင်းနှင့်ပတ်သက်၍ မှတ်သားစရာတချို့ကို တက်ရောက် အမှာစကားပြောကြားခဲ့သည်။
" တပ်မတော်တစ်ရပ်မှာ အရေအတွက်အရေးကြီးပေမယ့် အရည်အချင်းကပိုပြီးတော့ အဓိက ကျတယ်။ အရေအတွက်ပိုင်းကို ဦးစားပေးလွန်းအားကြီးရင်လည်း အရည်အချင်းပိုင်းမှာ အားနည်းသွားမှာကို စိုးရိမ်ရတယ်။ မိမိတို့ ရက္ခိုင့်တပ်မတော်ကတော့ အရေအတွက်ရော အရည်အချင်းပါ နှစ်ရပ်စလုံးကို ဦးစားပေးတည်ဆောက်နေခြင်း ဖြစ်တယ်။ မိမိတို့မှာ တပ်ဆင်ထားတဲ့ လက်နက်အနေထားကိုလိုက်ပြီးတော့ တိုက်ပွဲပုံသဏ္ဌာန်ကို ဖော်ဆောင်တတ်ဖို့လိုတယ်။ တော်လှန်သော တပ်မတော် တစ်ရပ်ရဲ့ ဆူကြုံနိမ့်မြင့် ကွာဟချက်တွေကို ခံနိုင်ရည်ရှိဖို့၊ သံန္နိဋ္ဌာန်ခိုင်ခိုင်မာမာနဲ့ ခရီးဆက်ဖို့၊ ကြိုးစား ရုန်းကန် လှုပ်ရှားတိုက်ပွဲဝင်ရမှာဖြစ်တယ်။ မိမိတို့ရဲ့ လမ်းခရီးကို မည်သူမှလည်း တားဆီးလို့ရမှာမဟုတ်။ မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို ထိုးဖောက်ကျော်လွှား တိုက်ခိုက်အနိုင်ယူသွားရမှာဖြစ်တယ်။ " ဟု ပြောသည်။
မဟာမိတ် အဖွဲ့အစည်းများနှင့် ရက္ခိုင့်တပ်မတော်၏ အရာရှိကြီးများအပါအ၀င် သင်တန်းသူ/သားများ စုစုပေါင်း ၂၀၀ ကျော်တက်ရောက် ခဲ့ကြောင်း၊ ထိုသို့ တက်ရောက်လာသော မဟာမိတ်အဖွဲ့အစည်းကိုယ်စား ကေအိုင်အေအရာရှိတစ်ဦးမှ သင်တန်းသူ/သင်တန်းသားများအား ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားခဲ့ကြောင်း၊ ရက္ခိုင့်တပ်မတော် ရဲဘော်တို့၏ ကြိုးစားအောင်မြင်မှုများကိုလည်း ကျေနပ်အားရဝမ်းသာမိကြောင်း၊ ဆက်လက်ပြီး အောင်မြင်မှုများ ဆွတ်ခူးနိုင်ပါစေကြောင်း ဆုတောင်းစကားများကို ပြောသွားကြောင်း ဒုတိယဗိုလ်မှူးကြီး စောဝေနီမှ ပြောကြားခဲ့သည်။

         Written by မိုးဇော်

ကချင် ငြိမ်းချမ်းရေး နီးစပ်တော့မလား လင်းသန့်| July 27, 2013 | Hits:237

မေလကုန်ပိုင်းက ကချင်လွတ်လပ်ရေး အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ အပစ်အခတ်ရပ်စဲရေး အကြို သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ (ဓာတ်ပုံ – Dr မင်းဇော်ဦး Facebook)


ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ဆက်ဆံရေးရုံးမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကြံပေး လုပ်ငန်း အဖွဲ့ (Technical Advisory Team) ဆိုင်းဘုတ်တင်ပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့ပါတယ်။
အဲဒီ အခမ်းအနားကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်း အပါအ၀င် အစိုးရထိပ်တန်းခေါင်းဆောင် တချို့၊ ပြည်နယ်အစိုးရတာဝန်ရှိသူတချို့၊ မြောက်ပိုင်းတိုင်း ဒုတိယစစ်တိုင်းမှူး၊ လွှတ်တော် ကိုယ်စားလှယ်၊ ကုလ သမဂ္ဂ ကိုယ်စားလှယ်၊ နိုင်ငံရေး ပါတီနဲ့ လူမှု အဖွဲ့အစည်းတချို့က လူတွေလည်း တက်ရောက်ကြ တယ်။
အကြံပေး လုပ်ငန်းအဖွဲ့ ဆိုတာက ပြီးခဲ့တဲ့ မေလကုန်ပိုင်းက KIO ခေါင်းဆောင်တွေနဲ့ အစိုးရတို့ကြား သဘောတူညီမှုကြောင့် ဖြစ်ပေါ်လာတဲ့ ယန္တရားအဖွဲ့ တခုလည်း ဖြစ်ပါတယ်။ KIO က ကိုယ်စားလှယ် ၅ ဦးနဲ့ လူထုအခြေပြု အဖွဲ့အစည်းက ၅ ဦးပါတဲ့ ဒီ အဖွဲ့က ပညာရှင်တွေဆီက အကြံဉာဏ် တောင်းခံသွားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တဆင့်ချင်းတက်လှမ်းသွားရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
“တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အနေနဲ့လည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဘုံဆန္ဒရှိတယ်ဆိုတာကို သဘောထား ပြော ထားပြီး ဖြစ်ပါတယ်၊ မိဘပြည်သူများခင်ဗျာ၊ ကျနော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးအတွက် ရင့်မှည့်တဲ့အချိန်ရောက်နေပါပြီ၊ အပစ်အခတ် ရပ်စဲထားရုံမဟုတ်ဘဲ၊ နိုင်ငံရေးဆွေးနွေးမှုကို အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တခုကို အကောင်အထည်ဖော်ဖို့ အများစုက အဆင်သင့်ဖြစ်နေကြပါပြီ၊ လက်နက်ကိုင် ပဋ္ဋိပက္ခနဲ့ ပြဿနာအဖြေရှာလို့ မရဘူးဆိုတာ ကျနော်တို့အားလုံး သဘောပေါက်ပြီး ဖြစ်ပါတယ်”လို့ ဦးအောင်မင်းက အဲဒီဇူလိုင် ၂၃ ရက်က အကြံပေးလုပ်ငန်းအဖွဲ့ ဆိုင်းဘုတ်တင်ပွဲမှာ ပြော သွားပါတယ်။
ဒါပေမယ့် KIO နဲ့ အစိုးရကြား နှစ်ပေါင်း ၁၇ နှစ်ကြာ အပစ်ရပ် ငြိမ်းချမ်းရေး ယူထားရာကနေ ၂၀၁၁ ခုနှစ် ဇွန်လက စပြီး ယခု နှစ်ဆန်းပိုင်း အထိ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။
အစိုးရနဲ့ KIO တို့အကြား ငြိမ်းချမ်းရေး စကားဝိုင်းတွေ ကြန့်ကြာခဲ့ရတဲ့ အခြေခံ အကြောင်းတွေမှာ ဦးတည်ချက် မတူညီ တာလည်း ရှိခဲ့တယ်။
အစိုးရဘက်က လိုလားတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ပထမဆုံး အပစ်အခတ် ရပ်စဲဖို့နဲ့ ပြီးမှသာ ၂ ဘက် လက်ခံနိုင်မယ့် မူဘောင် ချမှတ်ချင်တယ်။ လမ်းပြမြေပုံသဘောမျိုး လိုလားတယ်။ ဒါကိုလည်း သမ္မတ ဦးသိန်းစိန် အစိုးရဘက်က ပြောထားပြီးဖြစ်တယ်။
နောက်တဆင့်ကျမှ အင်အားစုအားလုံးပါဝင်တဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ပြီး သဘာတူ ညီမှုတခု ရအောင် အစိုးရဘက်က လုပ်ချင်တယ်။
သမ္မတ ဦးသိန်းစိန်ကလည်း မကြာသေးခင်က သွားရောက်ခဲ့တဲ့ ဗြိတိန်နဲ့ ပြင်သစ် ဥရောပ ၂ နိုင်ငံ ခရီးစဉ်အတွင်းမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို အမြန်ဆုံး အကောင်အထည် ဖော်သွားမယ်လို့ ပြောခဲ့တယ်။
ကချင် ဘက်ကတော့ နိုင်ငံရေး ပြဿနာကို အရင်ဆုံး ကျေလည်အောင် ဆွေးနွေးချင်တယ်။
ဒီလို ကွာဟမှုတွေ ရှိနေကြရာက ငြိမ်းချမ်းရေး စကားမပြောနိုင်ခဲ့ကြဘဲ ငြိမ်းချမ်းရေး စားပွဲဝိုင်းတွေနေရာမှာ စစ်ပွဲတွေက နေ ရာဝင် ယူသွားခဲ့ကြတယ်။
အခုတော့ အစိုးရနဲ့ KIO တို့ ငြိမ်းချမ်းရေး စကားပြန်စနိုင်ပြီး အကြံပေး လုပ်ငန်းအဖွဲ့ ဖွဲ့တဲ့ အခြေအနေ တခုကို ရောက်လာ တယ်။
အစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လနောက်ပိုင်း အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် ၁၄ ကြိမ်မက တွေ့ဆုံ ဆွေးနွေးမှုတွေအပြီး အခုလို အကြံပေးလုပ်ငန်း အဖွဲ့ ဖွဲ့တဲ့ အဆင့်ကို ရောက်လာရတာပါ။
ဒီနေရာမှာ မြန်မာအစိုးရနဲ့ KIO ငြိမ်းချမ်းရေး စကားတွေပြောဖြစ်ဖို့အတွက် တရုတ်အစိုးရရဲ့ဖိအားပေးမှုလည်း အကြောင်း တခု အပါအ၀င်ဖြစ်ပါတယ်။ မြန်မာနဲ့ နယ်စပ်ချင်းရော သမိုင်းကြောင်းအရပါ ထိစပ်နေတဲ့ တရုတ်ရဲ့ အခန်းကဏ္ဍကို ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ချန်ထားပစ်ခဲ့လို့မရပါဘူး။
