Monday, August 19, 2013

ရန်သူမရှိ မိတ်ဆွေသာရှိခဲ့သူ စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ရှာပြီ

Monday, August 19, 2013

မန်မာနိုင်ငံ၏ အသက်အကြီးဆုံး စာရေးဆရာတစ်ဦးလည်းဖြစ် မြန်မာ့စာပေလောကတွင် ထင်ရှားသူတစ်ဦးလည်းဖြစ်၊ ၁၉၅၃ ခုနှစ် သြစတြီးယားနိုင်ငံ ဗီယင်နာ၌ ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေး တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူတစ်ဦးဖြစ်သူ ဆရာကြီး ဒဂုန်တာရာသည် သြဂုတ်လ ၁၉ ရက်မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် အောင်ပန်းမြို့နေအိမ်တွင် ကွယ်လွန် သွားရှာပြီဟု ဆရာကြီး၏ တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ ကပြောသည်။

အသက် ၉၅ နှစ်တွင် ကွယ်လွန်ခဲ့သူ ဆရာကြီးသည် ရန်သူမရှိ မိတ်ဆွေရှိ၊ မုန်းသူမရှိ ချစ်သူရှိ ဟူသည့် မူဝါဒ စကားလုံးများကို ကိုင်ဆွဲကာ တိုင်းရင်းသားများနှင့် မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းရေး အမြန်ရလိုသည့် ဆန္ဒရှိခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဆရာကြီးသည် ရုပ်ပုံလွှာစာအုပ်ဖြင့် မြန်မာ့သမိုင်းတွင် ထင်ရှားသူများအကြောင်းကို ရေးသားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်း သို့မဟုတ် အရိုင်း ဟူသည့် အသုံးအနှုန်းဖြင့် သုံးနှုန်းရေးဖွဲ့ခဲ့သူဖြစ်သည်။

မဇ္ဈိမနှင့် ဆရာကြီး၏ ၂၀၁၁ ခုနှစ် အင်တာဗျူးတစ်ခုတွင် ဗိုလ်ချုပ်ကို အရိုင်း ဟူသည့် အသုံးအနှုန်း သုံူးနှုန်းခဲ့ခြင်းနှင့်ပတ်သက်၍ "ကိုအောင်ဆန်းရဲ့ ရိုးသားမှုကို ကျနော်က ရေးခဲ့တာ အရိုင်းဆိုတာ၊ စကားလုံးက ရှာမရတော့ အရိုင်းတပ်လိုက်တာ" ဟု ပြောဆိုခဲ့သည်။

ဆရာကြီးသည် သူမကွယ်လွန်ခင် မြန်မာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ သူ၏ ဆန္ဒကိုလည်း မဇ္ဈိမနှင့် အင်တာဗျူးတွင် "ငြိမ်းချမ်းရေးအောင်ပါစေလို့ ဆုတောင်းချင်တယ်။ ငြိမ်းချမ်းရေးအကြောင်းကို တတ်နိုင်သမျှ အသံလွှင့်ပေးကြပါ။ လူတွေလည်း သတိရရင် ငြိမ်းချမ်းရေးအကြောင်း တွေးကြ။ အသက်ကြီးတဲ့အထိ လုပ်ကြရမှာပဲ။ နောက်တခုက အစိုးရကလည်း ဗိုလ်သိန်းစိန်ပြောသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ရင် ငြိမ်းချမ်းရေးက ရကို ရရမယ်။ လူငယ်တွေကိုလည်း အားကိုးတယ်ဗျာ" ဟု ဆန္ဒပြုခဲ့သူဖြစ်သည်။

မဇ္ဈိမသတင်းဌာန
Mizzima - News in Burmese 

Sunday, August 11, 2013

ကိုရင် တစ်ပါး ချောင်းအတွင်း ရေဆင်းချိုးရာမှ မိကျောင်း ကိုက်ဆွဲခံရ၍ သေဆုံးမှုဖြစ်ပွား

Sunday, August 11, 2013 

 

 

၎.၈.၂၀၁၃ရက်နေ့ နံနက် ၁၀း၄၅ နာရီ အချိန်ခန့်တွင် ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် ၊ ကြိမ်ချောင်း ကျေးရွာအုပ်စု၊ ဆပ်ကျွန်း ကျေးရွာ၌ ချောင်းအတွင်း ရေဆင်းချိုးရာမှ ကိုရင်တစ်ပါး(အသက် ၁၁ နှစ်) မိကျောင်း ကိုက်ဆွဲခံရ၍ သေဆုံးမှုဖြစ်ပွား ခဲ့သည်။

ကိုရင် မိကျောင်း ကိုက်ဆွဲခံရသည့် အတွက်  ဆပ်ကျွန်းကျေးရွာမှ ၀င်းစိုး ၊ ၀င်းအောင် ၊ ကျော်လှိုင် ၊ မြင့်သိန်း ၊ သန်းရွှေ ခေါင်းဆောင်သောအဖွဲ့မှ ၎င်းနေ့ ၁၈း၀၀နာရီအချိန်တွင် မိကျောင်းအား ဓါး၊ လှံ ၊ မှိန်းတို့ဖြင့် ၀ိုင်းဝန်းထိုးနှက် သတ်ဖြတ်ခဲ့ကြသည်။

မိကျောင်းမှာ အရှည် ၁၇’ ၇↔ရှိ၍ ယခုကဲ့သို့ ကြီးမားသည့် အကောင်ကြီးများမှာ ကမ္ဘာပေါ်တွင် အလွန်ရှားပါးနေပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင်လည်း မိကျောင်းများကို ဒီရေတောများရှိသည့် ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံ၊မော်ကျွန်းတို့တွင်တွေ့ရှိရပြီး၊ ယခုကဲ့သို့ အကောင်ကြီးများကို ဘိုကလေးမြို့နယ်အတွင်း၌သာ တွေ့ရှိရတော့သည်။

အဆိုပါ ကျေးရွာသည် ကဒုံကနိ ကြိုးဝိုင်းအတွင်း တည်ရှိပြီး ၎င်းဒေသများသည် မူလကတည်းက ရေချိုရေငံစပ် မိကျောင်းများ ကျက်စား နေထိုင်ရာ ဒီရေတော ဒေသဖြစ်၍ ဘိုကလေးမြို့နယ် အတွင်းရှိ မိန်းမလှကျွန်း ဘေးမဲ့တော သည် လည်း မိကျောင်းများ နေထိုင်ကျက်စားရာ ဒေသတစ်ခုဖြစ်သည်။

 နှစ်စဉ် ဧပြီလ မှ နိုဝင်ဘာလအထိ ကာလများသည်  မိကျောင်းများ မိတ်လိုက်၊ အသိုက်ပြုလုပ် ၊ သားပေါက်သည့် ကာလဖြစ်ခြင်းကြောင့် ၎င်းအချိန်များတွင် မိကျောင်းများ၏ သဘာဝ အမူအကျင့်ကြောင့် အန္တရာယ်ရှိနိုင်ကြောင်းကို နှစ်စဉ်သတိပေးစာများကို ယခုနှစ်တွင် သက်ဆိုင်ရာဌာနမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ ဖြန့်ဝေခဲ့ကြောင်းနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် မိကျောင်း အန္တရာယ်ရှိမှု၊ ဥပဒေအရ ကာကွယ်ထားမှုတို့ ရှင်းလင်းပြောကြား ထားကြောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး များထံမှ သိရှိရပါသည်။

မိကျောင်းများက လူကိုကိုက်တိုင်း မိကျောင်းများကို ပြန်သတ်နေပါက မိကျောင်းများ မျိုးသုန်းပျောက်ကွယ်သွားမည်ဖြစ်၍  နောက်နောင် ယခုကဲ့သို့ မဖြစ်စေရေးအတွက် သက်ဆိုင်ရာ အစိုးရ ၀န်ကြီးဌာနမှ အလေးထား ဆောင်ရွက်သင့်ပါသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် လူဦးရေ တိုးပွားလာမှုကြောင့် မိကျောင်းများ၏ နေရင်းဒေသဖြစ်သော ဒီရေတော ကြိုးဝိုင်းများအတွင်း လူများမှ နယ်မြေချဲ့ထွင်လုပ်ကိုင်နေထိုင်ခြင်းကြောင့် မိကျောင်းများမှာ တဖြေးဖြေးစားကျက် ကျဉ်းမြောင်းလာကြောင်း၊ ယခင်ကလူများမှ မိကျောင်းကို ကြောက်ခဲ့သော်လည်း ယခုအခါ မိကျောင်းက လူကိုကြောက်၍ လျို့ဝှက်သွားလာ နေထိုင်ကြရသော ဘ၀သို့ရောက်ရှိနေ၍ မိကျောင်းများ ဘ၀စာနာသနားငဲ့ညှာသောအားဖြင့် ထိန်းသိမ်း ရေးကာကွယ်ရေးကို ထိရောက်စွာဆောင်ရွက်ပေးသင့်ကြောင်း ဒေသခံအချို့မှ ပြောကြား လျက်ရှိသည်။

by Myanmar News Now

Thit Htoo Lwin - News

မြန်အောင် ရေနံမြေ ကားပေါ်မှ ကလေးတစ်ဦး ပြုတ်ကျ သေဆုံးမှုဖြစ်ပွား

Sunday, August 11, 2013

 
သြဂုတ်လ ၁၁ ရက်နေ့ 

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စု အုန်းလက် ဘုန်းတော်ကြီးကျောင်းမှ  ဘုန်ကြီးကျောင်းသား လေးတစ်ဦး မြန်အောင် ရေနံမြေကားပေါ်မှ မောင်းနေစဉ် ကြမ်းပေါက်ကျွံကျပြီး နေရာတွင်ပင် သေဆုံးမှု တစ်ခု ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၅း၀၀နာရီ အချိန်ခန့်က ဖြစ်ပွား ခဲ့သည်။

အဆိုပါ အုန်းလက် ဘုန်းတော်ကြီး ကျောင်းမှ ၀ါဆို သံဃာတော်များ အတွက် မြို့ပေါ်ရှိ တနင်္ဂနွေ ဆွမ်းကျောင်းသို့ဆွမ်းခံရန် လိုက်ပါလာသော ဘုန်းကြီးကျောင်းသား မောင်အောင်မင်းထက်  အသက်(၁၁)နှစ်သည် ဆွမ်းခံပြီး အပြန်  ကားကြမ်းပေါက်ကျွံကာ ကားပေါ်မှ ထွက်ကြပြီး ရှားတောကျေးရွာ ဇရပ်ကြီးအနီး ဖြစ်ပွားသည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါသည်။

အဆိုပါကားမှာ မြန်အောင်ရေနံမြေမှ (၅)တန်ယာဉ်မောင်း ဦးလှိုင်သိန်းမောင်းနှင်သော ကားဖြစ်ပြီး     ၎င်းဘုန်းကြီးကျောင်းမှ သံဃာတော်များ မြို့တွင်းသို့ဆွမ်းခံကြွရာတွင် အဆင်ပြေစေရန် အမြဲတမ်းအကူအညီပေးနေသော ကားဖြစ်ကြောင်းနှင့် သေဆုံးသူ မောင်အောင်မင်းထက်မှာ ဘုန်းတော်ကြီးကျောင်းသား တစ်ဦးဖြစ်ပြီး ရှမ်းကွင်းကျေးရွာ ဇာတိဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပြပါသည်။

ရှားတောသား

by Myanmar News Now

Thit Htoo Lwin - Crime

Friday, August 9, 2013

ရဲစခန်း မီးရှို့ မှု လူစုခွဲရာ ဘင်္ဂလီ(၄)ဦး သေဆုံး

Friday, August 9, 2013 

 

စစ်တွေမြို့နယ် ၊ အုန်းတောကြီး ဒုက္ခသည်စခန်းတွင် ဧရိယာဝင်းမှ အရာရှိရုံးထိုင်အဆောင်၊ ကင်းစောင့်ရုံ၊ အခြားအဆောင်နှစ်ခု စုစုပေါင်း (၄)ဆောင် မီးလောင်းသွားကြောင်း သိရှိရပြီး အစိုးရမှ သေနပ်ဖောက် လူစုခွဲမှုကြောင်း ဘင်္ဂလီကုလား (၄)ဦးသေဆုံးပြီး တစ်ချို့မှာ ဒဏ်ရာရရှိပြီး အရေးပေါ်ကျန်မာရေး စောင့်ရှောက်မှုများ ပြုလုပ်ထားရကြောင်း သိရှိရပါသည်။

အခင်းဖြစ်စဉ်မှာ အုန်းတောကြီးကျေးရွာ အနီးရှိ ချောင်းမှ ဘင်္ဂလီ အမျိုးသမီး အလောင်း တစ်လောင်း တွေ့ရှိခဲ့ရာ သက်ဆိုင်ရာ နယ်မြေခံရဲစခန်းသို့ ယူဆောင်ကာ စစ်ဆေးမှု များ ပြုလုပ်ရန် ယူဆောင်ခဲ့ကြောင်း၊ အဆိုပါ အလောင်းအား ဘင်္ဂလီများ က မိမိတို့ထံ ပေးရန်တောင်းဆိုရာ မရရှိသဖြင့် ချောင်းဝ ရဲစခန်းအား မီးရှို့ဖျက်ဆီး လိုက်ကြောင်း သိရသည်။

ယနေ့ ညနေထိ အခြေအနေမှာ တင်းမာလျှက်ရှိသည်။ အုန်းတောကြီးဒုက္ခသည်စခန်းသို့ သွားသောလမ်းအားလည်း လုံခြုံရေးများမှ ပိတ်ထားပြီး အခြေအနေကို ထိန်းသိမ်းနေသည်ဟု ကျန်မာရေးဝန်ထမ်းတစ်ဦးမှ RSV အား ပြောပြသွားပါသည်။

စစ်တွေ အုန်းတောကြီးသတင်းနောက်ဆုံးအခြေအနေ

ပဋိပက္ခဖြစ်ပွားခဲ့သော နေရာမှာ ဘောဒူဘဒုက္ခသည်စခန်းနှင့် အုန်းတောကြီးဒုက္ခသည်စခန်းအနီးတစ်ဝိုင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် ပဋိပက္ခများ ထပ်မံမကြီးထွားလာစေဖို့ နယ်စပ်ရေးရာ လုံခြုံရေး ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် စစ်တွေအခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ဘင်္ဂါလီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနေကြောင်းသိရသည်။

အုန်းတောကြီးဒုက္ခသည်စခန်းဘက်သို့ မည်သည့် လုံခြုံရေးကားများမှ ဝင်ရောက်၍ မရအောင် လမ်းများကို သစ်ပင်ကြီးများနှင့် ကာဆီးထားခြင်းအပြင် ကတုတ်ကျင်းများ အပိုင်းပိုင်း တူးထားကြောင်းလည်းသိရသည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် မစ္စတာ ကင်တားနား စစ်တွေကိုလာရောက်မည်ဖြစ်သည့်တွက် နိုင်ငံတကာတွင် အစိုးရကို အပြစ်ပုံချရန်နှင့် ကင်တားနား မျက်ရည်ကျစေရန် ကြိုတင် အကွက်ချလုပ်ဆောင်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများရှိနေသည်။

(RSV)

Thit Htoo Lwin - News


ရဲကင်း မီးရှို့ခံရမှု ရခိုင်ပြည်နယ် ပြန်ကြားရေးတာဝန်ခံနှင့် မေးမြန်းချက်

Friday, August 9, 2013

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အုန်းတော ဒုက္ခသည်စခန်းမှာ ဒီနေ့မနက်ပိုင်းက ရဲကင်းနဲ့ လုံခြုံရေး အဆောက်အဦတချို့ မီးရှို့ခံလိုက်ရပါတယ်။

မွတ်စလင်ဒုက္ခသည်တွေနဲ့ ရဲတပ်ဖွဲဝင်တချို့ ပဋိပက္ခဖြစ်ပွားရာက စတင်ခဲ့တာလို့ ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဦးဝင်းမြို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒုက္ခသည် စခန်းမှာ ဘင်္ဂါလီတွေက ရဲစခန်းကို မီးရှို့လိုက်တယ်လို့ ကြားတယ်။ ဦးဝင်းမြိုင်တို့ ဘယ်လိုကြားလဲ။

“ဖြစ်စဉ်တွေက ဒီလိုပါ။ အုန်းတော်ဒုက္ခသည်စခန်း ချောင်းဝမှာ အမျိုးသမီးအလောင်းတလောင်း တွေ့လို့ဆိုပြီးတော့ ဒီနေ့ မနက် ၁၀ နာရီကျော်ကျော်လောက်မှာ ရဲတပ်ဖွဲ့တွေက ရဲလုပ်ထုံး လုပ်နည်းအရ စစ်ဆေးဖို့ သွားယူပါတယ်။ အဲဒီလို သွားယူတာကို ဘင်္ဂါလီတွေက အဲဒီအလောင်းကို သူတို့အပ်ရမယ်ဆိုပြီးတော့ တောင်းဆိုကြတယ်။ တောင်းဆိုတော့ မပေးတဲ့အတွက် သူတို့လူအုပ်တွေ တဖြည်းဖြည်းနဲ့ ထောင်ဂဏန်း လောက်ရှိလာပြီး အဲဒီက ရဲစခန်း ရဲကင်းကို မီးရှို့တယ်။ နောက်ပြီးတော့ အရင် နကသ (နယ်စပ်ကုန်သွယ်ရေး) တွေ နေခဲ့တဲ့ အဆောက်အဦ သုံးလေးလုံးကိုလည်း အဲဒီမှာ လူအုပ်နဲ့ ၀ိုင်းပြီးတော့ မီးရှို့တယ်။ အဲဒီအတွက် ရဲကနေပြီးတော့ ပထမတော့ ခြောက်ပြီး မိုးပေါ်ထောင်ပစ်တယ်။ သူတို့က ပိုအတင့်ရဲလာပြီး ပစ်ခတ်တဲ့အတွက် သုံးလေးဦးလောက် ဒဏ်ရာရသွားတယ်၊ သေဆုံးတာတော့ မရှိပါဘူး။”

အခုအခြေအနေတွေကို ထိန်းချုပ်ထားနိုင်ပြီလား။

“အခြေအနေကို ထိန်းချုပ်ထားတာပဲ။ ဒါပေမယ့် အဲဒီလုံခြုံရေး အဖွဲ့တွေက ပြန်မလာသေးပါဘူး။ ဒီဘက်က ကျနော်တို့ လုံခြုံရေးဝန်ကြီး ကိုယ်တိုင် အဲဒီဘက်ကို လိုက်သွားပါတယ်”

သေဆုံးသွားတဲ့ အမျိုးသမီးအလောင်းနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဘာတွေ သိရသလဲ။

“ကျနော်တို့က ဘာကြောင့်သေလဲဆိုတာ စစ်ဖို့ ရဲက သွားယူတာပါ။”

အဲဒါက ဘင်္ဂါလီအမျိုးသမီးပဲလား။

“ဟုတ်ပါတယ်။ ဘင်္ဂါလီအမျိုးသမီး အလောင်းသေလို့ ရဲက သတင်းရလို့ ဒီအလောင်းကို သွားယူတာပါ။”

အခုမြန်မာစံတော်ချိန် ၅ နာရီလောက်ရှိပြီ။ နောက်ဆုံးအခြေအနေ ဘာပြောနိုင်မလဲ။

“အခုငြိမ်ပြီးတော့ အဲဒီမှာတော့ ဘာမှထပ်ပြီး ပြဿနာ မဖြစ်တော့ပါဘူး။”ရဲကင်းနဲ့ နကသတွေ နေခဲ့တဲ့ စခန်းတွေ မီးရှို့တာ အကုန်လုံး ပြာကျသွားတာ ဘယ်လိုအနေအထား ဖြစ်သွားလဲ။“အဲဒါကျနော်လည်း မသိရသေးဘူး။ ကျနော့်တပည့်လည်း အဲဒီမှာ ပါသွားတဲ့အတွက် ပြန်မလာသေးတော့ အခြေအနေတွေကို အတိအကျ ကျနော် မပြောနိုင်သေးတာပါ။”

ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး အဖွဲ့အနေနဲ့ ဒီဖြစ်စဉ်အပေါ်မှာ ဘာများပြောစရာရှိလဲ။

“မစ္စတာ ကင်တာနား လာမှာကို ပြဿနာဖြစ်အောင် လုပ်တယ်လို့ပဲ ကျနော်က ယူဆပါတယ်။ ကျနော်တို့က နှစ်ဦးနှစ်ဖက် ပြေလည်အောင် အကုန်လုံးလုပ်ပေးနေတာ သူတို့ဘက်က ဒီလိုလုပ်လုပ်လာတာတော့ မကောင်းဘူးပေါ့။”

ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်တဲ့ သဘောလား။

“ကျနော်ကတော့ အဲဒီလိုပဲ ထင်ပါတယ်။”

by ရွှေအောင်  (ဒီဗွီဘီ)

