Thursday, August 1, 2013

စက်လှေဝမ်းဗိုက်အတွင်းရှိ ဆီတိုင်ကီ ဆေးကြောရာမှ မူးမေ့လဲကျခဲ့ကာ (၃)ဦးသေ (၁)ဦးသတိလစ်လျက်ရှိ

ရန်ကုန်၊ သြဂုတ် ၁

၁.၈.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ပုဇွန်တောင်မြို့နယ်၊ (၃)ရပ်ကွက်၊ ဟိုင်းလုံ သင်္ဘော ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရွှေလျှံတိုး ငါးဖမ်းစက်လှေမှ လုပ်သားများ ဖြစ်သည့် ထွန်းလေး၊ (၃၃)နှစ်
(စိစစ်ဆဲ)၊ မျိုးထွန်း၊ (၄၂)နှစ် (စိစစ်ဆဲ)၊ မင်းနိုင်၊ (၃၀)နှစ် (စိစစ်ဆဲ)၊ မင်းမင်း(၃၃)နှစ် (စိစစ်ဆဲ)တို့ (၄)ဦးသည် စက်လှေဝမ်းဗိုက်အတွင်းရှိ ဆီတိုင်ကီအား ၀င်ရောက် ဆေးကြောရာမှ ၎င်းတို့(၄)ဦးမှာ မူးမေ့လဲကျသွားသဖြင့် ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးသို့ ပို့အပ်စဉ် ထွန်းလေး၊ မျိုးထွန်း၊ မင်းနိုင်တို့ (၃)ဦးမှာ လမ်းတွင် သေဆုံးသွားခဲ့ပြီး မင်းမင်းမှာ သတိလစ်နေသဖြင့် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ်
တက်ရောက် ကုသလျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

0 comments:

Post a Comment