တချိန်က တရုတ်အစိုးရက မြစ်ဆုံစီမံကိန်းတွေအပါအ၀င် ကချင်ပြည်နယ်ထဲက စီးပွားရေးလုပ်ငန်းတချို့ကို KIO နဲ့ စာချုပ် စာတမ်းတွေနဲ့တကွ လုပ်ဆောင်တာတွေ ရှိခဲ့ပါတယ်။ အဲဒီနောက် တရုတ်ဘက်က မြန်မာအစိုးရနဲ့ ပိုနီးစပ်သွားပြီး KIO ကို လျစ်လျူရှုချင် လာခဲ့ပါတယ်။
အစိုးရ စစ်တပ်က ကချင်ပြည်နယ်ထဲ ထိုးစစ်တွေ ဆင်ခဲ့တုန်းက ကချင်စစ်ပြေး ဒုက္ခသည်တွေကိုတောင် တရုတ်နိုင်ငံ က မောင်းထုတ်ပစ်ခဲ့တဲ့ နမူနာတွေရှိခဲ့တယ်လို့ တရုတ်-မြန်မာနယ်စပ် အခြေစိုက်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။
စစ်တပ်အနေနဲ့ ကချင်ပြည်နယ်တွင်း အဓိက စိုးမိုးနယ်မြေလိုချင်တာက ကျောက်စိမ်းတွင်း စတဲ့ သဘာဝ သယံဇာတ နေ ရာတွေနဲ့ မြစ်ဆုံ စီမံကိန်း နယ်မြေတွေပါပဲ။ တဖက်ကလည်း ဒီနယ်မြေတွေဟာ KIO ရဲ့ အရေးပါတဲ့ နေရာတွေ ဖြစ်နေပါတယ်။
ဒါကြောင့်ပဲ အဲဒီနယ်မြေတွေကို KIO စိုးမိုးနယ်မြေအဖြစ်က အစိုးရစိုးမိုးနယ်မြေဖြစ်ရေး စစ်တွေထိုးခဲ့တယ်။ ၂ ဘက် အကျ အဆုံးတွေ များခဲ့ပြီး အစိုးရဘက်က အထိနာခဲ့ပါတယ်။ လေကြောင်းကူ ထိုးစစ်တွေ အစိုးရ ဘက်က သုံးတယ်။ လေယာဉ် ဆုံးရှုံးမှုအထိ ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ သဘောထားကလည်း ဒီနယ်မြေက စီမံကိန်းလုပ်ငန်းတွေအတွက် KIO နဲ့ ဝေစု မခွဲလိုဘဲ မြန်မာ အစိုးရနဲ့သာ လုပ်ကိုင်လိုခဲ့လို့ ဒီစစ်ပွဲတွေနဲ့ နယ်စပ် မတည်ငြိမ်မှုအပေါ် တရုတ်နိုင်ငံက နှာစေးနေခဲ့တာ ထင်ရှားတယ်။
တကယ်တမ်း တရုတ်နိုင်ငံဘက်က မြစ်ဆုံ စီမံကိန်း အပါအ၀င် ကချင်ပြည်နယ်ထဲက စီမံကိန်းတချို့ကို ပြန်လည်စတင် လိုတာကြောင့် ချဉ်းကပ်မှု အသစ်တွေလည်း လုပ်လာနေပါတယ်။ အထူးသဖြင့် လက်ပံတောင်း အစီရင်ခံစာအပြီး ဒေါ် အောင်ဆန်းစုကြည် ရဲ့ စွမ်းဆောင်မှုအပေါ် တရုတ်ဘက်က အားတက်လာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီး လိုအပ်ချက်ကို အကြောင်းပြပြီး အခုလို ပြန်စဖို့ ချဉ်းကပ်လာတာ ဖြစ်ပါတယ်။
မြစ်ဆုံ စီမံကိန်းဆိုတာ သမ္မတ ဦးသိန်းစိန်က နိုင်ငံသားတွေရဲ့ ဆန္ဒပြ ကန့်ကွက်မှုတွေကြောင့် သူ့အစိုးရ သက်တမ်း ရပ် ဆိုင်း ထားတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။
ကချင်ပြည်နယ်တွင်း စစ်ပွဲတွေကြောင့် ဒေသခံ အပြစ်မဲ့ပြည်သူတွေ သေကြေ၊ ဒဏ်ရာရ၊ ထွက်ပြေး တိမ်းရှောင်၊ နေရပ်စွန့်ခွာပြီး ဒုက္ခသည်တွေအဖြစ် ရောက်ခဲ့ကြရတယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေက အဓိက ဓားစာခံဖြစ်ခဲ့ကြရ တယ်။ စစ်ဘေး ဒုက္ခသည် ဦးရေဟာလည်း သောင်းချီ ရှိခဲ့ပါတယ်။
အဲဒီ ကချင် ဒုက္ခသည်တွေအတွက် ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် အလှူရှင်တွေရဲ့ စားရေ ရိက္ခာတွေ ပေးပို့ရေးမှာလည်း အစိုးရ က ကန့်သတ်ပိတ်ပင်မှုတွေ ရှိသလို တချို့အလှူရှင်တွေကလည်း စိတ်ပျက်ပြီး ရန်ပုံငွေ လျှော့ချပစ်တာတွေ ကြုံကြ ရ တယ်။
နောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ်နဲ့ ကချင်မိန်းမငယ်လေးတွေ ဟာ စားဝတ်နေရေး အဆင်မပြေတော့ တရုတ်ပြည်ဘက် ကို အလုပ်ရမယ်ဆိုတဲ့ မြှူဆွယ်ချက်နဲ့ လူမှောင်ခိုကူးမှုရဲ့ သားကောင်ဖြစ်ခဲ့ကြရပါတယ်။ တရုတ် အမျိုးသားတွေရဲ့ ဇနီး မယား အဖြစ်ရောက်သွားသလို လိင်ဖျော်ဖြေရေး လုပ်ငန်းတွေဆီ ရောက်သွားရတာလည်း ရှိတယ်။ တချို့ဆို ကိုယ်ခန္ဓာ အစိတ်အပိုင်း ထုတ်ယူ ရောင်းစားခံရတာမျိုးလည်း ကြုံရတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးအဖွဲ့(KWAT) က မွန်းနေလီ က ပြောပြပါတယ်။
စစ်ပွဲတွေဖြစ်တိုင်း တကယ် ထိခိုက် နစ်နာရသူတွေက ဒေသခံ အပြစ်မဲ့ ပြည်သူတွေပါပဲ။ ဒါကြောင့် ငြိမ်းချမ်းရေးကို အလိုလား အတောင့်တဆုံးကလည်း ဒေသခံပြည်သူတွေက ရှေ့ဆုံးက ဖြစ်ပါတယ်။
ကချင်ပြည်နယ်တွင်းက ပဋိပက္ခစစ်ပွဲတွေဟာ သယံဇာတ စစ်ပွဲလို့တောင် အမည်ကင်ပွန်းတပ် ခံနေရပြီး နိုင်ငံရေး အခြေခံ အကြောင်းတွေသာမက အကျိုးစီးပွား ဆိုင်ရာတွေအပေါ်လည်း အခြေတည်နေပြီး ဖြေရှင်းရ ခက်နေဆဲပါ။
ကျောက်မျက် သယံဇာတ၊ ဧရာဝတီ မြစ်ဆုံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စသဖြင့် အဓိက အကြောင်းတရားတွေ ကိုလည်း အစိုးရနဲ့ KIO ကြား ဖြေရှင်းနိုင်မယ်၊ နိုင်ငံရေးနောက်ခံ ပြဿနာတွေကိုလည်း နှစ်ဘက်လုံးက ရိုးသားစွဲနဲ့ အပြန်အလှန် အသိအမှတ်ပြု ဖြေရှင်းနိုင်မယ် ဆိုရင် ဒေသခံပြည်သူတွေအတွက် တည်ငြိမ်းအေးချမ်းတဲ့ ဘ၀ လုံခြုံရေး၊ ဒေသ ဖွံ့ဖြိုးရေး ဆိုတာတွေက ကျွဲကူးရေပါ ဖြစ်လာမှာပါပဲလို့ ထင်မြင်မိပါတယ်။     ။