Thit Htoo Lwin - News

 


ဒွိပိဋကပါဠိပါရဂူ အရှင်ရာဇိန္ဒ၏ ထေရုပ္ပတ္တိအကျဉ်းချုပ်


                     ၁၃၇၂(၂ဝ၁၁)ခုနှစ်တွင်၊ပါစိတျာဒိပါဠိအဋ္ဌကထာပါဠိဂုဏ်ထူးတန်းကိုအောင်မြင်တော်မူသော 
              သာသနာ့အာဇာနည် အရှင်ရာဇိန္ဒ၏ထေရုပ္ပတ္တိအကျဉ်း

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊အစိုးရမှကျင်းပသော သံဃာတော်များစာမေးပွဲများအနက်
တိပိဋကဓရစာမေးပွဲပြီးလျှင် ပါဠိပါရဂူစာမေးပွဲသည်  အခက်ခဲဆုံး၊အနက်နဲဆုံးသောစာမေးပွဲဖြစ်သည်။ပါ
ဠိဘာသာဖြင့်မေး၍ ပါဠိဘာသာဖြင့်သာ ဖြေဆိုရသောစာမေးပွဲဖြစ်သောကြောင့်လည်း  ခက်ခဲ၊နက်နဲခြင်း
ဖြစ်သည်။ပါဠိပါရဂူစာမေးပွဲ(ပါဠိပါရဂူတန်း)သည် အမျိုးအစားအားဖြင့် သုံးမျိုးရှိသည်။ယင်းတို့မှာ------
        ၁။ဝိနယပါဠိပါရဂူတန်း၊
       ၂။ဒီဃနိကာယပါဠိပါရဂူတန်း၊
       ၃။အဘိဓမ္မပါဠိပါရဂူတန်း ပါဠိပါရဂူတန်းတို့ဖြစ်ကြသည်။
       ယင်းတို့အနက် ၁။ဝိနယပါဠိပါရဂူစာမေးပွဲ(ဝိနယပါဠိပါရဂူတန်း)တွင်..ဝိနည်းပိဋကမှ-ပါစိတ်ပါဠိတော်၊
စူဠဝါပါဠိတော်၊မဟာဝါပါဠိတော်၊ပရိဝါပါဠိတော်များနှင့် ၄င်းတို့၏အဖွင့်ကျမ်းများဖြစ်သော ပါစိတျာဒိအဋ္ဌက
ထာစသောကျမ်းများနှင့်  သာရတ္ထဒီပနီဋီကာစသော ကျမ်းစာများကိုပြဋ္ဌာန်းထားသည်။ ထို့အတူ ၂။ဒီဃနိ
ကာယပါဠိပါရဂူစာမေးပွဲ (ဒီဃနိကာယပါဠိပါရဂူတန်း)အတွက်  သုတ်မဟာဝါပါဠိတော်၊သုတ်ပါထေယျပါဠိ
တော်နှင့် ၄င်းတို့၏အဖွင့် အဋ္ဌကထာ၊ဋီကာကျမ်းစာများကိုပြဋ္ဌာန်းထားသည်။ထို့အတူပင်လျှင် ၃။အဘိဓမ္မ
ပါဠိပါရဂူစာမေးပွဲ(အဘိဓမ္မပါဠိပါရဂူတန်း)အတွက် ဓမ္မသင်္ဂဏီပါဠိတော်ကျမ်းမှအပ ဝိဘင်း၊ဓါတုကထာ စ
သောအဘိဓမ္မပါဠိတော်ကျမ်းများနှင့် ၄င်းတို့၏အဖွင့် အဋ္ဌကထာ၊ဋီကာစသောကျမ်းစာများကိုပြဋ္ဌာန်းပေး
ထားသည်။၎င်းပါဠိပါရဂူအမျိုးအစားသုံးမျိုးစလုံးကိုပင် ပါဠိဘာသာမေး၍ ပါဠိဘာသာဖြင့်သာ ဖြေဆိုကြရ
သည်။မိခင်မြန်မာဘာသာမဟုတ်၍ အလွန်ပင်ခက်ခဲလှသည်၊နက်နဲလှသည်။ထို့ကြောင့်ပင် တစ်နှစ် တစ်
နှစ်လျှင် ပါဠိပါရဂူအောင်အရှင်မြတ်များသည် တစ်ပါးစ၊နှစ်ပါးစသာအောင်မြင်တော်မူကြသည်။တစ်ပါးမျှ
မအောင်မြင်သောနှစ်များလည်းရှိသည်။ယင်းပါဠိပါရဂူအမျိုးအစားသုံးမျိုးအနက် တစ်မျိုးကိုအောင်မြင်ပါ
လျှင် ပါဠိပါရဂူတစ်ဘွဲ့ရ(ဧကပိဋကပါဠိပါရဂူ)ဖြစ်၍ နှစ်မျိုးအောင်မြင်လျှင် ပါဠိပါရဂူနှစ်ဘွဲ့ရ(ဒွိပိဋကပါဠပါ
ရဂူ)ဖြစ်ကာ သုံးမျိုးစလုံးကိုအောင်မြင်လျှင်တော့ သုံးဘွဲ့ရပါဠိပါရဂူ(တိပိဋကပါဠိပါရဂူ)ဖြစ်သည်။
      ယခုဖော်ပြမည့် ဆရာတော်အရှင်ရာဇိန္ဒသည် ၄င်းပါဠိပါရဂူသုံးမျိုးအနက် နှစ်မျိုးကိုအောင်မြင်၍  နှစ်
ဘွဲ့ရပါဠိပါရဂူ(ဒွိပိဋကပါဠိပါရဂူ)သာသနာ့အာဇာနည်အရှင်မြတ်ဖြစ်တော်မူသည်။သာသနာ့အာဇာနည် ဆ
ရာတော် အရှင်ရာဇိန္ဒ၏ထေရုပ္ပတ္တိအကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

       ဒွိပိဋကပါဠိပါရဂူ သာသနာ့အာဇာနည်အရှင်ရာဇိန္ဒကို ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊သဲဖြူချောင်း
ရွာ၊ဖခမည်းတော် ဦးစံရွှီအောင်၊မယ်တော် ဒေါ်ကျားမတို့မှ ၁၃၁၈-ခုနှစ်၊ပြာသိုလ်လဆန်း(၇)ရက်၊ဗုဒ္ဓဟူးနေ့
တွင် ဖွားမြင်းတော်မူခဲ့ပါသည်။
      ၁၃၃၈-ခုနှစ်၊ကဆုန်လဆန်း(၁၄)ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊သာစည်ရွာ၊သာစည်ကျောင်းဆရာ
တော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ဖခမည်းတော်၊မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူတော်မူကာ မြင့်မြတ်သော
ရဟန်းအဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည်။
      ဆရာတော်သည် ပရိယတ္တိစာပေများကို ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊သဲဖြူချောင်းကျောင်း ဆ
ရာတော်ဘဒ္ဒန္တပညိန္ဒြိယ၊သာစည်ကျောင်းဆရာတော်ဘဒ္ဒန္တစန္ဒာဝရ၊စစ်တွေမြို့၊မြို့မပရိယတ္တိစာသင်တိုက်
ဆရာတော် ဘဒ္ဒန္တခန္တီ(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်)၊မန္တလေးမြို့၊အနောက်ခင်မကန်တိုက်၊ဝေဠု
ဝန်ကျောင်းဆရာတော် ဘဒ္ဒန္တသူရိယ၊မစိုးရိမ်တိုက်၊ပိဋကနယူပဒေသကျောင်းဆရတော် ဘဒ္ဒန္တကောဝိဒါ
ဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ)၊မစိုးရိမ်တိုက်သစ်၊မဟာနာယကချုပ်၊ဓမ္မဒါယာဒကျောင်းဆရာတော် ဘဒ္ဒန္တရာ
ဇဓမ္မာဘိဝံသတို့ထံ၌ ပရိယတ္တိစာပေများကို သင်ယူလေ့လာဆည်းပူးခဲ့ပါသည်။
   ယင်းသို့ နာမည်ကြီး ထင်ရှားတော်မူသော ဆရာတော်ကြီးများထံတွင် ပရိယတ္တိစာပေများကို ဆည်းပူး
သင်ယူလေ့လာရင် စာမေးပွဲများကို ဝင်ရောက်ဖြေဆိုခဲ့ရာ---
       ၁။အစိုးရ ပထမငယ်တန်း
       ၂။အစိုးရ ပထမလတ်တန်း
       ၃။အစိုးရ ပထမကြီးတန်း
      ၄။ကျမ်းရင်းသုံးကျမ်းအောင် သာသနဓဇ ဓမ္မာစရိယဘွဲ့၊
      ၅။မြန်မာဂုဏ်ထူးအောင် သာသနဓဇ သိရီပဝရ ဓမ္မာစရိယဘွဲ့၊
      ၆။ပါဠိဂုဏ်ထူးအောင် ဒီဃနိကာယပါဠိပါရဂူဘွဲ့၊
      ၇။ထပ်ဆင့် ပါဠိဂုဏ်ထူးအောင် ဝိနယပါဠိပါရဂူဘွဲ့၊
      ၈။အစိုးရ နိကာယ်စာမေးပွဲ- ဝိနယဝိဒူဘွဲ့၊
      ၉။ဒီဃနိကာယဝိဒူဘွဲ့၊
     ၁၀။မဇ္ဈိမနိကာယဝိဒူဘွဲ့၊
     ၁၁။သံယုတ္တနိကာယဝိဒူဘွဲ့၊
     ၁၂။အဘိဓမ္မဝိဒူဘွဲ့(၁)တို့ကို ဖြေဆိုအောင်မြင်တော်မူခဲ့ပါသည်။
     ဆရာတော်အရှင်မြတ်သည် နောက်ဆုံး ဝိနယပါဠိပါရဂူဘွဲ့ယူပြီး၍ မိမိသီတင်းသုံးနေထိုင်တော်မူရာ
ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့၊အောင်မင်္ဂလာကျောင်းတိုက်သို့ ပြန်ရောက်၍ မကြာမီမှာပင် ဘဝနတ်ထံ
ပျံလွန်တော်မူသွားခဲ့ပါသည်။


Thursday, August 8, 2013

တပ်ကြပ်ကြီးဧရာနှင့် သူ့၏ အချစ်စစ်သည်များ(၁)

မညားခင်က ရူးချင်သူ

ရခိုင်ပြည်နယ်မှ ဘုရားဖူးသော နဂါးများ

မင်းကွန်းတိပိဋကဆရာတော်ကြီး မေတ္တာပွားနည်း(၁၁)နည်း

သီတဂူဆရာတော် ကံကောင်းသူများ တရားတော်



Wednesday, August 7, 2013

၈၈ နှစ်ပတ်လည် အခမ်းအနားများ စတင်ကျင်းပ

၁၉၈၈ ခုနှစ်မှာဖြစ်ခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံကြီးရဲ့ ငွေရတု အခမ်းအနားကို ဒီကနေ့မှာပဲ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က MCC ခန်းမမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ စစ်အစိုးရအဆက်ဆက်မှာ ၈ လေးလုံး အရေးတော်ပုံကို ဖိနှိပ်ကန့်သတ်ထားခဲ့ပေမဲ့ ဒီနှစ်မှာတော့ ငွေရတု အခမ်းအနားနဲ့ တိုက်ဆိုင်နေပြီး ၈ လေးလုံး အရေးတော်ပုံဟာ မြန်မာ့သမိုင်းမှာ ဘယ်လောက်အရေးပါတယ်ဆိုတာ နောက်လူတွေ သိရအောင်  သမိုင်းအမှန်ကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ အခမ်းအနားမှာ ပြောလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

“တော်လှန်ရေး ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော…..”

အခုကြားခဲ့ရတဲ့ အသံတွေကတော့ ၈ လေးလုံး ငွေရတု အခမ်းအနား ဖွင့်ပွဲမှာ ပြသခဲ့တဲ့ မှတ်တမ်းရုပ်ရှင်မှာ ၈ လေးလုံး အရေးတော်ပုံ ဖြစ်ရပ်တွေ ကို ပြသခဲ့တဲ့ မှတ်တမ်းနောက်ခံဗွီဒီယိုက အသံပဲ ဖြစ်ပါတယ်။ ၁၉၈၈ မှာ အဖိအနှိပ်ခံ ပြည်သူ တွေက တစ်ပါတီ အာဏာရှင်စနစ်ကို တော်လှန်ရင်း ဖြစ် ပွားခဲ့တဲ့ ဒီမိုကရေစီ တောင်းဆိုခဲ့တဲ့ အရေးတော်ပုံကြီးကို စစ်အစိုးရ လက်ထက်မှာ ဘယ်လိုပဲ ပုံ ဖျက်ခဲ့ ဖျက်ခဲ့ ၈ လေးလုံးရဲ့ သမိုင်းကတော့ ရှင်သန်နေဆဲ ဖြစ်တယ်လို့ ၈ လေးလုံး အရေးတော်ပုံမှာ ကိုယ်တိုင် လှုပ်ရှား ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ပွဲမှာ ပြောလိုက် ပါတယ်။

“ပြီးခဲ့တဲ့ ၂၅ နှစ်တုန်းကတော့ အိပ်ယာဝင်ပုံပြင်လို လေသံသဲ့သဲ့နဲ့ ပြောခဲ့ရတဲ့ ကလေးတွေ မျက်စိထဲမှာ ၀ိုးတ၀ါးဖြစ်ခဲ့ရတဲ့ အခု သူတို့ လူလားမြောက်တဲ့ အချိန်မှာ အမှန်အတိုင်း သိပါစေ။ ကျနော်တို့ တတ်နိုင်သမျှ တကယ့် မှတ်တမ်းမှတ်ရာတွေနဲ့ ပြခန်းတွေ ထားပါတယ်။ အဲ့ဒါက အတိတ်အတွက်ပါ။ အတိတ်ကိုကြည့်ပြီးတော့ ပစ္စုပ္ပန်မှာ ရပ်နေတဲ့ နောက်မျိုးဆက်တွေဟာ အနာဂတ်နိုင်ငံကို ဒီလောက် ပေးဆပ်ခဲ့ရပါလား။ ဒီလောက် အရင်းအနှီးတွေ ကြမ်းတမ်းခဲ့ပါလားလို့ သူတို့ သိသွားရင် တန်ဖိုးထားတတ်မယ်လို့ ကျနော် ထင်ပါတယ်။”

၈ လေးလုံးရဲ့ သမိုင်းအမှန်တွေကို နောက်မျိုးဆက်တွေ သိနိုင်အောင်နဲ့ ၈ လေးလုံးမှာ ပြည်သူတွေ အရင်းအနှီး ကြီးကြီးနဲ့ ဘယ်လိုပေးဆပ်ခဲ့ရတယ် ဆိုတာတွေကို သိနိုင်အောင် မော်ကွန်း မှတ်တမ်းတွေနဲ့ ဒီ ၈ လေးလုံး ငွေရတု မှာ ပြသထားတယ်လို့ ကိုမင်းကိုနိုင် က ပြောပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ လူထုတစ်ရပ်လုံးရဲ့ ဒီမိုကရေစီ တိုက်ပွဲ ခရီးရှည်ဟာ ဒီနေ့ထိ မပြီးဆုံးသေးပေမဲ့ စစ်တပ်က ဦးဆောင်ပြီး ပြောင်းလဲပေးခဲ့ရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ခရီးလမ်းမှာ စစ်တပ်ဟာ လူထုနဲ့အတူ ပူးပေါင်းပြီး အသွင်ကူးပြောင်းရေး ကာလတွေကို ဖြတ်သန်းဖို့ ပူးတွဲ ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ရွှေည၀ါဆရာတော်ကြီးက ဗွီအိုအေနဲ့ သီးခြားမေးမြန်းမှုမှာ မိန့်ပါတယ်။

“တို့က လက်စားချေခြင်း တုံ့ပြန်ခြင်းတွေကို လက်ရှိ ဆုပ်ကိုင်ထားလို့လည်း မဖြစ်သေးဘူး။ ငါတို့ အဲ့ဒီလို ဆုပ်ကိုင်ထားမယ်ဆိုရင် ငါတို့ တစ်ဦးချင်းအရတော့ ကိုယ့်မာန ကိုယ့်အတ္တနဲ့ကိုယ်တော့ အရသာရှိတယ်လို့ ထင်ရပေမဲ့ တိုင်းပြည်ရဲ့ ရှေ့သွားနှုန်းကျတော့ ငါတို့ အများကြီး နာတယ်ကွ။ အဲ့တော့ ကိုယ့်အတ္တတွေ၊ ကိုယ့်မာနတွေ၊ ကိုယ့်အာဃာတတွေ၊ ကိုယ့်နှောင်ဖွဲ့တွေ၊ လက်စားချေလိုမှု တုံ့ပြန်မှုတွေကို ခ၀ါချပြီးတော့ မတူတဲ့လူတွေရဲ့ မတူတဲ့ သဘောထားတွေကို အကုန်လုံး ဘေးဖယ်ထားလိုက်ပေါ့။ တူတာတွေကို ညှိပြီးတော့ အခု ၈ လေးလုံးဆိုတဲ့ ဒီ ၂၅ နှစ်မြောက် ငွေရတုကြီးကနေ ပြီးတော့ ငြင်းဆန်မှုတွေ၊ ရုန်းကန်မှုတွေ၊ မညီညွတ်မှုတွေ၊ စည်းလုံးရေး ပျက်ပြားမှုတွေနဲ့ Statement ထုတ်တဲ့အခါ ဘာမှ ရေရေရာရာ မရှိဘူးဆို့ ဥစ္စာမျိုးတွေ ငါ မကြားချင်ဘူး။”

ဒီမိုကရေစီ တိုက်ပွဲကာလ တလျှောက်နဲ့ သွေးထွက်သံယိုမှုတွေ ဆိုးဆိုးရွားရွား
ဖြစ်ခဲ့တဲ့ ကာလတွေမှာ လူအခွင့်အရေး ဆိုတာကို ကောင်းကောင်းမပြောနိုင် ခဲ့ပေမဲ့ အခုအခါမှာတော့ ပြည်သူတွေအနေနဲ့ ရှေ့ကာလတွေကို သင်ခန်းစာယူပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို တန်ဖိုးထား လိုက်နာဖို့ လိုတယ်လို့လည်း ၈ လေးလုံးပွဲကို တက်လာတဲ့ လူ့အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ) က ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။

“ကျနော် ၈ လေးလုံးတုန်းကဆိုရင် လမ်းပေါ်မှာထွက်ပြီး လူ့အခွင့်အရေးအော်ပေမဲ့ လူ့အခွင့်အရေး ဆိုတာကို သေချာ မသိခဲ့ဘူး။ ဒါပေမဲ့ အခု ၂၅ နှစ် အချိန်ရောက်တဲ့အခါကျတော့ ပြည်သူလူထုကြားထဲမှာ လူ့အခွင့်အရေးကို တန်ဖိုးထားမှု တွေ အသိအမြင်တွေ ပိုမိုပြီး များပြားလာတယ်။ ဒီလိုမျိုး အခြေအနေမျိုးမှာ ကျနော်တို့က အခုလို သွားနေတဲ့ လူ့အခွင့်အရေး အသိအမြင် ကြွယ်ဝမှုကိစ္စကို ကျနော်တို့ ရပ်ထားလို့ မရဘူး။ အဲ့ဒီနေရာမှာ ကျနော်တို့ အစိုးရရဲ့ တာဝန်တွေ အများကြီး လိုအပ်ပါတယ်။ အစိုးရအနေနဲ့ အရင်တုန်းက ဖြစ်ခဲ့တာကို ကျနော်တို့ သင်ခန်းစာယူပြီးတော့ နောက်တခါ ဒါတွေ မဖြစ်ဖို့အတွက် ကျနော်တို့ လုပ်ဆောင်ဖို့ လိုအပ်မယ်။”

၁၉၈၈ ငွေရတု ၈ လေးလုံး အရေးတော်ပုံကြီးရဲ့ ငွေရတုအခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က MCC ခန်းမမှာ ဒီနေ့ သြဂုတ်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့ထိ ၃ ရက်ကြာ  ကျင်းပမှာ ဖြစ်ပါတယ်။ သြဂုတ်လ ၈ ရက်နေ့မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်သလို ကျဆုံးသွားခဲ့တဲ့ ၈၈ က ပြည်သူတွေအတွက်လည်း သံဃာတော်တွေကို ဆွမ်းကပ်လှူမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ဒီကနေ့ပြုလုပ်တဲ့ ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနားကို လူပေါင်း ၃၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးတွင်းမှာတော့ အပစ်အခတ်ရပ်စဲရေး၊  တိုင်းရင်းသားရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု၊ အနာဂတ် ပြည်ထောင်စု၊ စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ မြန်မာနိုင်ငံအရေးနဲ့ ဒီမိုကရေစီ အင်အားစုများ အခန်းကဏ္ဍ၊ တိုင်းပြည် ပြန်လည် တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ သီးခြားဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာ့သမိုင်းမှာ အထင်ရှားဆုံး ဖြစ်ခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးနောက်ပိုင်း လူထုလူတန်းစားပေါင်းစုံ ပါဝင်ခဲ့ကြတဲ့ ၈ လေးလုံး အရေးတော်ပုံကြီး အောင်ပွဲရတဲ့အထိ လမ်းကြောင်းမသွေဖီဘဲ ၈ လေးလုံး စိတ်ဓာတ်အပြည့်နဲ့ ဆက်လက် တိုက်ပွဲဝင်သွားကြဖို့ မန္တလေးမြို့မှာ ကျင်းပတဲ့ ၂၅ နှစ်မြောက် ၈ လေးလုံး အရေးတော်ပုံ အခမ်းအနားမှာ ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင် က အဖွင့် အမှာစကား ပြောကြားခဲ့ပါတယ်။