သားဈေး ငါးဈေး မြင့်တက်





                                  လှည်းတန်းဈေးအတွင်း ငါးရောင်းချနေသူတဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

Hits:94


ယခုရက်ပိုင်းအတွင်း သားငါးဈေး အပြောင်းအလဲကြောင့် မီးဖိုချောင်စရိတ် မြင့်တက်လာကြောင်း ရန်ကုန်တိုင်း အတွင်းရှိ အိမ်ရှင်မများ၏ အဆိုအရ သိရသည်။
“အရင်ကဆို ၀န်ထမ်းလစာတွေ တိုးရင် ကုန်ဈေးနှုန်း တက်တာရှိတယ်။ အခုက ဘာကြောင့်မှန်း မသိဘူး၊ ဈေးတွေ တက်တယ်” ဟု ရန်ကုန် ကမာရွတ်မြို့နယ်မှ အိမ်ရှင်မ တဦးဖြစ်သည့် ဒေါ်မြရီက ပြောသည်။
ယခုတပတ်အတွင်း ဆန်၊ ကြက်သား၊ ငါးနှင့် ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများ အနည်းငယ်စီခန့် မြင့်တက်လာကြောင်း လက်လီ အရောင်းဈေး တခုဖြစ်သည့် လှိုင်မြို့နယ်ဈေးမှ သိရသည်။ လှိုင်မြို့နယ်ဈေးသည် အနီးဝန်းကျင်ရှိ မြို့နယ်များမှ အားထားရသည့် ဈေးကြီးတခုလည်း ဖြစ်သည်။
ယခုတပတ်အတွင်း ဘဲဥနှင့် ကြက်ဥ ဈေးများမှာ ပုံမှန်ထက် မြင့်တက်နေပြီး အ၀ယ်များသည့် ငါးကြင်းနှင့် ငါးမြစ်ချင်း ဈေးမှာလည်း သင်္ကြန်ကာလ နောက်ပိုင်းမှစတင်၍ တက်လာကာ ပြန်မကျတော့ကြောင်း စုံစမ်း သိရှိရသည်။
“ဘဲဥဈေး တက်နေတာတော့ ကြာပြီ။ အခုထိ မကျသေးဘူး။ အသေးဆုံး အလုံးတောင် ၁၁၀ ရှိတယ်။ ကြက်ဥကတော့ တလုံးကို ၁၄၀ အထိ တက်ခဲ့ပြီး ဒီရက်ပိုင်း နည်းနည်းပြန်ကျတယ်။ ဒီရက်ပိုင်း ရောင်းရချရတာ စိတ်ညစ်တယ်” ဟု လူအများ စားသုံးမှုများသည့် ကြက်ဥ၊ ဘဲဥရောင်းချသူ ဦးဆန်းဝင်းက ပြောသည်။
ကြည့်မြင်တိုင် စံပြငါးဈေးမှ လက်ကားဈေးဖြင့် ၀ယ်ယူကာ လှိုင်ဈေးအတွင်း ပြန်လည်ရောင်းချသည့် ငါးရောင်းသူ အမျိုးသမီးကြီး တဦးကလည်း “ဘာကြောင့်တက်လဲ မေးတယ်။ ဒိုင်က လူတွေက မပြောဘူး။ မနှစ်က ဒီအချိန်ဆို
ငါးဈေးတွေ ကျတယ်။ အရင်တုန်းက ကျပ် ၅ သောင်းလောက် အရင်းအနှီးရှိရင် ရောင်းလို့ရတယ်။ အခုက ၁ သိန်းခွဲလောက် ရင်းမှ ရတယ်” ဟု ရှင်းပြသည်။
ထို့အပြင် ကြက်မွေးမြူရေး လုပ်ကိုင်သည့် ခြံများ နည်းပါးလာမှုကြောင့်ဟု ဆိုကာ ကြက်သားဈေးလည်း မြင့်တက်နေကြောင်း ကြက်သား ရောင်းချသူ တဦးက ပြောသည်။
ကြက်သားဈေးနှုန်း မြင့်တက်မှုကြောင့် ယခင်က တနေ့လျှင် ၂၅ ပိဿာ ပုံမှန် အရောင်းထွက်နေရာမှ၊ ယခုကာလတွင် ပိဿာ ၂၀ ခန့်သာ ရောင်းရတော့ကြောင်း သူက ဆိုသည်။
ကြက်သားဈေးနှုန်းမှာ တစ်ပိဿာလျှင် ယခင်ကထက် ကျပ် ၁ ထောင်ကျော် မြင့်တက်သွားကြောင်း၊ လက်ရှိတွင် မွေးမြူရေး ကြက်သားလက်လီ ဈေးမှာ ၄၃၀၀ ကျပ် ဖြစ်ပြီး ဗမာကြက်မှာ ၈ ထောင်ဈေးဖြစ်ကာ၊ ကြက်နီမ အသားဈေးနှုန်းမှာ ၆ ထောင်ဈေး အထိ ရှိကြောင်း သိရသည်။
“အရင်ကဆိုရင် ကြက်သား ၂ ထောင်ဖိုးဝယ်ရင် ကျမတို့ မိသားစု ညမနက် စားလို့ရတယ်။ အခု ၃ ထောင်ဖိုး ၀ယ်မှ စားလို့ ရတယ်။ ဒါတောင် တယောက် တတုံးနှုန်းပဲ စားရတာ” ဟု သံလျင်မြို့ ဗိုလ်ချုပ်ကျေးရွာနေ အိမ်ရှင်မ တဦးဖြစ်သည့် ဒေါ်မြင့်မြင့်က ပြောသည်။
မြန်မာနိုင်ငံသည် ၀န်ထမ်းများ လစာတိုးချိန်၊ နှစ်သစ်ကူး ကာလများနှင့် သဘာဝ ဘေးအန္တရာယ် ကြေညာချိန်များတွင် ကုန်ဈေးနှုန်း မြင့်တက်လေ့ရှိပြီး ရန်ကုန်တိုင်း အတွင်း၌ပင် တမြို့နယ်နှင့် တမြို့နယ် ကုန်ဈေးနှုန်း တူညီမှုမရှိပေ။
ကြက်သားနှင့် ငါးဈေးနှုန်း မြင့်တက်သော်လည်း ပုစွန်ဈေးမှာ ကျဆင်းလျှက်ရှိပြီး ၀က်သားဈေးမှာ တစ်ပိဿာ ၃ ထောင်မှ ၇၅၀၀ အထိ အစားစားရှိကြောင်း၊ အဆိုပါ ဝက်သားဈေးနှုန်းမှာ ပုံမှန်ဈေးနှုန်းဖြစ်၍ အတက်အကျ မရှိကြောင်း လှိုင်မြို့မ ဈေးမှ ၀က်သား ရောင်းချသည့် အမျိုးသမီး တဦးက ပြောသည်။
ထို့အပြင် ဆန်လက်လီ ဈေးမှာ တပြည်လျှင် ၁၀၀ ကျပ်မှ ၂၀၀ ကျပ်အထိ မြင့်တက်လျက်ရှိပြီး အထူးသဖြင့် အခြေခံ လူတန်းစားများ အဓိက အားထားရသည့် ဆန်ကြမ်းဈေးနှုန်း မတည်ငြိမ်ကြောင်း ဆန်ရောင်းချသူ တဦးထံမှ သိရသည်။
“ဆန်ဈေးက ပြောရခက်တယ်။ ဒီနေ့နဲ့ မနက်ဖြန်နဲ့တောင် မတူဘူး” ဟု လှိုင်မြို့နယ်ဈေးမှ ဆန်ရောင်းချသူ တဦးက ပြောသည်။

ဟိုတယ် ဖွင့်မည့် အဆောက်အအုံများကို ရှေးမူမပျက်အောင် စစ်ဆေးရေး လုပ်သွားမည်

                                 ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် အဆောက်အအုံ တခု (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
Hits:65  