၈ လေးလုံး အရေးတော်ပုံ ၂၅ နှစ်ပြည့် အခမ်းအနားကို မန္တလေးမြို့သူမြို့သားတွေ ဦးစီးပြီး ၃ ရက်တာ ကျင်းပကြမှာ ဖြစ်ပါတယ်။ မန္တလေးမြို့က လူထု ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနား ပထမနေ့နဲ့ ပတ်သက်လို့ မဆုမွန် က ဆက်သွယ်မေးမြန်း တင်ပြ ထားပါတယ်။

အထက်မြန်မာပြည် မန္တလေးရဲ့ ၂၅ နှစ်မြောက် ၈ လေးလုံး လူထု ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကို မန္တလေးမြို့ ၃၁ လမ်းနဲ့ ၈၄ လမ်းထောင့် ဓမ္မသာလခန်းမမှာ ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့က မန္တလေးမြို့ခံတွေက ဦးစီးပြီး စတင် ကျင်းပခဲ့ကြပါတယ်။ ပထမရက်မှာတော့ လူထု ဒီမိုကရေစီ အရေးတော်ပုံဆိုင်ရာ ဟောပြောပွဲ ကျင်းပခဲ့ပြီးတော့ ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင် က ၈ လေးလုံး လူထုအရေးတော်ပုံကြီးအတွင်းမှာ မန္တလေးရဲ့ လူထုတော်လှန်ရေးနဲ့ ပတ်သက်ပြီး အမှတ်တရ အဖွင့် အမှာစကား ပြောကြား ခဲ့ပါတယ်။

“မန္တလေး ၈ လေးလုံး ကာလတုန်းက ကျနော်က ရန်ကုန်မှာ စာနယ်ဇင်း သမဂ္ဂတို့ ဘာတို့ လုပ်နေတဲ့အခါကျတော့ ကျနော် မန္တလေးနဲ့ ဆက်သွယ်ရေး အမြဲတမ်းရှိတယ်။ မန္တလေးက လှုပ်ရှားမှုတွေ၊ ၈ လေးလုံး လှုပ်ရှားမှုတွေကို ကျနော် တော်တော်များများလည်း သိတယ် ကြားခဲ့တယ်ပေါ့ဗျာ။ ဒါက တစ်ခုပေါ့။ နောက်တခုက ၈ လေးလုံး လူထုလှုပ်ရှားမှုကြီး နဲ့ ပတ်သက်လို့လည်း ကျနော်က သပိတ်ပေါင်းစုံ ညီလာခံကြီး လုပ်ဖို့တို့ နောက်တခါ သူတို့အခေါ် အဲ့ဒီအချိန်တုန်းက သပိတ်လွှတ်တော်တို့ ဘာတို့ ခေါ်ရေးတို့ဆိုတဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော် ဆက်သွယ်လုပ်ခဲ့ဖူး တာတွေ ရှိပါတယ်။ အဲ့ဒီသံယောဇဉ်ကြောင့် ကျနော်က ဒီ မန္တလေး ၈ လေးလုံး ၂၅ နှစ်ပြည့်တဲ့အခါကျရင်တော့ ကျနော် တက်ဖို့ကောင်းတယ်လို့ ယူဆတဲ့အတွက် ကျနော် လာတက်ပါတယ်။”

မန္တလေးမြို့မှာ ကျင်းပတဲ့ ၈ လေးလုံး လူထုအရေးတော်ပုံ အခမ်းအနားက သမိုင်းမှတ်တမ်း စုဆောင်းရေးနဲ့ သမိုင်းဝင် မော်ကွန်းတင် ပြခန်း တင်ဆက်နိုင်ရေး ပူးပေါင်းကူညီပေးသူ ကိုလှိုင်ဘွား ကလည်း ၈ လေးလုံး အရေးတော်ပုံနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ၈ လေးလုံး ကာလတုန်းက အဲ့ဒီတုန်းက ရခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေပေါ့ အဲ့ဒီဟာတွေ ပြတယ်။ ကျနော်တို့ စာစောင်တွေ၊ အဲ့ဒီတုန်းက ထုတ်ဝေခဲ့တဲ့ ဂျာနယ်တွေပေါ့နော်။ ကျနော်တို့ကိုယ်တိုင် ထုတ်ဖြစ် တုန်းကတည်းက ဖြတ်သန်းခဲ့ရတာပေါ့နော်။ အဲ့ဒီတုန်းကတော့ ကျနော်က ၁၀ တန်းအောင်ပြီးခါစ အချိန်မှာ ငယ်လည်း ငယ်ပါသေးတယ်။ အခု ၂၅ နှစ်ပြည့် အခမ်းအနားမှာ အခုလို ပါဝင်ခွင့်ရတာတော့ လုပ်ခွင့်ရတာတော့ ၀မ်းသာမိပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ သွားရမယ့် အလုပ်တွေလည်း တကယ်တမ်းကျတော့ မပြီးသေးပါဘူး။ ဒါက အောင်ပွဲလည်း မဟုတ်သေးပါဘူး။ အထိမ်းအမှတ်တခု လုပ်တဲ့အနေနဲ့ လုပ်ကြတာပါ။”

မြန်မာ့သမိုင်းမှာ ၁၃၀၀ ပြည့် အရေးတော်ပုံပြီးရင် ဒုတိယမြောက် အရေးတော်ပုံဖြစ်တဲ့ ရဟန်းရှင်၊ လူ၊ ကျောင်းသား ပြည်သူ အားလုံးပါဝင်ပြီး စစ်အာဏာရှင်ကို တော်လှန်ကြတဲ့ ၈ လေးလုံး အရေးတော်ပုံကြီးနဲ့ ပတ်သက်ပြီးလည်း ဦးဝင်းတင် က အောင်ပွဲရတဲ့အထိ ဆောင်ရွက်ကြဖို့ မျိုးဆက်သစ်တွေကို မန္တလေးအခမ်းအနားမှာ အမှာစကား ပြောကြား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“အန်ကယ်လ်တို့ ဒီ ၈ လေးလုံးကာလကို ကျနော်တို့ ဒီ မန္တလေးလူထုက မမေ့မလျော့ အခုလို ၂၅ နှစ်မြောက်နေ့ အထိမ်းအမှတ်ပြုပြီးတော့ အခုလို တခမ်းတနား ဘက်ပေါင်းစုံကနေပြီးတော့ စီစဉ်တဲ့အတွက် ကျနော်တို့ ၀မ်းသာတယ်။ အားလည်းရပါတယ်။ စိတ်ဓာတ်လည်း အများကြီး တက်ပါတယ်လို့ လူထုကို ကျနော် ပြောပါတယ်။ ဘာဖြစ်လို့ ဒီလို ဖြေရလဲဆိုတော့ ဒီ ၈ လေးလုံးနေ့ ဆိုတာ ကျနော်တို့အတွက် မမေ့ကောင်းတဲ့ နေ့လည်းဖြစ်တယ်။ နောက် ကျနော်တို့ မြန်မာပြည်မှာ အရေးတော်ပုံရယ်လို့ အမည်ခံတဲ့ဟာ မြန်မာ့သမိုင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ လောက်အတွင်းမှာ ဒါ ဒုတိယအကြိမ်ဖြစ်ပါတယ်။ နော် ဒီ ၈ လေးလုံးဆိုတဲ့ပွဲဟာ ဒုတိယပွဲဖြစ်ပါတယ်။ မြန်မာပြည်သူတရပ်လုံး ပါဝင်ခဲ့တယ်။ လယ်သမားတွေ ပါဝင်တယ်။ အလုပ်သမားတွေ ပါဝင်တယ်။ တောနေ၊ မြို့နေ လူထုတွေ ပါဝင်တယ်။"

"ဒီမိုကရေစီနဲ့အတူ လူ့အခွင့်အရေးတို့ လွတ်လပ်ပွင့်လင်းမှုတို့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးတို့ နော် နောက် တိုင်းရင်းသား အရေးတို့ နောက်ပြီးတော့ စစ်မှန်တဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းရေးတို့ ဆိုတဲ့ တောင်းဆိုချက်တွေက ဒီ ကျနော်တို့ အခု ၂၅ နှစ်တိုင်သော်ငြားလည်း အရေးတော်ပုံကြီးက မပြည့်စုံသေးဘူး။ ဒါကြောင့် ကျနော်တို့က ဒီအရေးတော်ပုံကြီးကို ပြီးတယ်လို့ သတ်မှတ်လို့ မရသေးဘူး။ အဲ့ဒါကြောင့် ကျနော်တို့ဟာ ဒီအရေးတော်ပုံကြီးနဲ့ ပတ်သက်ပြီးတော့ မပြီးဆုံး သေးတဲ့ တာဝန်တွေကို ဆက်ပြီးတော့ သယ်ဆောင်သွားရမယ်။ ဆက်ပြီးတော့ တိုက်ပွဲဝင်ကြရမယ်။ အဲ့လို ယူတဲ့ နေရာမှာ ကျနော်တို့ဟာ ဘာပဲပြောပြော အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ အကြောင်းပြချက် တခုတည်းနဲ့တော့ ဒီလို အရေးတော်ပုံကနေပြီးတော့ အရေးတော်ပုံ လုပ်ငန်းတွေ ဘာတွေ ကျနော်တို့ တွန့်ဆုတ်ဖို့တို့ တိမ်းချော်ဖို့တော့ မဖြစ်သင့်ဘူး။ ကျနော်တို့ လုပ်ရမယ့်ဟာက အာဏာရှင်စနစ် ဆန့်ကျင်ရေး တာဝန်တွေကိုတော့ ဆက်လက်ပြီးတော့ သယ်ဆောင်သွားရမယ့်ဟာ ရှိပါတယ်လို့”

အမျိုးသားရင်ကြားစေ့ရေး၊ ပြည်ထောင်စု စိတ်ဓာတ်ခိုင်မာရေးနဲ့ ငြိမ်းချမ်းရေး ဦးတည်ချက် ၃ ရပ်နဲ့ ကျင်းပနေတဲ့ အထက်မြန်မာပြည် မန္တလေးရဲ့ ၈ လေးလုံး လူထု ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုသဘင် အခမ်းအနားကို သြဂုတ်လ ၆ ရက်ကစ ကျင်းပမှာ ဖြစ်ပါတယ်။  သြဂုတ်လ ၇ ရက်နေ့မှာ လူထု ဒီမိုကရေစီ အရေးတော်ပုံဆိုင်ရာ အနုပညာ တင်ဆက်မှာဖြစ်ပြီး သြဂုတ်လ ၈ ရက်နေ့ ၈ လေးလုံး အရေးတော်ပုံ ၂၅ နှစ် တင်းတင်းပြည့်တဲ့နေ့မှာတော့ မန္တလေး လေးပြင်လေးရပ်က ဆရာတော်၊ သံဃာတော်တွေကို အရုဏ်ဆွမ်း ကပ်လှူကြမှာဖြစ်ပြီး သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲနဲ့လည်း အလှူဒါန ပြုကြမှာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာလည်း နိုင်ငံရေးဆွေးနွေးပွဲကို ဆက်ကျင်းပမှာ ဖြစ်ပါတယ်။ သြဂုတ်လ ၆ရက်နေ့ကနေ သြဂုတ်လ ၈ရက်နေ့အထိ မန္တလေးက စာပေ အနုပညာရှင်တွေရဲ့ လက်ရာဖြစ်တဲ့ လူထု ဒီမိုကရေစီ အရေးတော်ပုံဆိုင်ရာ ပန်းချီ၊ ဓာတ်ပုံ၊ ကာတွန်းတွေကို သမိုင်းဝင် မော်ကွန်းပြခန်းအဖြစ် ပြသမှာ ဖြစ်ပါတယ်။

Monday, August 5, 2013

၂၅ နှစ်ကြာ လက်နက်ကိုင်ခဲ့သည့် ABSDF ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်မည့် ပထမဆုံး လက်နက်ကိုင်အဖွဲ့ ဖြစ်လာ

နန်းလွင်နှင်းပွင့် | အင်္ဂါနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၃ ခုနှစ် ၀၆ နာရီ ၄၇ မိနစ် 

 
၂၅ နှစ်ကြာ လက်နိုင်ကိုင် တိုက်ပွဲဝင်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF
နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ဩဂုတ်လ ၅ ရက်တွင် အပြီးသတ် ငြိမ်းချမ်းရေးရရှိရန် ဒုတိယ
အဆင့်ဖြစ်သော ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။

အပြီးသတ်ငြိမ်းချမ်းရေးအတွက် နောက်ဆုံးအဆင့်ဖြစ်သည့်  ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများကိုမူ ဩဂုတ်လ ၁၀ ရက်တွင် ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ရှိသည့်အနက် ABSDF သည် ပြည်ထောင်စု
အဆင့်ဆွေးနွေးပွဲသို့ ပထမဆုံး တက်ရောက်ဆွေးနွေးမည့်အဖွဲ့လည်း ဖြစ်သည်။

ပြည်ထောင်စုအဆင့် ဆွေးနွေးရန် ABSDF မှ ကိုယ်စားလှယ်များ ဖွဲ့စည်းပြီးဖြစ်သည်ဟုလည်း ABSDF မှ ဥက္ကဋ္ဌ ရဲဘော် သံခဲက ပြောသည်။

“ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ပြန်လည် ဖွဲ့စည်းနေပါပြီ၊ ဗဟိုကော်မတီ၊ အနောက်ဘက်၊ မြောက်ဘက်က ကိုယ်စားလှယ်တွေလည်း အကုန်ပါပါတယ်၊ ဆွေးနွေးဖို့ကို လူအင်အားပြည့်ပြီ” ဟု
ပြောသည်။

ပြည်နယ်အဆင့်ဆွေးနွေးမှုတွင် သဘောတူညီချက်များအဖြစ် ABSDF နှင့် အစိုးရတပ်တို့ ဆွေးနွေးမှုများ ဆက်လက်
ပြုလုပ်ရန်၊ ပစ်ခတ်မှုများမရှိရန်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်မှုမရှိရေး နှစ်ဖက်ထိန်းသိမ်းရန်၊ ABSDF တပ်ဖွဲ့ဝင်များ
မြန်မာနိုင်ငံအတွင်း လက်နက်မပါရှိဘဲ ဥပဒေနှင့်အညီ သွားလာနိုင်ရန်တို့ကို သဘောတူလက်မှတ်ထိုးခဲ့ကြသည်။

ပြည်ထောင်စုအဆင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် ကျောင်းသားတပ်ဦးဘက်မှ နိုင်ငံပြုပြင်ပြောင်းလဲမှုများ၊ တိုင်းရင်းသားတို့ လိုအပ်ချက်များနှင့်စပ်လျဉ်းသည့် အချက် ၁၂ ချက်အား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း
ကော်မတီသို့ ပေးပို့ထားပြီးဖြစ်သည်။

“၁၂ ချက်တော့ ကျန်နေသေးတယ်၊ အခုက အရင်ကလို မဟုတ်တော့ပါဘူး၊ ကျွန်တော်တို့က စနစ်ပြောင်းသွားပြီ၊ သဘောမတူတာကို ဆက်ဆွေးနွေးမှာပေါ့၊ နောက်မဆုတ်ကြေး၊ အဖြေတစ်ခု မရမချင်း မညှိသေးနိုင်သမျှ စားပွဲဝိုင်း
မှာထိုင်ပြီး ဆွေးနွေးမှာပေါ့၊ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ တည်ဆောက်ရေး ကဏ္ဍတွေမှာလည်း လက်တွဲ သွားမှာပါ၊ အရင်ကလို ရန်သူတွေမှ မဟုတ်တော့တာ” ဟုလည်း ရဲဘော်သံခဲကပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပြီး ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာလျှင် ကျောင်းသားတပ်ဦးက နိုင်ငံရေးဆွေးနွေး
မှ ထွက်ရှိ လာသည့် အဖြေပေါ်မူတည်ကာ ရပ်တည်သွားရန် ABSDF က ရည်ရွယ်ထားသည်။

လက်ရှိ ပြည်နယ်အဆင့် ဆွေးနွေးပြီးသည့် အခြေအနေတွင် ဆက်ဆံရေးရုံးအား မြဝတီမြို့တွင်ထားရှိမည်ဖြစ်ပြီး အခြားဆက်ဆံရေး ရုံးများအား ထပ်မံထားရှိရန် ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေး သွားမည်
ဖြစ်သည်။

ပဋိပက္ခများ လုံးဝချုပ်ငြိမ်းသွားရန်နှင့် သဘောတူညီမှုများ ဆက်လက်ထိန်းသိမ်းရန် အစိုးရတွင် ပို၍တာဝန်ရှိသည်ဟု
လည်း ရဲဘော်သံခဲကဆိုသည်။

“ငြိမ်းချမ်းရေးဆိုတာက နှစ်ဖက်တည်းလည်း လုပ်လို့မရတော့ နောက်ပိုင်းမှာ အစိုးရ၊ စစ်တပ်၊ နိုင်ငံရေး ပါတီ၊ လက်နက်ကိုင်အဖွဲ့တွေ စုဆုံမှရမယ်၊ ဒါမှလည်း အားလုံး ပြောပြောနေတဲ့၊ ဦးတည်နေတဲ့ ပင်လုံစိတ်ဓါတ်ရှိတဲ့ ညီလာခံ
ဆိုတာဖြစ်လာမှာပါ၊ တိုင်းရင်းသားအခွင့်အရေးတွေရဖို့၊ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့လည်း လက်ရှိအင်အားကြီးတဲ့ အစိုးရ
ဘက်က ပိုပြီးတာဝန်ရှိတယ်လို့ မြင်တယ်” ဟု ပြောသည်။

ဩဂုတ်လ ၅ ရက် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် မြန်မာ့ငြိမ်းချမ်းရေးဂေဟာတွင် ပြုလုပ်သည့် ဆွေးနွေးပွဲသို့  ABSDF မှ ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းတို့အပြင် ABSDF မြောက်ပိုင်းမှ ကိုယ်စားလှယ် ငါးဦး၊ အနောက်ဘက် အိန္ဒိယမှ ကိုယ်စားလှယ် ငါးဦး ထိုင်းနယ်စပ်မှ စစ်ဗျူဟာမှူးများ၊ ကိုယ်စားလှယ်များတက်ရောက် ဆွေးနွေးခဲ့ကြသည်။

ကျောင်းသားတပ်မတော်ဟု ခေါ်တွင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကို ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁ ရက် ထိုင်းမြန်မာနယ်စပ် တစ်နေရာတွင် စတင်ဖွဲ့စည်းခဲ့ပြီး တပ်ဦး၏ ပထမဆုံးဥက္ကဋ္ဌမှာ ရဲဘော် ထွန်းအောင်ကျော် ဖြစ်သည်။

ဆီးဂိမ်းအတွက် သင်ခန်းစာနှင့် တလွဲဆံပင်ကောင်းခြင်းမှ ရှောင်ကျဉ်ရန်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၃ ခုနှစ် ၀၅ နာရီ ၅၄ မိနစ်

      အရှေ့တောင်အာရှဒေသအတွင်း ရေပန်းအစားဆုံး အားကစားပွဲတော်ဖြစ်သည့် ဆီးဂိမ်းအတွက် ပြင်ဆင်မှု၊ အားထုတ်မှု ကြိုးပမ်းမှုများ ပြုလုပ်လာခဲ့သည့် မိမိတို့ မြန်မာနိုင်ငံသည် ဩဂုတ်လ ၄ ရက် နေပြည်တော်၊ ရန်ကုန်
ဘောလုံး ကစားပွဲဖြစ်ရပ်ကြောင့် ရုပ်ဆိုးအကျည်းတန်စေလိမ့်မည်ဟု ယူဆရပါသည်။

ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ
အခမ်းအနား ပြုလုပ်ရန်ရှိပြီး ပရိသတ်သုံးသောင်းခန့် ဝင်ဆံ့သော ဘောလုံးကွင်းသစ် ဖြစ်သည်။ မိမိတို့ နိုင်ငံသား အချင်းချင်းကန်သည့် ဘောလုံးပွဲတွင်ပင် ခိုက်ရန်ဖြစ်ပွားခြင်း၊ ပဋိပက္ခတို့ ဖြစ်ပေါ်စေခဲ့ခြင်းတို့သည် အရှေ့တောင်
အာရှ အားကစားပွဲကိုလည်း ရိုက်ခတ်မှု ရှိပေလိမ့်မည်။

ဩဂုတ် ၄ ရက် ဖြစ်ရပ်ကဲ့သို့ ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းကျင်းပသည့် မြန်မာအသင်းနှင့် အိုမန်အသင်းတို့၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။ မြန်မာတို့၏ အိမ်ကွင်းဖြစ်သော ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းအတွင်း ကျင်းပသည့် အဆိုပါဘောလုံးပွဲတွင် မြန်မာပရိသတ်အချို့က ကွင်းအတွင်း ထီး၊ ဖိနပ်၊ ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခဲ့ရာမှ ပွဲကစားချိန် ၃၉ မိနစ်တွင် ပွဲရပ်လိုက်ရသည်။

အဆုံးသတ် အဖြေသည်ကား မြန်မာအသင်း ၃၉ မိနစ်သာ ကစားခွင့်ရလိုက်ပြီး နှစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကာ မြန်မာ
ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သို့ ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ သုံးသောင်း ပေးဆောင်လိုက်ရ
သည်။

နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်းအတွင်းဖြစ်ရပ်နှင့် ရန်ကုန်သုဝဏ္ဏကွင်းအတွင်း ဖြစ်ရပ်နှစ်ခုလုံးကို ခြုံငုံသုံးသပ်မည်ဆို
ပါက ဆိုးသွမ်းပရိသတ်တို့၏ ရမ်းကားသည့် အပြုအမူများနှင့်အတူ အစီအစဉ်များလွဲချော်မှု၊ လုံခြုံရေးအားနည်းမှုများ
တွေ့ရမည်ဖြစ်ပြီး ပရိသတ်တချို့၏ အားကစားစိတ် မရင့်ကျက်မှုကို တွေ့ရမည် ဖြစ်သည်။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လက ရန်ကုန်သုဝဏ္ဏကွင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်တွင် ကွင်းဝင်ပေါက်တွင် လူစစ်ဆေးရာ များပြားလွန်းသည့် ပရိသတ်ကြောင့် ကာရံထားသည့် သံပန်းတံခါးကြီး ကျိုးပဲ့ပျက်စီးပြီး ပရိသတ်တို့ကွင်းအတွင်း တစ်ဟုန်ထိုး ဝင်ရောက်သွားကြသည့် စီစဉ်ထားမှုလွဲချော်ခြင်း ဖြစ်သည်။

ဩဂုတ် ၄ ရက် ဖြစ်ရပ်တွင်မူ ကွင်းအတွင်းရောက်ရှိလာသည့် ပရိသတ်မှတစ်ဆင့် အချင်းများမှု စတင်ခဲ့သည့် ပဋိပက္ခသည် လုံခြုံရေးအစီအမံ အားနည်းမှုကြောင့်ပင် ဖြစ်သည်။ မြန်မာဘောလုံးအဖွဲ့ချုပ်က သက်ဆိုင်ရာ တိုင်း
အစိုးရသို့ လုံခြုံရေးရယူပေးရန် တောင်းခံထားသော်လည်း လုံခြုံရေးဝန်ထမ်းများ လုံလောက်မှုမရှိသည့် လုံခြုံရေး အားနည်းမှု ဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာဘောလုံး အားကစားသမားများ၊ မြန်မာပရိသတ်တို့သည် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာပုံရိပ်ကို ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံတကာ အားကစားပွဲများနှင့်အတူ ဆီးဂိမ်းကို ဦးဆောင်ကျင်းပရန် စီစဉ်ထားသည့် မိမိတို့ မြန်မာနိုင်ငံသည် အထက်ပါ ဖြစ်ရပ်များကဲ့သို့သော အကျည်းတန်သည့် ဖြစ်ရပ်များ ထပ်မဖြစ်
ရန် လိုအပ်သည်။

မြန်မာပရိသတ်အဖို့မူ မိမိနိုင်ငံ၊ မိမိတို့ဒေသအသင်းကို အားပေး၊ ချီးမြှင့်လိုသည့် စိတ်ဓာတ်ရှိရမည်မှာ သဘာဝကျ
သော်လည်း တလွဲဆံပင်ကောင်းသည့် အပြုအမူ၊ အားပေးမိသည့် လုပ်ရပ်များကိုမူ ရှောင်ကျဉ်ရန် လိုအပ်ပေလိမ့်
မည်။

မလေးရှား၌ မြန်မာနိုင်ငံသား တဦး ထပ်မံ တိုက်ခိုက်ခံရပြီး သေဆုံး

မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့တွင် ပြီးခဲ့သည့် ဇွန်လဆန်း ၃ ရက်က မြန်မာ အလုပ်သမား တဦး ၏ ရုပ် အလောင်း ကို မလေးရှား ရဲ တပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်(ဓာတ်ပုံ – Straits Times)

  Hits:0 


မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ လုံခြုံစိတ်ချရမှု မရှိသေးသည့်အပြင် ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း မြန်မာနိုင်ငံသား တဦး ထပ်မံ တိုက်ခိုက်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆာလာရမ်း (Sealyang) အရပ်တွင် နေထိုင်သည့် အသက် ၃၀ ၀န်းကျင်ရှိ ကို သန်းသန်း ဆိုသော လူငယ်တဦးသည် ၎င်း၏ သူငယ်ချင်းအိမ်သို့ သြဂုတ်လ ၃ ရက်နေ့ ညနေက သွားလည်စဉ် အမည်မသိ လူ ၃ ဦးက ဓားဖြင့် ထိုး၍ သေဆုံးသွားရကြောင်း ကပုန်းနာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ကိုဆန်းဝင်း က ဧရာဝတီ ကို ပြောသည်။
“သူ့သူငယ်ချင်းအိမ်ရှေ့ အရောက် ဆိုင်ကယ်ရပ်တာနဲ့ ကားတစီးနဲ့ရောက်လာတဲ့ လူ ၃ ယောက်က ဓားနဲ့အချက်ပေါင်း များ စွာ ထိုးတာ ခံလိုက်ရတယ်၊ အလောင်းကတော့ အခုဆေးရုံမှာပဲ ရှိသေးတယ်”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသားများအတွက် ဆာလာရမ်း အရပ်အပါအ၀င် နေရာတချို့၌ လုံခြုံမှု လုံးဝ မရှိသေးကြောင်း၊ မြန်မာနိုင်ငံသား များ အား တိုက်ခိုက်သည့် တရားခံများကိုလည်း မလေးရှား အစိုးရက ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု မရှိသေးကြောင်း၊ ယနေ့အထိ တရားခံ တဦးတယောက်မှ ဖော်ထုတ်နိုင်ခြင်းလည်း မရှိသေးကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် မိမိနိုင်ငံသို့ ပြန်ရန် လက်ရှိ စာရင်းပေးထားသူ ဦးရေ ၃၀၀၀ ၀န်းကျင်ရှိကြောင်း၊ ၎င်းတို့ ပြည် တော်ပြန်ရေး အတွက် လာမည့် သီတင်းပတ်မှ စ၍ အသုတ်လိုက်ပို့နိုင်ရေး မြန်မာသံရုံး အာဏာပိုင်များ၊ မလေးရှား အာဏာ ပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း မလေးရှား အခြေစိုက် ဧရာဝတီ ဖောင်ဒေးရှင်း တာဝန်ခံ ဦးသီဟမောင်မောင် က ပြောသည်။
မလေးရှား၌ တရားမ၀င်နေထိုင်သူများ မြန်မာပြည်ပြန်ရေး ဆောင်ရွက်ရာတွင်လည်း ဒဏ်ကြေးငွေကို မလေးရှား အစိုးရက ရင်းဂစ် ၄၀၀ မှ ၃၀၀၀ အထိ သတ်မှတ်လိုက်သည့်အတွက် အများစုမှာ ပြန်တော်ပြန်ရန် အခက်အခဲများ ဖြစ်နေရကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
“ဒါက မလေးရှားရဲ့ဥပဒေအရ ထုတ်ထားတာပါ၊ ဒါပေမယ့် ၄၀၀ နဲ့ပဲ သတ်မှတ်ပေးဖို့ မလေးရှား အာဏာပိုင်တွေနဲ့ မြန်မာ သံရုံး တို့ဆွေးနွေးကြတာ အဆင်ပြေပါတယ်”ဟု ဦးသီဟမောင်မောင် က ပြောသည်။
ဧရာဝတီ ဖောင်ဒေးရှင်းနှင့် သီတဂူ ဖောင်ဒေးရှင်းတို့ထံ စာရင်းပေးထားသည့် လူ ဦးရေ ၃၀၀၀ ၀န်းကျင် အတွက် ခရီးစရိတ် အလုံးစုံ ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း၊ မေလးရှား သံရုံးကို ပေးဆောင်ရမည့် ရင်းဂစ်ငွေ ၄၀၀ ကိုလည်း သီတဂူ ဆရာတော်ကြီး က ပေးဆောင်သွားမည် ဖြစ်ကြောင်း ၎င်း က ဆက်ပြောသည်။
မြန်မာနိုင်ငံသို့ ပြန်လိုသူများသည် လေကြောင်းလိုင်း အပြင် နယ်စပ်မှတဆင့် ပြန်သူများလည်း ရှိကြောင်း အစိုးရ သတင်း စာ ၌ ဖော်ပြထားသည်။
မလေးရောက် မြန်မာများ တိုက်ခိုက်ခံရမှု ပြဿနာသည် ဆာလာရမ်း (Sealyang) ဒေသရှိ ဈေး၌ အလုပ်လုပ်ကိုင်နေသည့် ကိုဝင်းခိုင်နှင့်နာဆစ် ခေါ် ကိုမင်းဇော် ဆိုသူတို့အား မေလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် အုပ်စုဖွဲ့ တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရ သည့် အချိန်မှစ၍ ဆက်တိုက်ဖြစ်ပေါ်နေခြင်းလည်း ဖြစ်သည်။
ထိုအချိန်မှ ယနေ့အထိ အသတ်ခံရသူ ၈ ဦး ရှိပြီး ဒဏ်ရာရသူ ဆယ်ဂဏန်းရှိကြောင်း ကပုန်းနာရေး အသင်းထံမှ သိရသည်။
မလေးရှားမှ မြန်မာပြည်သို့ ပြန်သူများကို ဧရာဝတီ ဖောင်ဒေးရှင်း၊ သီတဂူ ဖောင်ဒေးရှင်း၊ ကမ္ဘောဇ ကုမ္ပဏီ စသည်တို့၏ စီ စဉ်မှုဖြင့် ပြန်သူ ဦးရေ ယနေ့အထိ ၁၀၀၀ ၀န်းကျင်ရှိပြီ ဖြစ်ကြောင်း၊ ပြန်ရန် စာရင်းပေးထားသူ ၃၀၀၀ ၀န်းကျင် ကိုလည်း အမြန်ဆုံး ပြန်နိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ဦးသီဟမောင်မောင် က ဆိုသည်။
လက်ရှိတွင် မလေးရှား၌ အခြေအနေများ တည်ငြိမ်သွားပြီဖြစ်၍ မြန်မာနိုင်ငံတွင်းမှ မလေးရှားသို့ အလုပ်သွားလုပ် လိုသူများ ကို ယခင်အတိုင်း ပို့ဆောင်ပေးနေပြီ ဖြစ်ကြောင်း အလုပ်သမား အေဂျင်စီ တချို့၏ ပြောဆိုမှုသည် အခြေအနေမှန်ကို သေ ချာမသိဘဲ ခန့်မှန်း ပြောဆိုခြင်းသာ ဖြစ်ကြောင်း ကပုန်းနာရေး အသင်း ဥက္ကဋ္ဌ ကိုဆန်းဝင်း က ပြောဆိုသည်။

အင်ဒို ဗုဒ္ဓဘုရားကျောင်း ဗုံးကွဲမှု မြန်မာပြည်နဲ့ဆက်နွယ်

ဗွီအိုအေ (မြန်မာပိုင်း)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် လူ ၃ ဦး ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှုဟာ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာ မူဆလင်တွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေကို လက်စားချေတဲ့အနေနဲ့ အခုလို ဗုံးပေါက်ခဲ့တာ ဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာမှာ “ရိုဟင်ဂျာတွေရဲ့ အော်ဟစ်သံကို ကျွန်ုပ်တို့ ကြားရပါတယ်” လို့ အဓိပ္ပါယ်ရတဲ့ စာရေးထားခဲ့တာကို တွေ့ရတယ်လို့ အင်ဒိုနီးရှား ဘာသာရေးဆိုင်ရာဝန်ကြီး ဆူရာဒါမာ အလီ (Suryadharma Ali) က ပြောပါတယ်။

အနောက် ဂျကာတာမှာရှိတဲ့ Ekayana ဘုန်းကြီးကျောင်းအတွင်း တနင်္ဂနွေနေ့ညက လူတွေ ဘုရားရှိခိုးနေတဲ့အချိန် သိပ်အင်အားမပြင်းလှတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့တာပါ။ နောက်တလုံးကတော့ မီးခိုးပဲထွက်ပြီး မပေါက်ကွဲခဲ့ဘူးလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ မပေါက်ကွဲသေးတဲ့ တတိယ ဗုံးတလုံးကိုလဲ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မနှစ်က ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ အပြန်အလှန် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထောင်နဲ့ ချီတဲ့ ရိုဟင်ဂျာတွေ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြတာမှာ တချို့လည်း အင်ဒိုနီးရှားနိုင်ငံကို လှေနဲ့ ထွက်ပြေးသွားခဲ့ကြသူတွေလည်း ရှိနေတာပါ။

အဲဒီလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား နိုင်ငံက ဒုက္ခသည်တွေဟာ သြစတေးလျနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ အင်ဒိုနီးရှားနိုင်ငံကတဆင့် ခိုလှုံကြလေ့ ရှိပါတယ်။

လုံခြုံရေးအရပိတ်ထားရတဲ့ အမေရိကန်သံရုံးအချို့ ပြန်ဖွင့်

ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန်အစိုးရက လုံခြုံရေး စိုးရိမ်မှုအရ ပိတ်ထားတဲ့ အရှေ့အလယ်ပိုင်း နဲ့ မြောက်အာဖရိကဒေသက သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတချို့ကို တနင်္လာနေ့မှာ ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ ဒေသတွင်းက သံရုံးနဲ့ ကောင်စစ်ဝန်ရုံး ၁၉ ရုံးကိုတော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။

Kabul, Baghdad, Algiers, Dhaka စတဲ့ မြို့တွေက သံရုံးတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြန်ဖွင့်လိုက် တာ ဖြစ်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နိုင်ခြေ များတယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ရရှိထားတဲ့အတွက် အဲဒီ သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေကို ပိတ်ခဲ့တဲ့အပြင် အမေရိကန် နိုင်ငံသားတွေအနေနဲ့လည်း ခရီးသွားလာတဲ့နေရာမှာ သတိထားကြဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သတိပေးချက်တွေ ထုတ်ပြန်ခဲ့တာပါ။

အခုလို ခြိမ်းချောက်မှုတွေ ဖြစ်ပေါ်နေတာကို သတိထား တုံ့ပြန်တဲ့အနေနဲ့ သံရုံးနဲ့ ကောင်စစ်ဝန်ရုံး ၁၉ ခုကို စနေနေ့အထိ ဆက်ပိတ်ထားမယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အခု ဆက်ပိတ်ထားတဲ့အထဲ Abu Dhabi, Amman, Cairo, Dubai, Riyadh နဲ့ Tripoli မြို့တို့ ပါဝင်ပါတယ်။

Saturday, August 3, 2013


ထိုင်းနိုင်ငံ၊မဟာချိုင်မြို့၊နီခွန်(၁၆)လမ်းမိသားစု (ဒုတိယအကြိမ်မြောက်)စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ(၂၁-၇-၂၀၁၃)






မဟာချိုင်မြို့၊ဘော်ကျဲ မြန်မာမိသားစုများမှ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြသည့် ဓါတ်ပုံများ


ထိုင်းနိုင်ငံ၊မဟာချိုင်မြို့၊ဘော်ကျဲ မြန်မာမိသားစုများမှ စုပေါင်း၍ ၂၁-၇-၂၀၁၃-(တနင်္ဂနွေ)နေ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြစဉ်


လင်မယားချင်းစကားများရာက မယားကိုဓါးဖြင့်ခုတ်ပြီး မိမိကိုယ်ကို ကြိုးဆွဲချသတ်သေ

နေပြည်တော်၊ သြဂုတ် ၃

၂-၈-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ ကံသာထွက်ဝရပ်ကွက်နေ မောင်ယေ(၂၅)နှစ်နှင့် ဇနီးဖြစ်သူမဌေးချေ(၂၂)နှစ်တို့ ၂ ဦး လင်မယားချင်းစကားများရာမှ မောင်ယေက ဓါးနှင့်ခုတ်သဖြင့် မဌေးချေတွင် ဦးခေါင်း၊ လည်ပင်းနှင့်ယာလက်တို့၌ ပြတ်ရှဒဏ်ရာများ ရရှိကာသေဆုံးခဲ့သည်။ ထို့နောက် မောင်ယေအားလိုက်လံရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်း၊ ထုတ်တန်း၌ တီဗွီအန်တီနာကြိုးဖြင့်ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသောကြောင့် မြေပုံနယ်မြေ ရဲစခန်း(ပ)၁၀၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ နှင့် သေမှုသေခင်းအမှတ်စဉ်(၆/၂၀၁၃)တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Saturday, August 3, 2013 သဘာဝဘေး ဖြစ်ပွားရာဒေသမှ ပြောင်းရွှေ့ရန် ငြင်းဆန်သူများကို ထောင်ဒဏ်ချမှတ်သွားမည်

(3.8.2013, Saturday)

သဘာဝဘေး အန္တရာယ်ဖြစ်ပွားရာ ဒေသမှ ပြောင်းရွှေ့ရန် ညွှန်ကြားချက် အား ငြင်းဆန်နေသော သူများကို (၁) လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သွားမည်ဟု သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၏ အခန်း(၈)၌ ဖော်ပြထားသည်။

ပြဋ္ဌာန်းလိုက်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ဇူလိုင်လ (၃၁)ရက်နေ့က ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

သဘာဝဘေး အန္တရာယ်ကျရောက်နေသော နေရာနှင့် အဆောက်အအုံတို့က ဖယ်ရှား ထွက်ခွာရန် သို့မဟုတ် ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ရန် ညွှန်ကြားချက်ကို တမင်ပျက်ကွက်သူများကို ယခုလို ပြစ်ဒဏ်ပေးရန် ပြဋ္ဌာန်းလိုက် သည်။

ထို့ပြင် သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စများကို ဆောင်ရွက်နေသည့် တာဝန်ရှိသူများကို တားဆီးခြင်း၊ ဟန့်တားခြင်းနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်သူများကိုလည်း ထောင်ဒဏ်(၂)နှစ်နှင့်
ငွေဒဏ်များ ချမှတ်ထားသည်။

ဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် မဟုတ်မမှန်သတင်းထုတ်လွှင့်သူများကို  ထောင်ဒဏ်(၁)နှစ်နှင့် ငွေဒဏ် ချမှတ်သွားမည်ဟု ဖော်ပြထားသည်။

အဆိုပါ ဥပဒေကို အကောင် အထည်ဖော်ရန်အတွက် အမျိုးသားကော်မတီ၊ ပြည်နှင့် တိုင်းဒေသကြီး
သဘာဝဘေး အန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းသွား ရမည်ဖြစ်ပြီး ရုံးလုပ်ငန်းတာဝန်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ၀န်ကြီးဌာနက စီစဉ်မည်ဟု သတင်းရရှိသည်။

SkyNet TV Browser

Thit Htoo Lwin - News


                   ရှင်သန်ခြင်း လျှို့ဝှက်ချက်(၃)