         
ရန်ကုန်မြို့ရှိ သမိုင်းဝင် အဆောက်အအုံများကို ဟိုတယ်အဖြစ် ဖွင့်လှစ်ခွင့် ပေးလိုက်သော်လည်း ပြင်ဆင်မှုကို စစ်ဆေးရေး အဖွဲ့များဖြင့် စဉ်ဆက်မပြတ် စစ်ဆေးကာ သမိုင်းဝင် အမွေအနှစ်များကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ သမိုင်းဝင် အဆောက်အဦးများဖြစ်သည့် မဟာဗန္ဓုလ ပန်းခြံလမ်းထောင့်၊ မဟာဗန္ဓုလပန်းခြံ တောင်ဘက်ရှိ ၁၉၂၀ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် မြန်မာ့ထုတ်ကုန် သွင်းကုန်လုပ်ငန်း ရုံးချုပ်ဟောင်း၊ အမှတ် ၆၀၄၊ ၆၀၈ ကုန်သည်လမ်းနှင့် ၃၂ လမ်းထောင့်၊ ခြောက်ထပ်ရုံး မြောက်ဘက်ရှိ ၁၉၀၅ ခုနှစ်တွင်ဆောက်လုပ်ခဲ့သည့် စွမ်းအင်ဝန်ကြီးဌာန ရုံးဟောင်း၊ ဆူးလေနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ ၁၉၀၈ ခုနှစ်က ဆောက်လုပ်ခဲ့သော ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ရုံးဟောင်း၊ အမှတ်၁၉/၃၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်းကြားရှိ ၁၉၃၀ ခုနှစ်က ဆောက်ခဲ့သည့် ကုန်သွယ်ရေး ကော်ပိုရေးရှင်း အမှတ် (၅) ရုံးဟောင်းတို့အား ဟိုတယ်အဖြစ် ပြောင်းလဲဖွင့်လှစ်ရန် ၂၀၀၂ ခုနှစ် ဇွန်လအတွင်းမှ စတင်ကာ တင်ဒါခေါ်ယူခဲ့သည်။
“ဘယ်လို ထိခိုက်မှုမှ မရှိအောင် ကျနော်တို့အဖွဲ့တွေက သေချာစိစစ်သွားမှာပါ။ အချိန်တိုင်း စစ်ဆေးနေမှာပါ။ ဘယ်လို အတိမ်း အစောင်းမှ မဖြစ်နိုင်အောင် စစ်ဆေးရေးအဖွဲ့ ဖွဲ့ထားပါတယ်။ အပြစ်တစုံတရာ ရှိလာတာမျိုး မဖြစ်ရအောင်ပေါ့။ မစရသေးဘူး ဘာအပြစ် ဖြစ်မယ်လို့တော့ စကား မစထားချင်ပါဘူး။ မလိုက်နာရင်တော့ အရေးယူမှုတွေ လုပ်မှာပါ။ အပြင်းထန်ဆုံးက တင်ဒါကို ပြန်သိမ်းမှာပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
ဆောက်လုပ်မှုပိုင်းကို စစ်ဆေးမည့် အဖွဲ့အနေဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပညာရှင်များ၊ ဆောက်လုပ်ရေးဆိုင်ရာ ဗိသုကာ ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပညာရှင်များ ပါဝင်မည့် စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ တွဲဖက် အတွင်းရေးမှူး သူရဦးသောင်းလွင်က ပြောသည်။
“နိုင်ငံတကာမှာလည်း သမိုင်းဝင် အဆောက်အဦးတွေကို ဟိုတယ်လုပ်ထားတာတွေ ရှိတယ်။ သူတို့တွေလိုပဲ မူရင်းပုံစံ မပျောက်အောင် လုပ်ဆောင်သွားမှာပါ။ ထိန်းသိမ်းပြီးသားလည်း ဖြစ်မယ်။ ဝင်ငွေလည်း ရမယ်။ ဒီသဘောနဲ့ ဆောက်လုပ်တာပါ။ ဒီအဆောက်အဦးတွေဟာ နိုင်ငံပိုင်အဆောက်အဦးတွေပါ။ ရုံးဟောင်းတွေပါ။ ကိုလိုနီလက်ထက်ကတည်းက အဆောက်အဦးတွေဖြစ်လို့ ကမ္ဘာလှည့်ခရီးသည်တွေ မျက်စိကျနိုင်မယ် ထင်ပါတယ်” ဟု သူရဦးသောင်းလွင်က ပြောသည်။
အဆိုပါဟိုတယ်များ လုပ်ကိုင်ရန်အတွက် တင်ဒါခေါ်ယူထားသည့် အဆောက်အအုံလေးခုမှာ ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အအုံများ ဖြစ်သည့်အတွက် မထိန်းသိမ်းနိုင်ပါက ပျက်စီးမည့် အနေအထားရှိကြောင်း၊ အဆောက်အအုံ ဆောက်ထားသည့်မြေများမှာ ကမ်းနားနီးသောကြောင့် နှုန်းမြေ၊ နွံ့မြေများဖြစ်ကြောင်း၊ ၎င်းတို့အပေါ်တွင် ထိန်းသိမ်းမည်ဆိုပါက ရေရှည်ခိုင်ခံ့ရန်အတွက် ရည်ရွယ်ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ ပြင်ဆင်မှုစရိတ်မှာလည်း ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည် ဖြစ်သောကြောင့် အစိုးရအနေဖြင့် ထိန်းသိမ်းရန် မတတ်နိုင်ကြောင်း သိရသည်။
တင်ဒါစိစစ်ရာတွင် စံသတ်မှတ်ချက် ကိုးချက်ဖြင့် စိစစ်ရွေးချယ်ပြီး အဆိုပါ ကိုးချက်ထဲတွင် ရှေးမူလက်ရာမပျက် ထိန်းသိမ်း ပြင်ဆင်နိုင်မှုဆိုင်ရာ တင်ပြချက်အချက်ကို ထည့်သွင်းထားကြောင်းလည်း သိရှိရသည်။
“ဆောက်လုပ်တဲ့နှစ်ကို ၄ နှစ်လောက်ပေးဖို့ စီစဉ်ထားပါတယ်။ အတွင်းပိုင်းကတော့ ဘယ်လိုပဲ ပြင်ပြင်ရပါတယ်။ ခွင့်ပြုတယ်။ သို့သော်လည်း နှစ်ကာလကြာပြီဖြစ်လို့ ကြံ့ခိုင်ဖို့လိုတယ်။ စစ်ဆေးတာမှာ အပြင်ရှေးဟောင်း နေရာထိန်းသိမ်းဖို့အတွက်ပဲ မဟုတ်ဘူး။ အတွင်းပိုင်း ကြံ့ခိုင်ရေးကိုပါ စစ်ဆေးပါမယ်” ဟု သူရဦးသောင်းလွင်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကိုလိုနီခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံ လေးလုံးအား ဟိုတယ်လုပ်ငန်းအဖြစ် လုပ်ကိုင်ရန် တင်ဒါခေါ်ယူရာတွင် ဟိုတယ်များ ဆောက်လုပ်ရန်အတွက် ပဏာမ ကုမ္ပဏီ ၁၃ ခုအား ရွေးချယ်ထားကြောင်း၊ ဇူလိုင် ၂၇ ရက်တွင် အမှန်တကယ် လုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီလေးခုကို အပြီးသတ် ရွေးချယ်မည်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးထံမှ သိရသည်။
“ရုံးဟောင်း တခုအတွက် ကုမ္ပဏီတခုရွေးမယ်။ ရွေးချယ်ဖို့က စုစုပေါင်းကုမ္ပဏီ လေးခုရွေးချယ်မယ်။ ဇူလိုင် ၂၇ မှာ ပဏာမ ရွေးထားသည့် ကုမ္ပဏီ ၁၃ ခုထဲကနေ ကုမ္ပဏီလေးခုကို အပြီးသတ် ရွေးသွားမယ်။ ရွေးချယ်ပြီးရင် အများပြည်သူကို တရားဝင် ထုတ်ပြန်ကြေညာ ပေးသွားမှာပါ” ဟု ဦးအောင်နိုင်ဦးက ဆက်ပြောသည်။
တင်ဒါခေါ်ယူရာတွင် မြန်မာ့ထုတ်ကုန် သွင်းကုန်လုပ်ငန်း ရုံးချုပ်ဟောင်းအား ကုမ္ပဏီ ၂၄ ခုမှ တင်ဒါတင်သွင်းခဲ့ပြီး စွမ်းအင် ၀န်ကြီးဌာန ရုံးဟောင်းအား ကုမ္ပဏီအခု ၂၀ မှ တင်ဒါ တင်သွင်းခဲ့ကြောင်း၊ ဟိုတယ်ခရီး ၀န်ကြီးဌာန ရုံးဟောင်းအား ကုမ္ပဏီ ၃၀ မှ တင်ဒါတင်သွင်းပြီး ကုန်သွယ်ရေး ကော်ပိုရေးရှင်း ရုံးဟောင်းအား ကုမ္ပဏီကိုးခုမှ တင်ဒါ တင်သွင်းခဲ့ကြောင်း၊
စုစုပေါင်း ကုမ္ပဏီ ၈၃ ခုအထိ တင်ဒါတင်သွင်းခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ် လက်ရေးမူ ယူသွားသည့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကို ကန့်ကွက်ရန် လက်မှတ် စုဆောင်း