  အဆက်-------

         ဗုဒ္ဓလက်ထက်တော်က သာဝတ္ထိပြည်မြို့မှ ဗန္ဓုလစစ်သူကြီး၏ဇနီးမလ္လိကာသည် အရှင်သာရိပုတ္တရာ
အမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ မိမိအိမ်၌ ဆွမ်းဆက်ကပ်လှူဒါန်း၏။မလ္လိကာသ
သည် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ်ရန် စီစဉ်နေသော  အချိန်မှာပင် မိမိခင်ပွန်း ဗန္ဓုလ
စစ်သူကြီးနှင့် သား(၃၃)ယောက်တို့ စစ်မြေပြင်၌အသတ်ခံရကြောင်းစာကိုလက်ခံရရှိထားပြီးဖြစ်လေ၏။သို့
ရာတွင် မလ္လိကာသည် စဉ်းစားဆင်ခြင်ဥာဏ်ရှိသူ၊တရားသဘောကိုနှလုံးသွင်းထားသူပီပီ သူမ၏စိတ်နှလုံး
မှာ မည်သို့မျှ တုန်လှုပ်ချောက်ချားမှုမဖြစ်ချေ။ဤသည်မှာ စဉ်းစားဆင်ခြင်ဥာဏ်ရှိပြီး တရားသဘောကို နှ
လုံးသွင်းထားသူတို့၏ ဓမ္မတာသဘောပင်ဖြစ်၏။ထို့ကြောင့်ပင် မလ္လိကာသည် ထိုအချိန်တွင် ပကတိတည်
ငြိမ်အေးဆေးစွာဖြင့် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်၏။မလ္လိကာသ
ည် ဆွမ်းဆက်ကပ်လှူဒါန်းရာသို့ ထောပတ်အိုးကိုချီမလာစဉ် ထောပတ်အိုးခေါင်းပေါ်မှကျ၍ ကွဲကျပျက်စီး
သွားလေ၏။ထိုအခြင်းအရာကိုသိမြင် တွေ့မြင်တော်မူသော အရှင်သာရိပုတ္တရာအရှင်မြတ်က မလ္လိကာအား
"ဒါယိကာမကြီး မလ္လိကာ၊ကွဲကျပျက်စီးတတ်သောအရာမှန်သမျှသည် ကွဲကျပျက်စီးတတ်သော သဘောရှိ
၏။ယင်းသဘောကိုစိတ်ကတွေး၍ ပူပင်မှုမဖြစ်ပါလေနှင့်"ဟူ၍မိန့်ကြားတော်မူ၏။ထိုအရှင်၏စကားကိုကြား
ကြားရသောအခါ မလ္လိကာသည် ခါးပိုက်ကြား၌ ညှပ်ထားသောစာကို ထုတ်ပြပြီး "အရှင်ဘုရား၊တပည့်တော်
မ၏ ခင်ပွန်းဗန္ဓုလစစ်သူကြီးနှင့်တကွ သား(၃၃)ယောက်တို့ စစ်မြေပြင်၌ အသတ်ခံရကြောင်းစာကို ဖတ်ရှု
ရ၍သော်မှ တပည့်တော်မ ပူဆွေးမှုမဖြစ်၊ဣနြေ္ဒမပျက်၊တုန်လှုပ်သောစိတ်မရှိဘဲ နေနိုင်ပါသေး၏။ဤထော
ပတ်အိုးကလေးမျှ  ကွဲကျပျက်စီးသွားခြင်းအတွက်  အဘယ်သို့ပူပင်မှုဖြစ်ပါတော့မည်နည်း"ဟူ၍ ပြန်ကြား
လျှောက်ထားလိုက်လေ၏။လင်ယောက်ျားနှင့်သူများသေဆုံးရခြင်းအတွက်သာမန်အမျိုးသမီးများအနေဖြင့်
ရူးမတတ်ခံစားကြရမည်ဖြစ်သော်လည်း မလ္လိကာ၏စဉ်းစားဆင်ခြင်တတ်၊တရားသဘောကိုနှလုံးသွင်းထား
တတ်မှုတို့ကြောင့် အဆိုးလောကဓံတရားနှင့်တွေ့ကြုံရသော်လည်း စိတ်တုန်လှုပ်ချောက်ချားမှုမရှိဘဲ ကြံ့
ကြံ့ခံနိုင်သောမလ္လိကာ၏စိတ်ဓါတ်မှာ ကျွန်ုပ်တို့အတွက် မည်မျှလေးစားကြည်ညိုဖွယ်ကောင်းပါသနည်း။အ
တုယူကြပါကုန်။(အကျယ်ကို ဓမ္မပဒအဋ္ဌကထာ ၁၊၂၂၄-တွင်ရှုပါ)။
      ငါးရာ့ငါးဆယ် ဇာတ်တော်များအနက် ပဉ္စကနိပါတ်လာ ဥရဂဇာတ်သည်လည်း စဉ်းစားဆင်ခြင်ဥာဏ်
ရှိသော၊တရားသဘောကိုနှလုံးသွင်းထားကြသော ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ အဆိုးလောကဓံတရားနှင့်တွေ့ကြုံ
ရသော်လည်း စိတ်ဓါတ်တုန်လှုပ်မှုမရှိဘဲ ကြံ့ကြံ့ခံနိုင်ပုံကို ထုတ်ဖော်ပြတော်မူသောဇာတ်တော်တစ်ခုပင်
ဖြစ်၏။ယင်းဇာတ်တော်၏အကျဉ်းချုပ်မှာ ဤသို့ပင်ဖြစ်၏။
       ရှေးအခါက ပုဏ္ဏားလင်မယားနှစ်ယောက်မှာ သားသေဆုံး၍ ယင်းသေဆုံးသူ၏မိခင် ဖခင်ပုဏ္ဏားလင်
မယားနှစ်ယောက်အပါအဝင် သေဆုံးသူ၏ဇနီး၊နှမ၊ကျွန်မိန်းမတို့သည် လယ်ကွင်းပြင်တစ်နေရာတွင် မီးသ
င်္ဂြိုဟ်လျက်ရှိကြ၏။မီးသင်္ဂြီုဟ်နေကြသော သူတို့အားလုံးမှာ ပူဆွေးသောက ငိုကြွေးမှုမဖြစ်ကြဘဲ ပကတိ
တည်ငြိမ်အေးဆေး ငြိမ်သက်လျက်ပင်ရှိကြ၏။ထိုအခြင်းအရာကိုတွေ့မြင်ရသောသိကြားမင်းသည်ခရီးသွား
ပုဏ္ဏားယောင်ဆောင်ကာ မီးသင်္ဂြိုဟ်မည့်နေရာသို့သွားရောက်ပြီး သေဆုံးသူ၏ဖခင်မှစ၍တစ်ယောက်ချင်း
စီ ဤသို့သော မေးခွန်းများကို မေးမြန်းစုံစမ်းခြင်းပြုလေ၏။
       သိကြားမင်း။   ။ အို....ပုဏ္ဏားကြီး၊သင်သည် မိမိ၏ သားတစ်ယောက်လုံးသေဆုံးနေသည်ကိုတွေ့မြင်
ရပါလျက် ပူဆွေးငိုကြွေးမှုကိုမပြုဘဲ ပကတိအေးဆေးတည်ငြိမ်စွာဖြင့် အဘယ့်အကြောင်းကြောင့် နေနိုင်ပါ
သနည်း?
       ပုဏ္ဏားကြီး။  ။ "အို...ခရီးသွားပုဏ္ဏား(သိကြားမင်းဟုမသိ) မြွေသည် အရေဟောင်းကိုစွန့်ခွာသွားသ
ကဲ့သို့ ကျွန်ုပ်၏သားသည်လည်း ဤဘဝ၌ သူ့၏ခန္ဓာဟောင်းကို စွန့်သွားခြင်းမျိုးဖြစ်၍ အသုံးမဝင်တော့ပြီ
ဖြစ်သော ဤခန္ဓာကိုယ်ကို မီးရှို့နေကြသည်ကိုလည်း သူမသိနိုင်တော့။မိဘဆွေးမျိုးများ ငိုကြွေးပူဆွေးနေ
ကြသည်ကိုလည်းသူသိနိုင်တော့မည်မဟုတ်တော့။သူသွားရမည့်ဘဝ၊သူသွားရမည့်လမ်းအတိုင်းသာသွား
ပြီဖြစ်၍ ပူဆွေးငိုကြွေးနေသောကြောင့် အဘယ်အကျိုးရှိပါမည်နည်း"ဟုဖြေကြားလေ၏။
     မွေးဖွားခြင်းဖြင့်စတင်လာသောလူသား(သတ္တဝါ)မှန်သမျှသည် နောက်ဆုံးသေရခြင်းမရဏတွင် အဆုံး
သတ်ကြရမည်သာာဖြစ်၏။ဘယ်ပုဂ္ဂိုလ်,ဘယ်သတ္တဝါမှ သေခြင်းမရဏသဘောတရားကိုလွန်ဆန်၍မရ။ဤ
သဘောကိုလူတိုင်းပင်သိကြ၏။သို့ရာတွင် သေခြင်းတရားကိုသိကြသောလူသားတိုင်းသည်တရားအသိ တ
ရားမျက်စိဖြင့် တရားသဘောကိုနှလုံးသွင်း၍ သတိသံဝေဂမဖြစ်ကြပေ။အမှန်အားဖြင့် သေခြင်းသဘောတ
ရားဟူသည် ဆင်းရဲခြင်း(ဒုက္ခ)အဆိုးလောကဓံတရားအုပ်စုဝင်ဖြစ်၍ သတ္တဝါမှန်သမျှ မလွဲမသွေ တွေ့ကြံကြ
ရမည့် တရားမျိုးသာဖြစ်ပါ၏။ဤသဘောကို စဉ်းစားဆင်ခြင်ဥာဏ်ရှိသူ၊တရားအသိ တရားမျက်စိဖြင့်တရား
သဘောကို နှလုံးသွင်းထားသူများသာ သတိသံဝေဂဖြစ်ကြ၏။ယင်းပုဂ္ဂိုလ်တို့မှာ အဆိုးလောကဓံတရားနှင့်
တွေ့တွေ့၊အကောင်းလောကဓံတရားနှင့်တွေ့တွေ့ လွန်လွန်ကဲကဲ စိတ်ဓါတ်တုန်လှုပ်ချောက်ချားမှု မဖြစ်ကြ
တော့ပေ။ပုဏ္ဏားကြီးသည် စဉ်းစားဆင်ခြင်ဥာဏ်ရှိသူ၊တရားအသိ တရားမျက်စိဖြင့် တရားသဘောကို နှလုံး
သွင်းထားသူဖြစ်၍  သူ့သားသေဆုံးရခြင်းအတွက် ပူဆွေး  ငိုကြွေးမှုမဖြစ်တော့ဘဲ ပကတိအေးဆေးစွာဖြင့်
နေနိုင်ခြင်းဖြစ်၏။ထို့ကြောင့်ပင် ပုဏ္ဏားယောင်ဆောင်ထားသော သိကြားမင်း၏အမေးကို သံဝေဂဥာဏ်နှင့်
စပ်၍ ဖြေဆိုနိုင်ခြင်းဖြစ်လေ၏။သိကြားမင်းသည် ပုဏ္ဏားကြီး၏အဖြကို အလွန်သဘောကျနှစ်သက်လှသည်
ဖြစ်၍ ကောင်းချီးသြဘာပေးကာ ပုဏ္ဏေးမကြီးအား ဆက်၍မေးမြန်းပြန်လေ၏။
       သိကြားမင်း။   ။အို......ပုဏ္ဏေးမ၊သင်သည် မိမိဝမ်း၌လွယ်၍မွေးသော မိမိသားတစ်ယောက်လုံးသေ
ဆုံးနေသည်ကို မြင်တွေ့နေရပါလျက် အဘယ့်ကြောင့် ပူဆွေးငိုကြွေးမှုကိုမပြုဘဲပကတိတည်ငြိမ်အေးဆေး
စွာဖြင့် နေနိုင်ပါသနည်း?
      ပုဏ္ဏေးမ။    ။အို...ခရီးသွားပုဏ္ဏား၊သူသည် ငါတို့မခေါ်ဘဲ ရောက်လာသော ဧသည်မျှသည်ဖြစ်၏။ယ
ခုလည်း ငါတို့ ပြန်မလွှတ်ဘဲ သွားပြီပင်ဖြစ်၏။သူ့သဘောအတိုင်းလာခဲ့၍ သူ့သဘောအတိုင်းပင် ပြန်သွား
သောသူကို ပူဆွေးငိုကြွေးနေခြင်းဖြင့် အဘယ်အကျိုးရှိပါမည်နည်း၊ထို့ကြောင့်ပင် ကျွန်မ ပူဆွေးငိုကြွေးမှု
မဖြစ်ဘဲ ပကတိတည်ငြိမ်အေးဆေးစွာဖြင့် နေနိုင်ပါသည်"ဟူ၍ ဖြေကြားလေ၏။
      အမှန်အားဖြင့် ကျွန်ုပ်တို့ ဤလောက၌ လူဖြစ်လာရခြင်းသည် ဧသည်များပမာ အလည်အပတ် လာ
ရောက်ခြင်းသဘောမျိုးသာဖြစ်၏။ဧသည်ဟူသည်မှာ အိမ်ရှင်မှ နှင်ထုတ်စရာမလို၊ပြန်လွှတ်စရာမလို။အချိန်
တန်လျှင် သူ့အလိုလိုသာလျှင် အလိုက်သိနားလည်စွာဖြင့် ပြန်သွားကြရမည်သာဖြစ်၏။ဤသဘောကို  ပု
ဏ္ဏေးမကြီးသည် ကောင်းစွာသဘောပေါက်၏။ထို့ကြောင့်ပင် သိကြားမင်း၏အမေးကို ဤသဘောအတိုင်း
ပင်ဖြေကြားနိုင်ခြင်းဖြစ်လေ၏။သိကြားမင်းသည် ပုဏ္ဏေးမ၏အဖြေစကားကိုကြားရသောအခါ အလွန်အား
ရ ကျေနပ်ပြီး ကောင်းချီးသြဘာပေးကာ သေဆုံးသူ၏နှမဖြစ်သူအား ဆက်လက်၍မေးမြန်းလေ၏။
      သိကြားမင်း။      ။"ချစ်သမီး၊သင်သည် သင့်၏အစ်ကိုအရင်းတစ်ယောက် သေဆုံးနေသည်ကို တွေ့
မြင်နေပါလျက်နဲ့ အဘယ့်အကြောင်းကြောင့် ပူဆွေး သောက ဗျာပါဒတို့မဖြစ်ပါသနည်း?
      နှမ။       ။အို.....ပုဏ္ဏားကြီး၊ကျွန်မငိုယိုမြည်တမ်း ပူဆွေးသောက ဗျာပါဒတို့ဖြစ်နေလျှင် ခန္ဓာကိုယ်
ပင်ပန်း ပိန်ချုံးရုံသာရှိပါမည်၊ကျွန်မ၏အစ်ကိုအသက်ပြန်ရှင်လာနိုင်တော့မည် မဟုတ်တော့၍ ဘာအကျိုး
ရှိပါမည်နည်း?ကျွန်မငိုနေသည်ကိုမြင်လျှင် ကျွန်မ၏ဆွေးမျိုးများသည်လည်း စိတ်မချမ်းမြေ့ဖွယ်ရာသာ
ဖြစ်ပါလိမ့်မည်၊ထို့ကြောင့် ကျွန်မ ပူဆွေးသောက ဗျာပါဒတို့မဖြစ်ပါ"ဟူ၍ ဖြေကြားလေ၏။
       သေဆုံးရခြင်းဟူသည် ဘဝသစ်သို့ ကူးပြောင်းသွားရခြင်းသဘောပင်ဖြစ်၍ ဤဘဝတွင် အသက်ရှင်
နေထိုင်နိုင်ရန် မဖြစ်နိုင်တော့ပေ။ဤသဘောကို လူတိုင်းလိုလိုပင်သိရှိနားလည်ကြပါ၏။သို့ရာတွင် တရား
အသိ တရားမျက်စိရှိ၍ တရားသဘောကိုနှလုံးသွင်းထားသူတို့သည်သာ သတိသံဝေဂဖြစ်ကြ၍ ပူဆွေးငို
ကြွေးမှု မဖြစ်ကြ။တရားအသိ တရားမျက်စိမရှိဘဲ တရားသဘောကိုနှလုံးမသွင်းထားကြသူတို့သည်ကား
သတိသံဝေဂမဖြစ်ကြမူ၍ ပူဆွေးငိုကြွေးမှုဖြစ်ကြလေသည်။နှမဖြစ်သူ ပုဏ္ဏေးမကလေးသည်ကား တရား
သဘောကို နှလုံးသွင်းထားသူဖြစ်၍ပင် သတိသံဝေဂဖြစ်ကာ သိကြားမင်း၏အမေးကို တရားသဘော သ
က်ဝင်အောင်ဖြေဆိုနိုင်ခြင်းဖြစ်လေသည်။သိကြားမင်းသည် ဝမ်းမြောက်ဝမ်းသာဖြစ်လှသည်ဖြစ်၍ ကောင်း
ချီးသြဘာပေးကာ သေဆုံးသူ၏ ဇနီးမယားဖြစ်သူအား ဆက်၍ မေးမြန်းပြန်လေ၏။
       သိကြားမင်း။     ။အို......ချစ်သမီး၊ သင်သည်သင်၏ခင်ပွန်းလင်ယောက်ျားတစ်ယောက်လုံး သေဆုံး
နေသည်ကို တွေ့မြင်နေရပါလျက်နှင့် အဘယ့်အကြောင်းကြောင့် ပူဆွေးငိုကြွေးမှုကိုမပြုပါသနည်း?
      ဇနီးမယား။    ။အို....ပုဏ္ဏားကြီး၊ကလေးငယ်သည် ကောင်းကင်၌တောက်ပနေသော လမင်းကြီးကို လို
ချင်၍  ငိုကြွေးနေသော်လည်း မရရှိနိုင်သကဲ့သို့၊သေဆုံးသွားပြီဖြစ်သော ကျွန်မ၏ခင်ပွန်းလင်ယောက်ျားကို
ပြန်၍မရရှိနိုင်မှန်းသိပါလျက်ပူဆွေးငိုကြွေးနေလျှင် ကောင်းကင်၌တောက်ပနေသောလမင်းကြီးကို လိုချင်၍
ငိုကြွေးနေသော ဘာမျှမသိနားမလည်သော ကလေးငယ်သဖွယ်သာဖြစ်ပါလိမ့်မည်၊ထို့ကြောင့်ပင် ကျွန်မပူ
ဆွေး ငိုကြွေးမှုကို မပြုပါ။"ဟူ၍ ဖြေကြားလေ၏။
       လောက၌လိုချင်၍ရကောင်းသောအရာဝတ္ထများရှိသလိုလိုချင်၍မရကောင်းသောအရာဝတ္ထုများလည်း
များစွာပင်ရှိပါ၏။လိုချင်၍မရကောင်းသောအရာဝတ္ထုများကိုရအောင်တောင့်တမျှော်လင့်နေလျှင်ပူဆွေးသော
ကစိတ်ဒုက္ခရောက်ကြရမည်သာဖြစ်ပါ၏။သေဆုံးခြင်းသဘောတရားဟူသည်အသက်ပြန်ရှင်လာ၍ရကောင်း
သော အရာဝတ္ထုများမဟုတ်ပေ။အကယ်၍ ယင်းအရာဝတ္ထုကိုလိုချင်၍ တောင့်တမျှော်လင့်နေလျှင် ကောင်း
ကင်၌တောက်ပနေသောလမင်းကိုလိုချင်၍ ငိုကြွေးနေသော ကလေးငယ်သဖွယ်သာဖြစ်ပေလိမ့်မည်၊ဤသ
ဘောကိုကောင်းစွာသဘောပေါက်၍တရားသဘောနှလုံးသွင်းထားသော သေဆုံးသူ၏ဇနီးမယား၌ အဘယ်
သို့လျှင် ပူဆွေးငိုကြွေးမှုတို့ဖြစ်ပါတော့မည်နည်း။ထို့ကြောင့်ပင်လျှင် သိကြားမင်း၏အမေးကို ယင်းသဘော
တရားနှင့်ဆက်နွယ်၍ ဖြေဆိုခဲ့ခြင်းဖြစ်လေ၏။သိကြားမင်းသည် ထိုပုဏ္ဏားမငယ်၏ ဖြေကြားဆိုအပ် စကား
ရပ်ကိုလည်းဟဒယရွှင်ပြုံး ပီတိဖုံးကာဝမ်းမြောက်မဆုံးရှိလှသည်ဖြစ်၍ကောင်းချီးသြဘာ ထောမနာပြုလျက်
နောက်ဆုံးအလုပ်အကျွေးဖြစ်သော (အိမ်ဖော်)ကျွန်မအားမေးမြန်းလေ၏။
        သိကြားမင်း။   ။အို....ချစ်သမီး၊သင်သည်.....သင့်၏အရှင်သခင် သေဆုံးနေသည်ကို တွေ့မြင် သိမြင်
နေရပါလျက် အဘယ့်အကြောင်းကြောင့် ပူဆွေး သောက ငိုကြွေးရမည်ကိုမသိသကဲ့သိုဖြစ်နေရပါသနည်း?
        ကျွန်မ။        ။အို...ပုဏ္ဏားကြီး၊ကွဲပြီးသောအိုးကို ပြန်ဆက်၍မရနိုင်သကဲ့သို့ သေသွားပြီးသောသူကို
ပူဆွေး ငိုကြွေးနေ၍ အဘယ်အကျိုးရှိနိုင်ပါတော့မည်နည်း?အိုးကွဲပမာသာဖြစ်ပါလိမ့်မည်။ထို့ကြောင့် ကျွန်မ
ပူဆွေး သောက ငိုကြွေးရမည်ကို မသိသကဲ့သကဲ့သို့ နေနိုင်ပါသည်"ဟူ၍ ဖြေကြားလေ၏။
       သိကြားမင်းသည် ကျွန်မအားလည်း ကောင်းချီးသြဘာ ထောမနာပြုကာ "ငါသည် ခရီးသွား ပုဏ္ဏား မ
ဟုတ်ကြောင်း၊သိကြားမင်းသာဖြစ်ကြောင်း၊သင်တို့၏အပြုအမူကိုတွေ့မြင်ရသည်ဖြစ်၍ သင်တို့၏ စိတ်ထား
ကိုစုံစမ်းလို၍ စူးစမ်းလို၍ ခရီးသွားပုဏ္ဏားယောင်ဆောင်ကာ လာရခြင်းဖြစ်ကြောင်း၊သင်တို့၏ စိတ်သဘော
ထားရင့်ကျက်မှုကို ယခုကဲ့သို့ တွေ့မြင်ကြားသိရ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း၊သင်တို့၏ ရယူလိုရာ
ဆုကိုတောင်း၍ ကျွန်ုပ်ထံတွင် ရယူနိုင်ပါကြောင်း စသည်ဖြင့်ပြောကြား၍ ပြန်သွားလေ၏။
    အဆိုး အကောင်းလောကဓံတရားနှင့်ပတ်သက်၍ မစ္စတာ နယ်လဆင် မန်ဒဲလားသည်လည်း စိတ်ဓါတ်
ခိုင်မာ၍ ခံနိုင်ရည်ရှိသူပင်ဖြစ်၏။ဓမ္မပဒအဋ္ဌကထာလာ မလ္လိကာနှင့် ဥရဂဇာတ်တော်လာ ပုဏ္ဏားကြီး၊ပုဏ္ဏေး
မကြီး၊နှမ၊ဇနီးမယား၊ကျွန်မတို့သည်လည်း စိတ်ဓါတ်ခိုင်မာ၍ ခံနိုင်ရည်ရှိကြသူများပင်ဖြစ်ကြပါ၏။သို့ရာတွင်
သူတို့၏ ခံနိုင်ရည်ရှိကြပုံများကား မတူညီကြပေ။မစ္စတာ နယ်လဆင်မန်ဒဲလားသည်တရားအသိတရားမျက်
စိရှိ၍ တရားသဘောနှလုံးသွင်းကာ စိတ်ဓါတ်ခိုင်မာ၍ ခံနိုင်ရည်ရှိခြင်းမျိုးမဟုတ်။စဉ်းစားဆင်ခြင်းဥာဏ်ဖြင့်
အရာရာကိုသည်းခံနိုင်သော စိတ်ဓါတ်၊မဖြစ်မနေကြိုးစားသွားမည်ဟူသော ဝီရိယအရင်းခံစိတ်ဓါတ်၊လိုချင်
ဖြစ်ချင် ပြင်းပြသောစိတ်ဓါတ်၊ရဲရင့်ပြတ်သားသည့်စိတ်ဓါတ်စသည့် စိတ်ဓါတ်များဖြင့်သာ စိတ်ဓါတ်ခိုင်မာ၍
ခံနိုင်ရည်ရှိခြင်းဖြစ်လေသည်။မလ္လိကာနှင့် ပုဏ္ဏားကြီးစသောသူတို့သည်ကား တရားအသိ တရားမျက်စိရှိ၍
တရားသဘောကိုနှလုံးသွင်းထားသောကြောင့် စိတ်ဓါတ်ခိုင်မာ၍ ခံနိုင်ရည်ရှိခြင်းဖြစ်လေသည်။ဤ၌ ဗုဒ္ဓစာ
ပေစကားနှင့်သုံးရလျှင် မစ္စတာ နယ်လဆင် မန်ဒဲလားသည် လောကအသိဖြင့်စိတ်ဓါတ်ခိုင်မာ၍ ခံနိုင်ရည်ရှိ
ခြင်းဖြစ်ကာ မလ္လိကာနှင့် ပုဏ္ဏားကြီးစသောသူတို့သည်ကား ဓမ္မအသိဖြင့် စိတ်ဓါတ်ခိုင်မာ၍ ခံနိုင်ရည်ရှိခြင်း
ပင်ဖြစ်လေသည်။မည်သို့ပင်ဆိုစေ အကောင်း အဆိုး နှစ်မျိုးလုံးသောလောကဓံတရားကို သူ့နည်း သူ့ဟန်
ဖြင့် စိတ်ဓါတ်ခိုင်မာ၍ ခံနိုင်ရည်ရှိကြသော မြင့်မြတ်ထူးခြားသော ပုဂ္ဂိုလ်များပင်ဖြစ်လေသည်။ဤသည်တို့
မှာ စဉ်းစားဆင်ခြင်ဥာဏ်ရှိသူ၊တရားအသိ တရားမျက်စိဖြင့် တရားသဘောကိုအတော်အသင့် နှလုံးသွင်း
ထားသူပုထုဇဉ်ပုဂ္ဂိုလ်များအနေဖြင့်လည်းအဆိုး အကောင်း လောကဓံတရားနှင့်တွေ့ကြုံရသော်လည်း တုန်
လှုပ်မရှိဘဲ စိတ်ဓါတ်ခိုင်မာ၍ ခံနိုင်ရည်ရှိကြပုံတို့ကိုရှုထောင့်တစ်နေရာမှသာဓကများအဖြစ်တင်ပြထားခြင်း
မျှသာဖြစ်ပါ၏။ထို့ကြောင့် အဆိုး အကောင်း လောကဓံတရားကို ခံနိုင်ရည်ရှိကြသူများစာရင်းတွင် ပုထုဇဉ်
ပုဂ္ဂိုလ်များမပါဝင်ဟုတထစ်ကျ မမှတ်ယူသင့်ပေ။
      ဤသို့လျှင် ကျွန်ုပ်တို့သည် ပစ္စုပ္ပန်၌ ကျွန်ုပ်တို့၏ဘဝရှင်သန်ကြီးပွားအောင်မြင်နိုင်ရေးအတွက် ဖော်
ပြပါ မစ္စတာ နယ်လဆင် မန်ဒဲလားစသော ပုဂ္ဂိုလ်တို့ကို စံနမူနာယူ၍ အဆိုးလောကဓံတရားနှင့်တွေ့ကြုံရ
သော်လည်း မတုန်မလှုပ် ခိုင်မာသောစိတ်ဓါတ်၊မိမိကိုယ်ကိုယုံကြည်အားကိုးသောစိတ်ဓါတ်၊မဖြစ်မနေကြိုး
ပမ်းအားထုတ်သွားမည်ဟူသော ဝီရိယအရင်းခံသည့် စိတ်ဓါတ်၊ရဲရင့်ပြတ်သားသောစိတ်ဓါတ်စသည့် စိတ်
ဓါတ်ခွန်အားများဖြင့် ကျော်ဖြတ်သွားကြရမည်ဖြစ်သလို၊(ပစ္စည်း ဥစ္စာချမ်းသာခြင်းစသော)အကောင်းလော
ကဓံတရားနှင့် တွေ့ကြုံရသော်လည်း မောက်မာထောင်လွှားမှုမရှိဘဲ ပကတိအေးဆေးတည်ငြိမ်စွာဖြင့် ငြိမ်း
ချမ်းသော လူ့ဘောင်အသိုင်းအဝိုင်း ဖြစ်ပေါ်လာအောင် ဖန်တီးရယူ၍ တည်ဆောက်သွားကြရမည်သာဖြစ်
ပါ၏။သို့မှသာလျှင် ပစ္စုပ္ပန်၌ ကျွန်ုပ်တို့၏ဘဝ ရှင်သန်ကြီးပွားအောင်မြင်ခြင်းအစစ်အမှန်ကိုရရှိကြပေလိမ့်
မည်။
                                  ရှင်သန်ခြင်း လျှို့ဝှက်ချက်(၄)ကိုဆက်ဖတ်ပါရန်-------