ရန်ကုန်၊ ဇူလိုင် ၂၅

ရေနံချောင်းမြို့ အထက (၁) ကျောင်းတွင် ထိန်းသိမ်းထားသော ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့သည့် ပါဠိဘာသာ မှတ်စု စာအုပ်ကို ယူဆောင်သွားသည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို ကန့်ကွက်ရန်အတွက် ဆန္ဒ လက်မှတ် ကောက်ယူ စုဆောင်းမှုများ ပြုလုပ်နေကြောင်း ရေနံချောင်း မြို့နယ် အိုးဘို ရပ်ကွက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးစိုးညွန့်က The Voice သို့ ပြောကြားသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကို ကန့်ကွက်ကြောင်း လက်မှတ်များ စုဆောင်းနိုင်ရန် ဇူလိုင်လ ၂၅ ရက်နေ့တွင် လက်မှတ် ကောက်ခံရန် စာရွက်ရေ တစ်သောင်းကျော်ကို ရေနံချောင်း မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာ အားလုံးသို့ ဖြန့်ဝေထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ဆန္ဒလက်မှတ် တစ်သောင်းကျော်ကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြပြီး ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမှုကို ပြန်လည် တောင်းခံသွားမည်ဖြစ်ကြောင်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ရေနံချောင်းမြို့ အထက (၁) ကျောင်းသို့ ပြန်လည် မအပ်နှံပါက ဆန္ဒ ထုတ်ဖော်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းလှုပ်ရှားမှုများကို ရေနံချောင်းမြို့နယ်ရှိ နိုင်ငံရေး ပါတီများ ၊ရေနံချောင်းမြို့ခံ ၈၈ မျိုးဆက် ကျောင်းသားများ၊ ရေနံချောင်း ဒေသခံ ပရဟိတ လုပ်ကိုင်နေသော အဖွဲ့များ ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရှိရသည်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ရေနံချောင်းမြို့ အမျိုးသားကျောင်းတွင် တက်ရောက်ခဲ့စဉ်က ရေးသားခဲ့သော ပါဠိဘာသာ မှတ်စုစာအုပ်ကို ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇူလိုင်လ ၁၉ တွင် သိမ်းယူသွားခြင်း ဖြစ်သည်။

“အဓိက ဆန္ဒထုတ်ဖော်မယ့် အကြောင်းက ဗိုလ်ချုပ် လက်ရေးမူကို သူ့နေရာမှာသူ မူလအတိုင်း ရှိစေချင်လို့ပါ” ဟု ရေနံချောင်းမြို့မှ အသက်၄၀ အရွယ် ကုန်စုံဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ဆိုသည်။

ဗိုလ်ချုပ် လက်ရေးမူကို ပြန်လည် ရရှိရန် လွှတ်တော်သို့ တောင်းဆိုထားကြောင်း၊ မိတ္တူထားရှိရန် လည်း မည်သို့မျှ လက်ခံမည် မဟုတ်ကြောင်း အထက (၁) မိဘဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက ရှင်းပြသည်။

ရေနံချောင်းမြို့မှ ဗိုလ်ချုပ် လက်ရေးမူကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယူဆောင်သွားခြင်းနှင့် ပတ်သက်၍ သတင်းများ ကြားနေရသော်လည်း မည်သည့် အတွက်ကြောင့် ယူဆောင်သွားခြင်းကိုမူ မသိသေးကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင်ဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုး က ပြောကြားသည်။

ရေနံချောင်းမြို့ အထက(၁) ကျောင်းသားဟောင်း တစ်ဦးဖြစ်သော ရွှေပါရမီတောရ ဆရာတော်အရှင် ဆန္ဒာဓိက က ဗိုလ်ချုပ် လက်ရေးမူ ယူဆောင်သွားခြင်းကို လက်မခံကြောင်းနှင့် မူလနေရာတွင်ပင် ပြန်ထားသင့်ကြောင်း ဇူလိုင်လ ၂၁ ရက်တွင် တောင်းဆိုထားသည်။

အဆိုပါ လက်ရေးမူကို ရေနံချောင်းမြို့မှ စာရေးဆရာကြီး ရေနံမြေ ဦးဘဖေက သမိုင်းဝင်ပစ္စည်းအဖြစ် ၁၉၆၂ ခုနှစ်တွင် ရေနံချောင်း အထက (၁) ကျောင်းအုပ်ဆရာကြီး ဦးကြည်စိန်ထံသို့ လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကျောင်းတွင် နှစ်ပေါင်း ၅၀ ကျော် ထိန်းသိမ်းထားခဲ့သည်။