         

      

Friday, August 2, 2013


                        ရှင်သန်းခြင်း လျှို့ဝှက်ချက်(၃)

          အဆက်----
့
       နယ်လဆင်မန်ဒဲလားသည်စိတ်ဓါတ်ခိုင်မာသူ၊မိမိကိုယ်ကိုယ်ယုံကြည်အားကိုသောစိတ်ဓါတ်ရှိသူ၊စိတ်
ဓါတ်မြင့်မြတ်သူ၊သမာသမတ်ကျသူ၊ငြိမ်းချမ်းရေးကိုလိုလားသူပီပီ အာဏာရှိလာသောအခါ၌လည်းအာဏာ
ကိုအကြောင်းပြု၍ တစ်ဖက်လူအား နှိပ်စက်အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှုမပြုပေ။စည်းစိမ်ဥစ္စာချမ်းသာကြွယ်ဝ
လာသောအခါ၌လည်း စည်းစိမ်ချမ်းသာကိုအကြောင်းပြု၍ မာနထောက်လွှားမှုမပြုပေ။လူသားအားလုံးငြိမ်း
ချမ်းရေး၊တန်းတူအခွင့်အရေးများ ရရှိရေးအတွက် လူဖြူ လူမဲခွဲခြားရေးဝါဒကို တိုက်ဖျက်၍  ဒီမိုကရေစီဝါဒ
ကိုလည်းကောင်း၊လူသားတို့ ငြိမ်းချမ်းရေးအတွက်  အိပ်ခ်ျအိုင်ဗွီ၊အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနှင့် သက်
ကြီးရွယ်အိုများအဖွဲ့(The Elolers)ကိုလည်း တည်ထောင်ပေးခဲ့ခြင်းဖြစ်လေသည်။ဤသို့ နယ်လဆင် မန်ဒဲ
လား၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုအပေါ် လေးစားကြည်ညိုကြသောကြောင့် သူ့၏ရုပ်တုကို ငြိမ်းချမ်းရေးခေါင်း
ဆောင်အဖြစ် အသိအမှတ်ပြုနိုင်ကြရန် ၂၀၀၇-ခုနှစ်၊သြဂုတ်လ(၂၉)ရက်နေ့တွင် လန်ဒန်မြို့၌ စိုက်ထူခဲ့ကြ
လေသည်။
      မစ္စတာ နယ်လဆင် မန်ဒဲလား၏ ဘဝကို ဗုဒ္ဓဒေသနာတော်ရှုထောင့်မှ သုံးသပ်ကြည့်လျှင် လောကဓံ
တရားကို အလွန်ကြံ့ကြံ့ခံနိုင်သူအဖြစ်တွေ့ရ၏။အဆိုးလောကဓံနှင့်တွေ့တွေ့၊ အကောင်းလောကဓံနှင့်တွေ့
တွေ့ သိပ်ပြီးတုန်လှုပ်မှုရှိသည်ကို မတွေ့ရပေ။ သို့ရာတွင် သူ၏လောကဓံတရားကိုကြံ့ကြံ့ခံနိုင်မှုသည် ဓမ္မ
အသိ(တရားအသိ)ဖြင့် ကြံ့ကြံ့ခံနိုင်ခြင်းမျိုးမဟုတ်ပေ။လောကအသိဖြင့်သာ ကြံ့ကြံ့ခံနိုင်ခြင်းမျိုးဖြစ်လေသ
ည်။မည်သို့ပင်ဆိုစေ ပစ္စပ္ပန်၌ မိမိတို့၏ဘဝ ရှင်သန်ကြီးပွားအောင်မြင်လိုသူတိုင်းသည် မစ္စတာ နယ်လဆင်
မန်ဒဲလား၏ ကြံ့ကြံ့ခံနိုင်မှုတို့ကို အတုယူသင့်ကြသည်သာဖြစ်ပါ၏။
      ဤနေရာတွင် စကားစပ်ဟပ်၍ လောကဓံတရား၏အကြောင်းကိုအနည်းငယ်တင်ပြပါဦးမည်။လောက
ဓံတရားဟူသည် လူသားတိုင်းတွေ့ကြုံကြရသည့်၊ဆက်ဆံကြရသည့်တရားမျိုးဖြစ်၏။မည်သူမျှရှောင်လွှဲ၍မ
ရ။လူလည်း တွေ့ကြုံကြရမည်ဖြစ်၏၊ဆက်ဆံကြရမည်ဖြစ်၏။နတ်လည်းတွေ့ကြုံရမည်ဖြစ်၏။ဆက်ဆံကြ
ရမည်ဖြစ်၏။ဗြဟ္မာလည်းတွေ့ကြုံကြရမည်ဖြစ်၏။ဆက်ဆံကြရမည်ဖြစ်၏။ဘုရား,ရဟန္တာလည်းတွေ့ကြုံကြ
ရမည်ဖြစ်၏။ဆက်ဆံကြရမည်ဖြစ်၏။အချုပ်အားဖြင့် သတ္တဝါအားလုံးပင် တွေ့ကြုံကြရမည်ဖြစ်၏။ဆက်ဆံ
ကြရမည်ဖြစ်၏။
      ယင်းလောကဓံတရားသည် ဒေသနာတော်အရ အဆိုးလောကဓံတရား(၄)ပါး၊အဆိုးလောကဓံတရား
(၄)ပါးအားဖြင့်(၈)ပါးရှိ၏။အဆိုးလောကဓံတရား(၄)ပါးဟူသည်မှာ---(၁)အလာဘ-လာဘ်လာဘနည်းပါး
ခြင်း(လာဘ်မရှိခြင်း)၊(၂)အယသ-အခြွေအရံပရိသတ်နည်းပါးခြင်း၊(၃)နိန္ဒာ-ကဲ့ရဲ့ခံရခြင်း(၄)ဒုက္ခ-ဆင်းရဲခြင်း
တို့ဖြစ်၏။အကောင်းလောကဓံတရား(၄)ပါးဟူသည်မှာ(၁)လာဘ-လာဘ်လာဘပေါများခြင်း(လာဘ်ရှိခြင်း)
(၂)ယသ-အခြွေအရံပရိသတ်ပေါများခြင်း(၃)ပသံသာ-ချီးမွမ်းခံရခြင်း(၄)သုခ-ချမ်းသာခြင်းတို့၏။ယင်းလော
ကဓံတရား(၈)ပါးသည် လောကလူသားတို့၌တစ်လှည့်စီလည်ပတ်လျက်ဖြစ်ကြ၏။လောကလူသားတို့သည်
တစ်ခါတစ်ခါ အဆိုးလောကဓံတရားနှင့် တွေ့ကြုံကြရသလို တစ်ခါတစ်ခါမှာ အကောင်းလောကဓံတရားတို့
နှင့်တွေ့ကြုံကြရ၏။ဤသည်မှာ ဓမ္မတာဖြစ်၏။ဤဓမ္မတာကို မည်သူမျှရှောင်လွှဲ၍မရ။ထို့ကြောင့် လူဘဝ၊လူ့
လောကတွင် အဆိုးချည်းပဲမရှိနိုင်သလို အကောင်းချည်းပဲလည်း မရှိနိုင်ပါချေ။ကျွန်ုပ်တို့သည်  ယေဘုယျ
အကောင်းလောကဓံတရားနှင့်တွေ့ကြုံကြရသည့်အခါ၌ ခံနိုင်ရည်ရှိကြသော်လည်း အဆိုးလောကဓံတရား
နှင့်တွေ့ကြုံကြရသောအခါ၌ ခံနိုင်ရည်မရှိကြပေ။ထို့ကြောင့်ပင် ကျွန်ုပ်တို့၏ဘဝသည် ကမောက်ကမဖြစ်ရ
ခြင်းဖြစ်၏။မစ္စတာနယ်လဆင်မန်ဒဲလားသည်ကားထို့ကဲ့သို့မဟုတ်။အဆိုးလောကဓံနှင့်ပဲတွေ့တွေ့၊အကောင်း
လောကဓံနှင့်ပဲတွေ့တွေ့ တကယ့်လက်တွေ့ကျကျခံနိုင်ရည်ရှိသူပင်ဖြစ်၏။ ထို့ကြောင့်ပင် သူ့၏ဘဝသည်
ပစ္စုပ္ပန်၌ ရှင်သန်ကြီးပွားအောင်မြင်ခြင်းကိုရရှိခြင်းဖြစ်၏။ကျွန်ုပ်တို့သည်လည်း လက်ရှိပစ္စုပ္ပန်၌ မစ္စတာနယ်
လဆင် မန်ဒဲလားကဲ့သို့ပင် အဆိုးလောကဓံတရားနှင့်တွေ့တွေ့၊အကောင်းလောကဓံတရားနှင့်တွေ့တွေ့ ခိုင်
မာသောစိတ်ဓါတ်၊မတုန်မလှုပ် တည်ငြိမ်သောစိတ်ဓါတ်များဖြင့် တွေ့ကြုံလာသမျှသော လောကဓံတရား
အပေါ်မူတည်၍ ရင်ဆိုင်ဖြေရှင်းသွားကြမည်ဆိုလျှင် ကျွန်ုပ်တို့၏ဘဝသည် အမှန်တကယ်ပင်ရှင်သန်ကြီး
ပွားအောင်မြင်လာမည်သာဖြစ်ပါ၏။
      မင်္ဂလသုတ်၌ လောကဓံတရားနှင့်တွေ့ကြုံရသော်လည်း စိတ်ဓါတ်တုန်လှုပ်မှုမရှိဘဲ စိတ်ဓါတ်ခိုင်မာ
သူ၊စိတ်ဓါတ်ကြံ့ခိုင်သူကိုမင်္ဂလတရားနှင့်ပြည့်စုံသူ(မင်္ဂလာရှိသူ)အဖြစ်မင်္ဂလာတစ်ပါးအနေဖြင့် ဟောကြား
တော်မူထားသည်ကိုတွေ့ရ၏။သို့ရာတွင် လောကဓံတရားနှင့်တွေ့ကြုံရသော်လည်းတုန်လှုပ်မှုမရှိဘဲ စိတ်
ဓါတ်ခိုင်မာသူ၊စိတ်ဓါတ်ခိုင်မာသူမှာ ရဟန္တာပုဂ္ဂိုလ်သာဖြစ်ကြောင်း ၄င်းမင်္ဂလသုတ်အဋ္ဌကထာ၌ဖွင့်ဆို၏။
ယင်းသို့ အဋ္ဌကထာဖွင့်ဆိုခြင်းမှာ အမြတ်(ဥက္ကဋ္ဌ)နည်းကိုသာ ရည်ရွယ်ပြီး ဖွင့်ဆိုခြင်းမျိုးဖြစ်၍ သာမန်ပု
ထုဇဉ်ပုဂ္ဂိုလ်များမပါဝင်ဟုမမှတ်ယူသင့်ပေ။အဋ္ဌကထာ၌အသိဥာဏ်နည်းပါး၍လုံးဝစဉ်းစားဥာဏ်မရှိသော
ပုထုဇဉ်ပုဂ္ဂိုလ်များကိုသာ ရည်ရွယ်ပြီးဖွင့်ဆိုခြင်းမျိုးသာဖြစ်တန်ရာ၏။ထို့ကြောင့်ပင် စဉ်းစားဆင်ခြင်ဥာဏ်
ရှိသူ၊တရားအသိရရှိထားသူ၊ပုထုဇဉ်ပုဂ္ဂိုလ်များကို လောကဓံတရားနှင့် တွေ့ကြုံရသော်လည်း စိတ်ဓါတ်ခိုင်
မာသူ၊စိတ်ဓါတ်ကြံ့ခိုင်သူများအဖြစ် ဗုဒ္ဓဒေသနာတော်များ၌ မှတ်တမ်းတင်ဖော်ပြထားသည်ကို တွေ့ရပါ၏။
ယင်းသို့ မှတ်တမ်းတင်ဖော်ပြထားရာ၌ ဓမ္မပဒအဋ္ဌကထာလာ မလ္လိကာ၏အကြောင်းအရာသည်လည်းကော
င်း၊ငါ့ရာ့ငါးဆယ်ဇာတ်တော်များအနက် ပဉ္စကနိပါတ်လာဥရဂဇာတ်အကြောင်းအရာများသည်လည်းကောင်း
ထင်ရှား၏။
                       ဆက်ရန်---------