(ဟိန်းသွင်ထက်)

The Voice Weekly

Thit Htoo Lwin - News


Saturday, July 27, 2013 တစ်လအတွင်း ဗီဒီယိုဇာတ်ကား ၂၁ ကား ဆင်ဆာထိနေ

ရန်ကုန် ၊ ဇူလိုင် - ၂၆။             ။၂၀၁၃ခု နှစ်ဇွန်လအတွင်း ရိုက်ကူးထား သည့်ဗီဒီယိုဇာတ်ကားများတွင် ဆင်ဆာနှင့်မလွတ်သည့် ဇာတ် ကား ၂၁ကားခန့်ရှိနေကြောင်း နှင့် ယင်းဇာတ်ကားများအား ပြန် လည်ပြုပြင်ရန်အတွက် ဆင်ဆာအ ဖွဲ့မှ အသိပေး ပြောကြားထား ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ''အခု လိုဆင်ဆာဖြတ်တယ်ဆိုတာ သူ တို့အတွက်ကောင်းအောင်လို့ ဦး တို့ရဲ့ဆင်ဆာအဖွဲ့က အခုလိုမျိုး တွေလုပ်တာ၊ အခုဆိုရင် ပရိ သတ်ထဲတွေထဲမှာ မြန်မာဇာတ် ကားတွေကြည့်ရင် ရီမုဒ်ကိုင်ပြီး ကြည့်ရမယ် ဆိုပြီး တော့ အသံတွေ ထွက်လာတယ်။ အဲဒီတော့ ကောင်း မလား။ သူတို့ကိုပြောလိုက်ရင် Arts , Arts နဲ့ ဖန်တီးထားတဲ့ အနု ပညာတွေကလဲ တော်တော်ကိုဆိုး လာတယ်၊ ထုတ်လုပ်သူတွေကလဲ သူတို့စီးပွားရေးကိုပဲ ကြည့်ပြီးလုပ် နေတာ။ အဲဒါကြောင့် မြန်မာ့ ယဉ်ကျေးမှုနဲ့ မသက်ဆိုင်တဲ့ ဇာတ် ကားတွေကို အခုလိုဆင်ဆာဖြတ် ပြီးသတိပေးရတာပါ''ဟု ဆင်ဆာ ဘုတ်အဖွဲ့မှ ဦးခင်မောင်ချင်းက ပြောသည်။ ဇူလိုင်လအတွက် ရိုက်ကူး ထားပြီး ဆင်ဆာဘုတ်အဖွဲ့သို့ တင်ပြထား သည့် ဗီဒီယိုဇာတ် ကားများ ကိုလည်း ဆင်ဆာဘုတ် အဖွဲ့မှကြည့်ရှုပြီး ပြန်လည်တည်း ဖြတ်နေပြီဖြစ်ကြောင်း သိရသည်။

ဆင်ဆာဘုတ် အဖွဲ့မှ ဦးခင် မောင်ချင်းက ''ဦးတို့ခေတ်တုန်း ကဇာတ်ကားတွေဆိုရင် အကုန် လုံးက ပရိသတ်ရင်ထဲကို စွဲစွဲမြဲ မြဲနဲ့ရောက်ခဲ့တဲ့ဇာတ်ကားတွေပဲ၊ အခုခေတ်ကျမှ အနောက်နိုင်ငံ တွေကိုအားကျပြီး လုပ်ဆောင်နေ တာ ကိုယ့်နိုင်ငံနဲ့ သူများ နိုင်ငံ က တူတာမဟုတ်ဘူး။ သူတို့ယဉ် ကျေးမှုနဲ့ ကိုယ့်ယဉ်ကျေးမှုကလဲ တူတာမဟုတ်။ အဲဒီလိုမတူတဲ့ နေရာဒေသတွေကိုလိုက်ပြီး အတု ခိုးမယ်ဆိုရင်တော့ ဘယ်လိုလုပ် ပြီး ရုပ်ရှင်လောကတိုးတက်မှာလဲ။ အရင်တုန်းက ရိုက်ခဲ့တဲ့ ဇာတ်ကားတွေက တစ်ခန်းနဲ့တစ်ခန်း ကတ် ဖြတ်တာချင်းကအစ မတူဘူး''ဟု ပြောသည်။ ဇွန်လအတွင်းရိုက်ကူးထား သည့်ဗီဒီယိုဇာတ်ကားများအ နက် တခိျု့ဗီဒီယိုဇာတ်ကားများ အားဆင်ဆာဘုတ်အဖွဲ့မှသတိ ပေးခြင်းခံခဲ့ရကြောင်း လည်း သိ ရသည်။ အဆိုပါဗီဒီယိုဇာတ်ကားများ စကတ်တိုလွန်းခြင်း၊ ဘောင်းဘီ ကျပ်လွန်းခြင်းနှင့် အောက်ခံ ဘောင်းဘီပေါ်ခြင်းစသည့် သရုပ် ပျက်ဇာတ်ကွက်များပါဝင်ခြင်း ကြောင့်ဖြစ်သည်ဟု သိရသည်။

ရတနာ - ရန်ကုန်တိုင်းမ်

Thit Htoo Lwin - News


Saturday, July 27, 2013 ဆက်သွယ်ရေးဝန်ကြီးဟုဆိုကာ ငွေကျပ် သိန်း ၅၀ ကျော် လိမ်သူအား အမှု ဖွင့်

ရန်ကုန် ၊ ဇူလိုင် - ၂၆ ။                 ။ဆက်သွယ် ရေးဝန်ကြီးဟုလိမ်ညာကာ ငွေ ကျပ် ၅၁သိန်းလိမ်ညာယူခဲ့သော ဖြစ်ရပ်တစ်ခု မန္တလေးတိုင်းဒေသ ကြီး တောင်သာမြို့နယ်တွင် ဇူ လိုင် ၂၄ရက်ကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံး မှသိရ သည်။ တောင်သာမြို့တွင်နေထိုင် သူ မနုနုဆွေဆို သူထံ ဖုန်းနံပါတ် ဝ၉၄၂၁၀၇၃၂၂၆ဖြင့် အမျိုးသား တစ်ဦးဖုန်းခေါ်ရာ မိမိသည်ဆက် သွယ်ရေးဝန်ကြီးဖြစ်ကြောင်း၊ ချ ပေးထားသော ဂျီအက်စ်အမ်ဖုန်း များကို နိုင်ငံတော်မှ ကျေးဇူးတုံ့ ပြန် သော အနေဖြင့် ဖုန်းနံပါတ်သုံး လုံးကို ကံစမ်းမဲနှိုက်ပေးရာ မနုနု ဆွေဖုန်းနံပါတ် ပါဝင်နေကြောင်း ပြောခဲ့သည်။