ကန်-မြန်မာစစ်ရေးဆက်ဆံမှု အချိန်စောသလား

                            ရန်ကုန်မြို့ အလံအရောင်းဆိုင် မြင်ကွင်း။ 


ကိုအောင်လွင်ဦး
REAX ON US – BURMA MILITARY TIE (ALO)
မြန်မာနိုင်ငံနဲ့ အဆက်အဆံတွေ တိုးမြှင့်လာနေတဲ့ အမေရိကန် ပြည်ထောင်စုက အခုနောက်ဆုံး စစ်ရေးအရ ထိတွေ့ ဆက်ဆံမှုတွေ စတင်ဆောင်ရွက်ဖို့ ကြေညာလိုက်တဲ့အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ အရည်အသွေး ပြည့်ဝတဲ့ စစ်တပ်ဖြစ်လာစေဖို့နဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်တွေ၊ လူ့အခွင့်အရေး ကိစ္စတွေမှာ အစပျိုး ဆောင်ရွက်မယ်လို့ ဆိုပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ အချိန်မတန်သေးတဲ့ လုပ်ရပ်အဖြစ် မြင်နေကြတာပါ။ အမေရိကန် မြန်မာ ဆက်ဆံရေး နောက်ဆုံး အခြေအနေကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုက စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေ တိုးမြှင့်တဲ့ အစီအစဉ် အစအဖြစ် စစ်ဘက်က ဥပဒေရေးရာ ပညာရှင်တွေ စေလွှတ်ပြီး မြန်မာစစ်တပ် အရာရှိတွေနဲ့ လူ့အခွင့်အရေး၊ စစ်ဥပဒေတွေအကြောင်း ဆွေးနွေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒီလိုပဲ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ အရေးပေါ် အကူအညီပေးရေး ကိစ္စတွေမှာ မြန်မာစစ်တပ်က ကျွမ်းကျင်မှု ရှိရှိနဲ့ ပါဝင်နိုင်မယ့် ပူးပေါင်းဆောင်ရွက်မှုမျိုးတွေ စတင်ဆောင်ရွက် သွားမှာ ဖြစ်တဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell နဲ့ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ben Rhodes တို့က ရန်ကုန်မြို့မှာ ကြေညာခဲ့ကြတာပါ။

ဒါပေမဲ့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ စစ်ဘက်ဆိုင်ရာ သင်တန်းတွေ ပေးတဲ့အထိ မဟုတ်ပေမဲ့လည်း အချိန်မတန်သေးတဲ့ အစီအစဉ်အဖြစ် မြင်ကြပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး John Sifton ကတော့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ထိတွေ့ ဆက်ဆံရေး မူဝါဒမှာ သတိထားစရာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“Human Rights Watch နဲ့ တခြားလူ့အခွင့်အရေး အဖွဲ့တွေအနေနဲ့ ဒီအစီအစဉ်အပေါ်မှာ စိုးရိမ်မိသလို၊ အခုအချိန်မှာ မြန်မာစစ်တပ်နဲ့ စစ်ဘက်ဆိုင်ရာ အဆက်အဆံတွေလုပ်ဖို့ အချိန်မတန်သေးဘူးလို့လည်း ယုံကြည်ထားပါတယ်။ လူ့အခွင့်အရေး ကိစ္စတွေ၊ စစ်ဥပဒေတွေအကြောင်း ပြောတာမျိုးက ပြဿနာမရှိပေမဲ့ လူသားချင်း စာနာမှုနဲ့ ကပ်ဘေးဒဏ် အကူအညီပေးရေး အစီအစဉ်တွေ အတွက် လေ့ကျင့်ပေးမယ် ဆိုတာကတော့ တမျိုးပါ။ ဒါတွေကို စလုပ်ဖို့ ဆိုတာကတော့ စောလွန်းနေပါတယ်။ ဒါပေမဲ့လည်း ပင်တဂွန်ကတော့ လုပ်သင့်တယ်လို့ ယူဆပြီး စလုပ်ဖို့ စီစဉ်လာကြတာပါ။”

အမေရိကန် သံအမတ်ကြီးနဲ့ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်တို့ကတော့ အပြောင်းအလဲတွေ ပေါ်ပေါက် လာနေတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အနေနဲ့ အရည်အသွေး ပြည့်ဝတဲ့ အဖွဲ့အစည်းတခု အဖြစ်နဲ့ လူမှုအသိုင်းအ၀ိုင်းမှာ ပြန်လည်ဝန်ဆန့်လာဖို့ ရည်ရွယ်တဲ့အကြောင်း ပြောခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ ရှိနေဆဲဖြစ်တဲ့ စစ်တပ်နဲ့ ထိတွေ့ ဆက်ဆံလာတဲ့ အပေါ်မှာတော့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြတာပါ။

“ကပ်ဘေးဒဏ် အကူအညီပေးတဲ့ နေရာမှာ အစိုးရရဲ့ စွမ်းဆောင်ရည် မြင့်မားလာအောင် လုပ်ချင်တယ်ဆိုရင် အရပ်သား အစိုးရနဲ့ပဲ လုပ်သင့်တယ်လို့ ကျနော်တို့က ယုံကြည်ထားပါတယ်။ မြန်မာစစ်တပ်အတွက် ဒီလို အကူအညီတွေ မလိုပါဘူး။ မြန်မာနိုင်ငံမှာ စစ်တပ်ထက် အရပ်သား အစိုးရကသာ အကူအညီပိုလိုနေတာပါ။”

မြန်မာစစ်တပ် အနေနဲ့ ကလေးစစ်သား အသုံးပြုမှုကိစ္စ၊ အဓမ္မလုပ်အားပေး ခိုင်းစေမှုနဲ့ လက်နက်ကိုင် တိုက်ပွဲတွေအတွင်း စစ်ဥပဒေကို ချိုးဖောက်မှုတွေကို အဆုံးသတ်အောင် လုပ်ဆောင်ရမယ့် ကိစ္စမျိုးတွေကို အမေရိကန် ပြည်ထောင်စု အနေနဲ့ အဓိက အာရုံစိုက်သင့်တယ်လို့လည်း သူကပြောပါတယ်။

ဆန်းစစ်သူ တချို့ကတော့ အမေရိကန် အစိုးရက အာရှဒေသကို အာရုံစိုက်လာတဲ့ မူဝါဒတစိတ်တပိုင်းအဖြစ် ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်လာနေရာမှာ၊ အထူးသဖြင့် အာရှတလွှား နိုင်ငံရေး၊ စီးပွားရေးအရ သြဇာကြီးတဲ့ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းအဖြစ် မြန်မာနိုင်ငံကို ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းလာတာလို့ မြင်နေကြတာပါ။ Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Sifton ကတော့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ လုပ်ရိုးလုပ်စဉ် သြဇာချဲ့ထွင်လိုတဲ့ အစီအစဉ်အဖြစ် မြင်နိုင်ပေမဲ့ တရုတ်နိုင်ငံရဲ့ အရှိန်အ၀ါကို စိုးရိမ်မှုကိုလည်း ပြသနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်ဘက်ဆိုင်ရာ အဆက်အဆံတွေ လုပ်ချင်တဲ့ အကြောင်းရင်း အနေနဲ့ကတော့ ပင်တဂွန် အနေနဲ့ တကမ္ဘာလုံး ရှိသမျှ နေရာတိုင်းမှာ ရန်သူ မဟုတ်သရွေ့ ဆက်ဆံချင်တဲ့ သဘောထားကြောင့်လို့ ကျနော်ယူဆပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေနဲ့လည်း ဒီလိုပဲ ဆက်ဆံနေတာပါ မဟာဗျူဟာအရ အချက်အခြာမဟုတ်တဲ့ ကမ္ဘောဒီးယားလို နိုင်ငံမျိုးနဲ့တောင် ဆက်ဆံဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါကတော့ ပင်တဂွန်က နေရာတိုင်းမှာ လုပ်တဲ့ ကိစ္စပါ။ ဒါပေမဲ့လည်း တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ မဟာဗျူဟာအရ စိုးရိမ်စရာ ရှိနေတာကလည်း မှန်ပါတယ်။ တခုရှိတာကတော့ မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ရင်ခွင်ထဲ ၀င်သွားလိမ့်မယ်လို့တော့ အခုအချိန်မှာ ယုံကြည်တဲ့သူ ရှိလိမ့်မယ်လို့ ကျနော်ကတော့ မထင်ပါဘူး။ တရုတ်နိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်ဆံရင်း ရုပ်သေးတော့ အဖြစ်ခံလို့ မရဘူးဆိုတာကို သဘောပေါက် လာတာဟာလည်း မြန်မာနိုင်ငံမှာ လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာရတဲ့ အကြောင်းရင်းတွေထဲက တခုပါ။”

၂ နိုင်ငံကြား စစ်ဘက်ဆိုင်ရာ အဆက်အဆံတွေ စတင်မယ့် အစီအစဉ်ကိုတော့ အမေရိကန် ကာကွယ်ရေးဌာန လက်အောက်ခံ နိုင်ငံတကာ ဥပဒေရေးရာ လေ့လာရေးဌာနက ဆောင်ရွက်သွားမှာပါ။ အစီအစဉ် မတိုင်မီမှာလည်းပဲ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနက ဥပဒေရေးရာ ကျွမ်းကျင်သူ အဖွဲ့တဖွဲ့ဟာလည်း မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်တပ်ထဲက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Thursday, August 1, 2013

ဦးသန့်ပြတိုက် အကြီးစားပြင်ဆင်မှု ပြုလုပ်နေပြီး လာမည့်နှစ် ဇူလိုင်လအတွင်း ဖွင့်လှစ်မည်

ဘုန်းနေလ (ဒဂုံတက္ကသိုလ်) | ကြာသပတေးနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၅၆ မိနစ် 

 
မြန်မာနိုင်ငံသား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ပြတိုက်ကို အကြီးစားပြုပြင်မှုများ ပြုလုပ်
နေပြီး လာမည့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်၂၂ ရက်တွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသည်ဟု ဦးသန့် ၏ သမီးဖြစ်သူ
ဒေါ်အေးအေးသန့်က ပြောသည်။

ဧပြီ ၆ ရက်ကစတင်ပြီး ပဏာမဖွင့်လှစ်ခဲ့သည့် ယင်းပြတိုက်ကို ပြင်ဆင်ချိန်အတွင်း ပိတ်ထားခြင်းရှိသော်လည်း အဖွဲ့အစည်းများ၊ ကျောင်းသားများအနေဖြင့် လာရောက် လေ့လာလိုပါက ဖွင့်လှစ်ပေးသည်ဟုလည်း သိရသည်။
ပြင်ဆင်ရန်အတွက် ငွေကြေးအကူအညီများကို ပြည်တွင်းအလှူရှင်များ လှုဒါန်းထားသည်ဟုလည်း ၎င်းက ဆိုသည်။

ပြတိုက် ပြင်ဆင်ခြင်းနှင့်ပတ်သက်ပြီး ဒေါ်အေးအေးသန့်က “အခုက အတွင်းထဲမှာရော အပြင်မှာပါ ပြင်ဆင်မှုတွေ အများကြီးလုပ်နေပါတယ်။ ပြန်ပြီးဖွင့်ဖို့က ၆၀ ရာခိုင်နှုန်းပဲ ပြီးသေးတယ်။ ဘဏ္ဍာငွေ ရှာဖွေရေးတွေနဲ့ အကူအညီတွေ ရတော့ရနေပါပြီ။ ကူညီကြတဲ့လူတွေက ပြည်တွင်းကသူတွေချည်းပါပဲ”ဟု ပြောသည်။

ပြတိုက်ကို အင်္ဂါ၊ ကြာသာပတေး၊ စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက်ကိုးနာရီမှ ညနေလေးနာရီအထိ ဖွင့်လှစ်ထားပြီး ၀င်ကြေးအခမဲ့ဖြင့် လာရောက် ကြည့်ရှုနိုင်သည်။ ပြင်ဆင်ရာတွင် အတွင်းပိုင်း ပြင်ဆင်မှုများကို ထိုင်းနိုင်ငံမှ ပညာရှင်များအကူအညီဖြင့် ပြင်ဆင်နေပြီး ဇွန်လအတွင်းက စတင် ပြင်ဆင်နေခြင်း ဖြစ်သည်။

ယင်းပြတိုက် ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ပြတိုက်မှူး ဦးသိန်းရွှေက “ အခု ခဏရပ်ထားတာက ဘန်ကောက်က ဒီဇိုင်းရဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေကို ပြန်လည်တွက်ချက်ပြီး ပြန်ပို့တာကို စောင့်နေတာပါ၊ အတွင်းပိုင်း ပြင်ဆင်မှုက ပိုပြီး အရေးကြီးပါတယ်။ အခုအချိန်တော့ မိုးတွင်ဖြစ်နေလို့ လာရောက်လေ့လာတာ နည်းနေပါတယ်”ဟု ဆိုသည်။

အတွင်းပိုင်း ပြင်ဆင်မှုအနေဖြင့် ဦးသန့်နှင့် သက်ဆိုင်သည့် ဓါတ်ပုံ ၅၀ ကျော်၊ နေမျိုးဆေး ရေးဆွဲထားသည့် ဦးသန့်
ပုံတူ ပန်းချီကားချပ် တစ်ချပ်၊ ဦးတင်မြင့် ရေးဆွဲထားသည့် ပန်းချီကားချပ်နှစ်ချပ်ရှိပြီး၊ ဦးသန့် ပုံတူရုပ်တုကိုလည်း ထားရှိထားကြောင်း သိရှိရသည်။

အဆိုပါပြတိုက်ကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် ကျရောက်သည့် ဦးသန့်၏ ၁၀၅ နှစ်မြောက်ပြည့်သည့်နေ့တွင် ဖွင့်လှစ်ရန်အတွက် ရည်ရွယ်ထားသည်ဟု သူ၏သမီးဖြစ်သူထံမှ သိရသည်။

ကလေးမိခင် လေးဦးနှင့် အဘွားအိုနှစ်ဦးအပါအ၀င် အဖမ်းခံကြသည့် ရေလုပ်သား၂၅ဦး ကို အချုပ်ထဲ ထည့်ထား

မင်းမင်း | ကြာသပတေးနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၅ မိနစ် 

 ငါးခိုးဖမ်းသည်ဟု အင်းသူကြီးက စွပ်စွဲ တိုင်ကြားခံထားရသဖြင့် ရဲစခန်းတွင် စုပေါင်း အဖမ်းခံခဲ့သည့် ပန်းတနော်
မြို့နယ် ခနွဲကဘိုရွာမှ ရေလုပ်သား ၂၅ ဦးကို ဇူလိုင် ၃၁ ရက်က မြို့နယ်တရားရုံးတွင် စစ်ဆေးပြီး နောက် ရဲစခန်းရှိ အချုပ်ခန်းသို့ ထည့်ထားလိုက်သည်ဟု ထိုရွာမှ ရွာသားများက မဇ္ဈိမကို ပြောသည်။

အဆိုပါ ၂၅ ဦးအနက် အမျိုးသမီး လေးဦးသည် သားသည်မိခင်များ ဖြစ်ပြီးနောက် ထပ်နှစ်ဦးမှာ အသက် ၆၀ ခန့် အဘွားအိုများ ဖြစ်ကြသည်ဟု ဒေသခံများက ပြောသည်။

“သူတို့ကို တရားရုံးကနေ ကားနဲ့ တင်သွားပြီး ရဲစခန်းက အချုပ်ထဲ ထည့်ထားတာဗျ။ တော်တော် စိတ်မကောင်း
ဘူးဗျာ။ သူတို့မိသားစုတွေက ငိုကြ ယိုကြနဲ့”ဟု ကိုယ်တွေ့ မြင်ရသည့် ခနွဲကဘိုရွာသား ဦးဝင်း ကြည်က မဇ္ဈိမကို
ပြောသည်။

ထိုရေလုပ်သား၂၅ ဦးမှာ ၎င်းတို့ရွာမှ ပန်းတနော်ရဲစခန်းသို့ သွားရောက်အဖမ်းခံကြစဉ် ရဲစခန်းက မြို့နယ် တရားရုံးသို့ ၎င်းတို့ကို ခေါ်ဆောင်သွားပြီးနောက် တရားရုံးက အမှုစစ်ပြီးနောက် အာမခံမပေးဘဲ ယခုကဲ့သို့ အချုပ်ချဖမ်းဆီးရန် အမိန့်ချလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့၏အမှုကို သြဂုတ် ၆ ရက်တွင် ထပ်မံစစ်ဆေးမည်ဟုလည်း တရားရုံးက ချိန်းဆိုထားသည်။

ပိုင်နက်ကျူးလွန်မှု၊ ခိုးမှုတို့နှင့် တရားစွဲဆိုခြင်း ခံရသည့် ထိုရေလုပ်သား ၂၅ ဦးကို ရွာမှ ရဲစခန်းသို့ လာရောက် အဖမ်းခံစဉ် ရွာသား ၄၀ ခန့်က လိုက်လံ ပို့ဆောင်ခဲ့သည်။

ဇူလိုင် ၃၁ ရက်က တရားရုံးတွင် အမှုစစ်ဆေးရာ၌ တရားလိုဘက်မှ လာရောက် အမှုရင်ဆိုင်ခြင်းမရှိဘဲ တရားလို
ဖြစ်သူ အင်းသူကြီး ဦးကြင်ငြိမ်းကို ပန်းတနော် ရဲစခန်းစခန်းမှူးက တယ်လီဖုန်းဖြင့် တရားခွင်တွင် ဆက်သွယ်ခဲ့
သည်ဟု ဒေသခံများက စွပ်စွဲပြောဆိုထားသည်။

ယခုနှစ်ဆန်းပိုင်းတွင် ခနွဲကဘိုရွာမှ ရေလုပ်သား ၂၇ ဦးကို အင်းသူကြီး ဦးကြင်ငြိမ်းက ငါးခိုးဖမ်းမှုဖြင့် စွပ်စွဲပြီး ရဲစခန်း၌အမှုဖွင့်ထားသဖြင့် ဧပြီလအတွင်းက ရေလုပ်သားများကို ကူညီပေးနေသည့် ဦးနေမျိုးဇင်က ကြားဝင်ညှိနှိုင်း
ပေးခဲ့ပြီး အင်းသူကြီးက အမှုပိတ်သိမ်းပေးခဲ့သည်။

သို့သော် ဇူလိုင်လဆန်းတွင် ခနွဲကဘိုရဲစခန်းမှရဲများက ရေလုပ်သားများကို လာဖမ်းသောကြောင့် အခြား ရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး နောက်ဆုံးတွင် ထွက်ပြေးမတိမ်းရှောင်တော့ဘဲ ယခုကဲ့သို့ သွားရောက် အဖမ်းခံခြင်း
ဖြစ်သည်ဟု ဒေသခံများက ရှင်းပြသည်။

ဝရမ်းထုတ်ခံထားရသည့် ရေလုပ်သားတစ်ဦးဖြစ်သူ ကိုဝင်းခိုင်ကို အဖမ်းမခံရမီ တစ်ရက်အလိုတွင် မဇ္ဈိမက ဆက်သွယ် မေးမြန်းရာ ၎င်းက “ ကျွန်တော်တို့ကလည်း စားဝတ်နေရေး အဆင်မပြေတော့ ထပ်ပြီးတော့လည်း မရှောင်နိုင်တော့ဘူး။ အဲ့ဒါကြောင့် ရဲစခန်းမှာတက်ပြီး အဖမ်းခံကြမှာပါ။ သူတို့ ဘာလုပ်မယ် ဆိုတာတော့ မနက်ဖြန်
မှ အဖြေပေါ်မှာပေါ့”ဟု ပြောခဲ့သည်။

ထိုဒေသရှိ ရဲများမှာ အင်းသူကြီး၏ အမိန့်ကို မလွန်ဆန်နိုင်သောကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟုလည်း ရေလုပ်သား
များကို ကူညီပေးနေသည့် ဦးနေမျိုးဇင်က စွပ်စွဲ ပြောဆိုထားသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မြစ်ရေလျှံ အိမ်ထောင်စု ၅၀၀ ရေဘေးသင့်

Dawei Watch | ကြာသပတေးနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၀၆ မိနစ် 

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေလျှံမှုကြောင့် ဇူလိုင် ၂၉ ရက်မှစ၍ လူနေအိမ်များ
ရေနစ်မြုပ်ရာ အိမ်ထောင်စု ၅၀၀ ၀န်းကျင် ရေးဘေးဒုက္ခ ကျရောက်လျက်ရှိကြောင်း ဘီလင်း မြို့နယ် အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဌေးအောင်က ပြောသည်။

ရေကြီးမှုကြောင့် ဘီးလင်းမြို့ပေါ်ရှိ ရပ်ကွက်ငါးခုရေနစ်မြုပ်နေပြီး၊ မြို့နယ်ရှိ ကျေးရွာများဖြစ်သော ဒေါက်ရပ်ကျေးရွာ၊ ခဲမှောက်ကျေးရွာ၊ တက်တူကုန်းကျေးရွာ၊ တောင်ကလေးကျေးရွာနှင့် ရွှေအင်တုံကျေးရွာတို့လည်း ရေနစ်မြုပ်မှုကို ခံနေရကြောင်း ဒေါက်ရပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးတင်အေးက ပြောကြားသည်။

“ဒီမြို့နယ်မှာက ကျေးရွာ ၅၅ ရွာလောက် ရှိတယ်။ ရွာ၂၀လောက် ရေမြုပ်ကုန်တယ်။ လယ်ဧက အနည်းဆုံး
လေးထောင် ငါးထောင် နီးပါးလောက် မြုပ်ကုန်တယ်”ဟု ဘီးလင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးကျော်မျိုးမင်းက
ပြောကြားသည်။

ဒေါက်ရပ်ကျေးရွာအုပ်စုတွင် ကိုယ့်အားကိုယ်ကိုး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၁၀၄ စုနီးပါး ကယ်ဆယ် စောင့်ရှောက်ထားကြောင်း၊ ၎င်းကျေးရွာအုပ်စုများသို့ အစိုးရ၏ ထောက်ပံ့ရေး အစီအစဉ်များ မရရှိသေးကြောင်း ဦးတင်အေးက ပြောသည်။

“ရေက (ဇူလိုင် ၃၀) မနက် တစ်နာရီလောက်မှာ စတက်လာတယ်။ အဒေါ်က မြေးနှစ်ယောက်ကို ခေါ်ပြီး ပြေးရတယ်။
ရေတက်တာက အရမ်းမြန်တယ်”ဟု ဒေါက်ရပ်ကျေးရွာမှ ဒေါ်မြကြည်က ပြောသည်။

ဒေါက်ရပ်ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းရှိ လူများမှာ ရေမကျသေးသော်လည်း တချို့
အိမ်ထောင်စုများမှာ ၎င်းတို့၏ နေအိမ်များသို့ ပြန်ကုန်ပြီး နေရေးစားရေးအတွက် အကူအညီများ လိုအပ်လျက်ရှိ
ကြောင်း ဒေါ်မြကြည်က ပြောသည်။

ရေဘေးအတွက် စုစုပေါင်း ကယ်ဆယ်ရေးစခန်း ၁၈ ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၄၇၈ ခုမှ လူဦးရေ ၁၈၉၅ ဦးကို ကူညီစောင့်ရှောက်လျက်ရှိကြောင်း ကယ်ဆယ်ရေးစခန်းများ၏ စာရင်းဇယားများအရ သိရှိရသည်။

ကယ်ဆယ်ရေးစခန်းများကို NLD ပါတီဝင်များ၊ ဟိတဓရဖောင်ဒေးရှင်းနှင့် အခြား NGO အဖွဲ့စည်း များမှလည်း လိုအပ်သည့် စားနပ်ရိက္ခာများကို အကူအညီပေးလျက်ရှိကြောင်း ရေဘေးဒုက္ခသည်များမှ ပြောကြားသည်။

အလားတူပင် မန္တလေးမြို့ရှိ ဧရာဝတီမြစ် အနောက်ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်းရှိ ကျေးရွာအချို့မှာ ရေလွတ်ရာ တာရိုးပေါ်သို့ ပြောင်းရွှေ့ နေထိုင်ကြရသည်။

ထို့အပြင် ဧရာဝတီတိုင်းအတွင်းရှိ င၀န်မြစ်ရေမြင့်တက်လာပြီး ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့်
မြင့်တက်လာနေသည်။ ကရင်ပြည်နယ်အတွင်းတွင်လည်း သံလွင်မြစ်ရေ မြင့်တက်လာခြင်းကြောင့် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် သုံးပေခွဲခန့် ကျော်လွန်နေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန အင်တာနက်စာမျက်နှာ
တွင် ဖေါ်ပြထားသည်။ 

ကျောက်ဖြူကို နေ့စဉ်ဓာတ်ငွေ့ကုဗပေ သန်း၂၀ အစိုးရမှ ခွဲတမ်းပေး

ခိုင်ခိုင် | ကြာသပတေးနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၄၅ မိနစ်

     
ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ကူမင်းသို့သွယ်တန်းသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ သယ်ပို့မည့် ဓာတ်ငွေ့များ
အနက်မှ ကုဗပေသန်း၂၀ကို ကျောက်ဖြူမြို့တွင်အသုံးပြုရန် အစိုးရက ခွဲတမ်းချထားပေးကြောင်း ဇူလိုင် ၃၀ ရက်
ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ကျောက်ဖြူ-ကူမင်း သွယ်တန်းသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် နေ့စဉ် ဓာတ်ငွေ့ကုဗပေ သန်း ၅၀၀ ပို့လွှတ်မည်ဖြစ်ရာ သန်း ၁၀၀ ကိုသာ မြန်မာနိုင်ငံက ဝေစုရရှိမည်ဖြစ်ပြီး ထိုဓာတ်ငွေ့များအနက်မှ ကုဗပေသန်း ၂၀ ကို အစိုးရက ကျောက်ဖြူအတွက် ဝေစုပေးလိုက်ခြင်း ဖြစ်သည်။

သို့သော် ထိုပမာဏသည်ပင် နည်းပါးနေသေးပြီး ကုဗပေသန်း ၅၀ခန့် ကျောက်ဖြူမြို့အတွက် ဝေစုရသင့်ကြောင်း ရခိုင် သယံဇာတများ အကျိုးခံစားခွင့်ရရှိရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးဦးက ဆိုသည်။ “သေချာ တွက်ချက် ကြည့်ရင်တော့ သန်း ၂၀ ဟာ ပမာဏ နည်းတယ်။ ပညာရှင်တွေ ဆိုရင်တော့ ပိုပြီး သိမှာပါ”ဟု သူက ဆိုသည်။

ထို့ပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဦးလှစောကလည်း “ရခိုင်ပြည်နယ် မီးလင်းရေးအတွက် ပြတ်ပြတ်
သားသား ပြောသင့်နေပြီ။ အခုတော့ သန်း ၂၀ ပေးမယ်ပြောပြီး ထပ်ဘာမှမပြောတော့ အားလုံးက တိတိကျကျ သိချင်နေကြတယ်”ဟုလည်း ယင်းကိစ္စကို ဝေဖန်သည်။

အစိုးရက မြန်မာနိုင်ငံရရှိသည့် ဓာတ်ငွေ့ကုဗပေ သန်း ၁၀၀ အနက် ၂၃ သန်းကို ရေနံချောင်းမြို့မှ ဓာတ်အားပေး
လုပ်ငန်းအတွက် လည်းကောင်း၊ ကုဗပေ ၅၇ သန်းကို တောင်သာမြို့မှ ဓာတ်အားပေးလုပ်ငန်းအတွက်
လည်းကောင်း ခွဲတမ်းမျှဝေ ပေးထားသည်ကိုလည်း နိုင်ငံပိုင်သတင်းစာတွင် ဆက်လက် ဖော်ပြထားသည်။

အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့များကို ဇူလိုင် ၁၅ ရက်ကတည်းက စတင်၍ စမ်းသပ်ပို့နေပြီဖြစ်ပြီး ထိုဓာတ်ငွေ့ပိုက်လိုင်းသည် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းကုမ္ပဏီနှင့် မြန်မာအစိုးရတို့သည် လွန်ခဲ့သော
လေးနှစ်က သဘောတူစာချုပ်,ချုပ်ဆိုကာ စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ် သည်။

ပိုက်လိုင်းသွယ်တန်းရာ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသတစ်လျှောက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်
ပေးရန်နှင့် မြေယာလျာ်ကြေးကိစ္စ အကျေအလည်ရှင်းပေးရန် ဒေသခံများက ဆန္ဒပြ တောင်းဆိုမှုများလည်းရှိနေပြီး ထိုကိစ္စနှင့်ပတ်သက်၍ ဆန္ဒပြခေါင်းဆောင် ၁၀ဦးကိုလည်း အာဏာပိုင်များက တရား စွဲဆိုထားသည်။

အဆိုပါပိုက်လိုင်းမှ တစ်နှစ်လျှင် ဓာတ်ငွေ့ကုဗမီတာ ၅ ဒသမ၂ ဘီလီယံ ပို့လွှတ်မည်ဖြစ်သည်ဟု တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ငွေ့ပိုက်လိုင်းသည် တစ်စုံတစ်ခုကြောင့် ပျက်စီးလျှင်၊ ပေါက်ကွဲလျှင် မည်သို့ စီမံမည်ကိုလည်း အစိုးရက ပွင့်လင်းစွာ မပြောသဖြင့် စိုးရိမ်မှုများလည်း ရှိနေသလို ဒေသခံ ရခိုင်တိုင်းရင်းသားများ ဦးစီး ဖွဲ့စည်း ထားသည့် လူမှုအဖွဲ့အစည်းများကဆိုလျှင် ထိုပိုက်လိုင်းစီမံကိန်းသည် သယံဇာတခွဲဝေမှုဆိုင်ရာ မျှတမှု မရှိဟု အစဉ်တစိုက် ကန့်ကွက်ခဲ့ကြသည်။

လုပ်လက်စအလုပ်များ အဆုံးသတ်ရန် လိုအပ်ပြီ မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၄၆ မိနစ်

အစိုးရသစ်တက်လာပြီးနောက်ပိုင်း နှစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲမှုများနှင့်အတူ တည်ဆောက်ရေး လုပ်ငန်းအမြောက်အများ ပြုလုပ်လာခဲ့သည်။ ရန်ကုန်မြို့အတွင်း ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ ကားလမ်းများ တိုးချဲ့ခြင်းအပြင် ရန်ကုန်တက္ကသိုလ်ကိုလည်း ပြန်လည်ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်လာခဲ့သည်။

ဤသို့သော တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများနှင့်အတူ လိုအပ်ချက်များရှိနေသေးသည်မှာလည်း လက်တွေ့
အခြေအနေပင် ဖြစ်သည်။ မြို့တော်အတွင်း စနစ်ကျသည့် အမှိုက်သိမ်းစနစ်မရှိခြင်း၊ ခြောက်ပေခန့်မြင့်သည့် ကားကြီးများဖြင့် အမှိုက်သိမ်းကားကြီးများဖြင့် စည်ပင်ဝန်ထမ်းတို့ အမှိုက်သိမ်းသည်ကို တွေ့မြင်ရသည်မှာ စိတ်မချမ်းသာဖွယ်မြင်ကွင်းပင် ဖြစ်သည်။

မြို့တွင်းလမ်းမများတွင် အမှိုက်တစ်စပစ်လိုပါက လွယ်ကူစွာပစ်နိုင်ရန် အမှိုက်ပုံးများမရှိခြင်း၊ လူနေရပ်ကွက်များတွင် စနစ်ကျသည့် အမှိုက်သိမ်းစနစ်မရှိခြင်းကြောင့် ရပ်ကွက်အတွင်းရှိ မြေကွက်လပ်တွင် သွားရောက်ပစ်ရခြင်း စသည်
တို့ကြောင့် ကျန်းမာရေးရှုထောင့်က ကြည့်မည်ဆိုပါက အလားအလာ ကောင်းများမဟုတ်ပေ။

ထို့အတူ မြို့တော်၏ ပလက်ဖောင်းများကို ကြည့်မည်ဆိုပါကလည်း ပြုပြင်ခြင်းများ ပြုလုပ်သည်ဆိုသော်လည်း လျှပ်စစ်ဗို့အား ၆၆၀၀ ရှိသည့် ထရမ်စဖော်မာများ လူအများသွားလာသည့် စင်္ကြန်များပေါ်တွင် တည်ရှိနေသည်ကို
တွေ့ရှိရသည်။ အလားတူပင် လမ်းချဲ့ရာမှ မူလကလမ်းဘေးတွင်ရှိနေသည့် လမ်းမီးတိုင်များ လမ်းပေါ် ရောက်လာခဲ့
သည်။

လမ်းချဲ့ခြင်းလုပ်ငန်းများပြီးစီးသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း လမ်းမီးတိုင်များမှာ ရွှေ့ပြောင်းခြင်းမရှိဘဲ ယခင်
အတိုင်းထားရှိသည်ကို တွေ့ရှိရသည်။ ယာဉ်များသွားလာနေသည့် လမ်းများပေါ်တွင် လမ်းမီးတိုင်များ ထားရှိခြင်း
သည် အန္တရာယ်ကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်ပေလိမ့်မည်။

ရန်ကုန်မြို့ရှိအချို့သောမြို့နယ်များတွင် လူထုသုံးစွဲနေရသည့် သုံးရေသည်လည်း အ၀တ်လျှော်ရန်ပင် မသင့်တော်
သည်ကို တွေ့ရှိရသည်။ အလားတူပင် မိုးအနည်းငယ်ရွာသွန်းသည်နှင့် ရေမြောင်းများမှတစ်ဆင့်မိုးရေများလျှံကာ ကားလမ်းမပေါ်အထိ ရေတက်လာခြင်းသည်လည်း မြို့တော်၏ ပြုပြင်သင့်သည့် အချက်တစ်ချက် ဖြစ်သည်။

အဆုံးသတ်ဆိုရပါမူ ပြုပြင်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများနှင့်အတူ လုပ်လက်စအလုပ်များကိုလည်း ပြီးစီး
အောင်၊ လက်စသတ်ရန် လိုအပ်ပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင် လူရယ်စရာဖြစ်မည်ဟု ဗြိတိန် လွှတ်တော်ဥက္ကဋ္ဌ ပြော

ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် မိန့်ခွန်းပြောကြားခဲ့သည့် ဗြိတိသျှ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr. John Bercow (ဓာတ်ပုံ-Steve/ဧရာဝတီ)

  Hits:1


မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို ကြိုဆို လိုက်သော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင် နိုင်ငံတကာ အသိုင်းအ၀န်း၏ လှောင်ပြောင်စရာ ဖြစ်လိမ့်မည်ဟု ဗြိတိသျှ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr. John Bercow က ပြောဆို လိုက်သည်။
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သော ဗြိတိသျှ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr. John Bercow က ရန်ကုန် ကမာရွတ် မြို့နယ်ရှိ၊ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် တက္ကသိုလ် ကျောင်းသားများ အပါအ၀င် မြန်မာ့ ပညာရေး အသိုင်းအ၀န်းမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီမှ တာဝန်ရှိသူများ၊ သတင်းထောက်များနှင့် ယနေ့မနက် တွေ့ဆုံ မိန့်ခွန်း ပြောကြားစဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ မီဒီယာ လွတ်လပ်ခွင့်တချို့ ရရှိလာခြင်း၊ အတိုက်အခံ နိုင်ငံရေး အင်အားစုများ နိုင်ငံရေး လုပ်ဆောင်နိုင် လာခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် တချို့နှင့် အပစ်အခတ် ရပ်စဲလာနိုင်ခြင်း ကဲ့သို့ တိုးတက်မှုများ အပေါ် ကြိုဆိုကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးသို့ ဦးတည်နေသော လမ်းကြောင်းသည် ကနဦး အစတွင်သာ ရှိနေပြီး ဆက်လက် လျှောက်လှမ်းရမည့် ခရီးရှည် ကျန်ရှိနေဆဲ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအ၀င် ဖိနှိပ်ချုပ်ခြယ်သော ဥပဒေများသည် အသွင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီ အတွက် အနှောင့်အယှက် အတားအဆီး ဖြစ်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင် နိုင်ငံတကာတွင် လှောင်ပြောင်စရာ တခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း Mr. John Bercow က ရှင်းပြသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီကို တားဆီးနှောင့်ယှက်နေမယ်ဆိုရင် အသွင်ကူးပြောင်းရေးအတွက် အတားအဆီး အနှောင့်အယှက်ဖြစ်မှာပဲ။ သမ္မတရာထူးအတွက် ကိုယ်စားလှယ်လောင်းများရဲ့ အရည်အချင်းနဲ့ ဆက်စပ်နေတဲ့ ပြဋ္ဌာန်းချက်၊ တိုင်းရင်းသား ပြည်နယ်များအတွက် အုပ်ချုပ်ပုံစနစ်နဲ့ စပ်လျဉ်းတဲ့ ပြဋ္ဌာန်းချက်တွေ အပါအ၀င် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အဆောတလျဉ် ပြင်ဆင်ဖို့ လိုနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက နိုင်ငံတကာ အသိုင်းအ၀န်းမှာ လှောင်ရယ်စရာတခု ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ ရှိနေဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီ အမှန်တကယ် ဒီမိုကရေစီ စနစ် ထူထောင်မည်ဆိုပါက နိုင်ငံရေးအကျဉ်းသား လုံးဝ မရှိအပ်ဘဲ ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောဆိုသကဲ့သို့ နိုင်ငံရေး အကျဉ်းသား တဦး ရှိနေသည် ဆိုလျှင်ပင် လွန်လှပြီဟု ဆိုရမည် ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်အစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို ကန့်သတ်ချက် မထားဘဲ လွှတ်ပေးသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
Mr. John Bercow သည် မြန်မာ့ဒီမိုကရေစီ အရေးအတွက် လွန်ခဲ့သော ၉ နှစ် ကတည်းက စတင် ဆောင်ရွက်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များဘ၀ကို ကိုယ်တိုင်သိမြင် ကြုံတွေ့ခဲ့ရကြောင်း၊ ဗြိတိသျှ ပါလီမန်တွင် လွှတ်တော် အမတ် တဦးအနေဖြင့် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ မြန်မာနိုင်ငံနှင့် ပတ်သက်သော မေးခွန်းပေါင်း ၃၇၂ ခု၊ မိန့်ခွန်းပေါင်း ၅ ခု တင်သွင်း ပြောဆိုခဲ့ကြောင်း သိရှိရသည်။
“မြန်မာနိုင်ငံက ဒီမိုကရေစီ တိုက်ပွဲက အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုဖို့ လိုအပ်သလို လူ့အခွင့်အရေးကို လူမဆန်စွာ ပြောင်ပြောင်း တင်းတင်း ချိုးဖောက်မှုတွေကို သည်းခံ မနေသင့်တဲ့အတွက် ကျနော် တတ်အားသမျှ ဆောင်ရွက်ခဲ့ပါတယ်။ တနေရာရာမှာ တရားမျှတမှု မရှိနေခြင်းက နေရာတိုင်းမှာ ရှိနေတဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေတယ် ဆိုတဲ့ မာတင် လူသာ ကင်းက ပြောခဲ့သလိုပါပဲ” ဟု Mr.John Bercow က ဆိုသည်။
တိုင်းရင်းသားများနှင့် စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်ရန်နှင့် ဖက်ဒရယ် ပြည်ထောင်စု စနစ် တည်ဆောက် စေလိုကြောင်း၊ ဖက်ဒရယ် စနစ်ကြောင့် နိုင်ငံပြိုကွဲမည် မဟုတ်ဘဲ နိုင်ငံ ခိုင်မာ တောင့်တင်း စည်းလုံးညီညွတ်ရန် နည်းလမ်း တရပ်ဟု မြင်လာကြလိမ့်မည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ အိန္ဒိယနှင့် သြစတြေးလျ နိုင်ငံတို့သည် အောင်မြင်သော ဖက်ဒရယ်စနစ် နိုင်ငံများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဖက်ဒရယ်ဝါဒ သဘောတရားကို ထည့်သွင်းစဉ်းစားဖို့ ပွင့်လင်းမှုကို ပြသခဲ့ကြတဲ့ မြန်မာ အစိုးရနဲ့ လွှတ်တော် ခေါင်းဆောင် များရဲ့ မှတ်ချက်ကို ကြိုဆိုပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ယုံကြည်မှု ရရှိစေရန် မြန်မာ့တပ်မတော်၏ အမူအကျင့်များ ပြောင်းလဲရေး၊ တရား မမျှတမှု၊ စနစ်တကျ ညှဉ်းပမ်း နှိပ်စပ်မှုများကို အဆုံးသတ်ရေးအတွက် အားလုံး ညီညီညွတ်ညွတ် ပူးပေါင်း အားစိုက် လုပ်ဆောင် ကြရလိမ့်မည်ဟု Mr. John Bercow က သုံးသပ်ပြောဆိုသည်။
“ဒီနိုင်ငံက မိတ်ဆွေ တဦးအနေနဲ့ စစ်ပွဲကို ရပ်ကြပါ၊ သတ်ဖြတ်မှုတွေ ရပ်ကြပါ၊ နှိပ်စက်မှုတွေ ရပ်ကြပါ။ မုဒိမ်းမှုတွေ ရပ်ကြပါ၊ အဓမ္မစေခိုင်းမှုတွေ ရပ်ကြပါလို့ သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ တပ်မတော်ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောချင် ပါတယ်” ဟု Mr. John Bercow က ရှင်းလင်း ပြောဆိုသည်။
ဘာသာရေး၊ လူမျိုးရေး ၊ ပဋိပက္ခများ အဆုံးသတ်ရေးနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကိုလည်း နိုင်ငံတကာ လူ့အခွင့်အရေး စံများနှင့် အညီ ဖြစ်လာစေရေးအတွက် ပြန်လှန် သုံးသပ် ပြင်ဆင်သင့်သည်ဟုလည်း Mr.John Bercow က တိုက်တွန်း ပြောဆိုသွားသည်။
ဗြိတိသျှ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr.John Bercow သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင့် တွေ့ဆုံခဲ့သည်။