ရရှိမည့် ဆုငွေမှာ သိန်း၂၀၀၀ ဖြစ်ပြီး ဇူလိုင်၂၄ရက်နောက်ဆုံး ထုတ်ပေးမည်ဖြစ်ရာ အခွန်ငွေ ကျပ် ၁၀၉သိန်းအား ပေးဆောင် ရန် အဆိုပါဝန်ကြီးဆိုသူမှတောင်း ခံခဲ့၍ မနုနုဆွေက လောလော ဆယ်တွင် မိမိ၌ ငွေကျပ် ၅၁သိန်း သာရှိကြောင်း ပြောပြရာ ယင်းငွေ များအား ဒေါပုံကမ္ဘောဇဘဏ် သို့ ဦးဘိုဘိုဟိန်း အမှတ်ပုံတင် အမှတ် ၁၂/သကတ(နိုင်) ၁၉၆ ၈၃၁ဖြင့်လွှဲပေးပါရန်နှင့် ဆုကြေး ငွေသိန်း ၂ဝဝဝအား ပြန်လည်လွှဲ ပေးမည်ဖြစ်ကြောင်း ဖုန်းဖြင့်ပြော ဆိုမှုကို မနုနုဆွေ က ယုံကြည် ကာ ကျပ်၅၁သိန်းကိုလွှဲပေးခဲ့ကြောင်း၊ ရန်ကုန်ရှိ ယောက်မဖြစ်သူထံပြော ပြရာ လိမ်လည်ခြင်းဖြစ်နိုင်ကြောင်း၊ ယောက်မဖြစ်သူကပြော၍ ဘဏ် သို့ ဆက်သွယ်မေးမြန်းရာ ငွေများ ထုတ်ယူသွားကြောင်း သိရသည်။

ထိုသို့ ငွေများလိမ်ယူသွား သူဦးဘိုဘိုဟိန်းဆိုသူအား အရေး ယူပေးပါရန် မနုနုဆွေ၏ယောက် မဖြစ်သူ မယဉ်မျိုးသူမှ တရားလို အဖြစ် တိုင်တန်းထားသောကြောင့် ဒေါပုံ မမစ(ပ)၂၄၇/၁၃ ပုဒ်မ ၄၂ဝဖြင့် အမှုဖွင့်ထားကာ တရား ခံဖမ်းဆီး ရမိရေး စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

ဝေဝေနှင်း - ရန်ကုန်တိုင်းမ်

Thit Htoo Lwin - Crime

မိခင်အလောင်းကို စားသောက်သူအဖြစ် သံသယရှိသူကို ရဲများက ဖမ်းဆီး

ဟင်းအိုးနှင့် ရေခဲသေတ္တာထဲတွင် မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို တွေ့ရှိခဲ့ရသည့် အတွက် မိခင်အလောင်းအားပြန်စားသည်ဟု သံသယဖြစ်ကာ လီနိုရန်ဇီဆိုသူအား ဖမ်းဆီးလိုက်သည့် အမှုအခင်းတစ်ခု အီတနိုင်ငံဆယ်လာနိုမြို့တွင် ဖြစ်ပွားခဲ့သည်ဟု နယူးယောက်နေ့စဉ်သတင်းဌာနက ဖော်ပြလိုက်သည်။

လီနိုရန်ဇီသည် အသက် ၇၀ အရွယ်မိခင်ဖြစ်သူ မာရီယာပီယာနှင့် တစ်အိမ်တည်း နေထိုင်သူဖြစ်ပြီး နှစ် ပေါင်းများစွာ စိတ်ရောဂါဝေဒါနာခံစားနေရသူတစ်ဦး ဖြစ်သည်ဟုလည်း သိရသည်။

ရန်ဇီ၏ နေအိမ်အတွင်းမှ မနှစ်မြို့ဖွယ် အနံ့အသက်များထွက်နေသည်ကို အိမ်နီးချင်းများက စောဒက တက်သည့်အတွက် ရဲများမှ၎င်း၏ နေအိမ်အတွင်းသို့ ၀င်ရောက်စုံစမ်းရာမှ ယခုကဲ့သို့တွေ့ခဲ့ရ ခြင်းဖြစ်သည်။

ဓာတ်ငွေ့များ ဆိမ့်ထွက်နေခြင်းအားတွေ့ရမည့်အစား လွန်ခဲ့သောသုံးရက်ခန့်အကြာက သေဆုံးခဲ့ပြီဟု ခန့်မှန်းရသော ၎င်း၏မိခင်ဖြစ်သူ၏ ခံန္ဓာကိုယ်အစိတ်အပိုင်းများကိုသာ တွေ့ရှိခဲ့ရသည်ဟု ရဲများကဆိုသည်။ရန်ဇီသည် မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့အား ဟင်းအိုးထဲထည့်ပြုတ်နေသည့်အပြင် အခြား ဟင်းအိုးများနှင့် ရေခဲသေတ္တာများတွင်လည်း ထည့်သွင်းသိမ်းဆည်းထားသည်ကိုလည်း တွေ့ရှိခဲ့ရသည် ဟုဆိုသည်။

ထို့ပြင် ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကိုလည်း ရေချိုးခန်းအတွင်း တွေ့ရှိခဲ့ရသည်ဟု ထိုဒေသအခြေစိုက် သတင်းဌာနက ဖော်ပြထားသည်။
သေဆုံးသူ မာရီယာပီယာသေဆုံးခဲ့သည့် အချိန်ကို တိတိကျကျသိရန် စစ်ဆေးမည်ဟုလည်း သိရသည်။

မိခင်ဖြစ်သူအား ပြုစုစောင့်ရှောက်ရန် ရန်ဇီကို ကျန်းမာရေးစောင့်ရှောက်မှုစင်တာမှ ပြန်လွှတ်ပေးခဲ့သည် မှာတစ်လခန့်သာရှိသေးသည်။

ရန်ဇီ၏ အိမ်အတွင်းသို့ ရဲများဝင်ရောက်ရှာဖွေရာ ၎င်းမှာအိပ်ယာပေါ်တွင် ၀တ်လစ်စလစ်ဖြင့် လဲလျောင်း နေသည်ကို တွေ့ရှိခဲ့ရပြီး သူ့ကိုဆေးစစ်မှုပြုလုပ်ရန် ဆေးရုံသို့ပို့ဆောင်ထားပြီဖြစ်သည်ဟု ဟပ်ဖင်တန် ပို့စ်သတင်းဌာနက ရေးသားဖော်ပြထားသည်။

Ref: nydailnews

အောင်မင်း ဘာသာပြန်သည်
Mizzima - News in Burmese