Monday, August 5, 2013

ဆီးဂိမ်းအတွက် သင်ခန်းစာနှင့် တလွဲဆံပင်ကောင်းခြင်းမှ ရှောင်ကျဉ်ရန်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၃ ခုနှစ် ၀၅ နာရီ ၅၄ မိနစ်

      အရှေ့တောင်အာရှဒေသအတွင်း ရေပန်းအစားဆုံး အားကစားပွဲတော်ဖြစ်သည့် ဆီးဂိမ်းအတွက် ပြင်ဆင်မှု၊ အားထုတ်မှု ကြိုးပမ်းမှုများ ပြုလုပ်လာခဲ့သည့် မိမိတို့ မြန်မာနိုင်ငံသည် ဩဂုတ်လ ၄ ရက် နေပြည်တော်၊ ရန်ကုန်
ဘောလုံး ကစားပွဲဖြစ်ရပ်ကြောင့် ရုပ်ဆိုးအကျည်းတန်စေလိမ့်မည်ဟု ယူဆရပါသည်။

ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ
အခမ်းအနား ပြုလုပ်ရန်ရှိပြီး ပရိသတ်သုံးသောင်းခန့် ဝင်ဆံ့သော ဘောလုံးကွင်းသစ် ဖြစ်သည်။ မိမိတို့ နိုင်ငံသား အချင်းချင်းကန်သည့် ဘောလုံးပွဲတွင်ပင် ခိုက်ရန်ဖြစ်ပွားခြင်း၊ ပဋိပက္ခတို့ ဖြစ်ပေါ်စေခဲ့ခြင်းတို့သည် အရှေ့တောင်
အာရှ အားကစားပွဲကိုလည်း ရိုက်ခတ်မှု ရှိပေလိမ့်မည်။

ဩဂုတ် ၄ ရက် ဖြစ်ရပ်ကဲ့သို့ ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းကျင်းပသည့် မြန်မာအသင်းနှင့် အိုမန်အသင်းတို့၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။ မြန်မာတို့၏ အိမ်ကွင်းဖြစ်သော ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းအတွင်း ကျင်းပသည့် အဆိုပါဘောလုံးပွဲတွင် မြန်မာပရိသတ်အချို့က ကွင်းအတွင်း ထီး၊ ဖိနပ်၊ ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခဲ့ရာမှ ပွဲကစားချိန် ၃၉ မိနစ်တွင် ပွဲရပ်လိုက်ရသည်။

အဆုံးသတ် အဖြေသည်ကား မြန်မာအသင်း ၃၉ မိနစ်သာ ကစားခွင့်ရလိုက်ပြီး နှစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကာ မြန်မာ
ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သို့ ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ သုံးသောင်း ပေးဆောင်လိုက်ရ
သည်။

နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်းအတွင်းဖြစ်ရပ်နှင့် ရန်ကုန်သုဝဏ္ဏကွင်းအတွင်း ဖြစ်ရပ်နှစ်ခုလုံးကို ခြုံငုံသုံးသပ်မည်ဆို
ပါက ဆိုးသွမ်းပရိသတ်တို့၏ ရမ်းကားသည့် အပြုအမူများနှင့်အတူ အစီအစဉ်များလွဲချော်မှု၊ လုံခြုံရေးအားနည်းမှုများ
တွေ့ရမည်ဖြစ်ပြီး ပရိသတ်တချို့၏ အားကစားစိတ် မရင့်ကျက်မှုကို တွေ့ရမည် ဖြစ်သည်။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လက ရန်ကုန်သုဝဏ္ဏကွင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်တွင် ကွင်းဝင်ပေါက်တွင် လူစစ်ဆေးရာ များပြားလွန်းသည့် ပရိသတ်ကြောင့် ကာရံထားသည့် သံပန်းတံခါးကြီး ကျိုးပဲ့ပျက်စီးပြီး ပရိသတ်တို့ကွင်းအတွင်း တစ်ဟုန်ထိုး ဝင်ရောက်သွားကြသည့် စီစဉ်ထားမှုလွဲချော်ခြင်း ဖြစ်သည်။

ဩဂုတ် ၄ ရက် ဖြစ်ရပ်တွင်မူ ကွင်းအတွင်းရောက်ရှိလာသည့် ပရိသတ်မှတစ်ဆင့် အချင်းများမှု စတင်ခဲ့သည့် ပဋိပက္ခသည် လုံခြုံရေးအစီအမံ အားနည်းမှုကြောင့်ပင် ဖြစ်သည်။ မြန်မာဘောလုံးအဖွဲ့ချုပ်က သက်ဆိုင်ရာ တိုင်း
အစိုးရသို့ လုံခြုံရေးရယူပေးရန် တောင်းခံထားသော်လည်း လုံခြုံရေးဝန်ထမ်းများ လုံလောက်မှုမရှိသည့် လုံခြုံရေး အားနည်းမှု ဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာဘောလုံး အားကစားသမားများ၊ မြန်မာပရိသတ်တို့သည် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာပုံရိပ်ကို ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံတကာ အားကစားပွဲများနှင့်အတူ ဆီးဂိမ်းကို ဦးဆောင်ကျင်းပရန် စီစဉ်ထားသည့် မိမိတို့ မြန်မာနိုင်ငံသည် အထက်ပါ ဖြစ်ရပ်များကဲ့သို့သော အကျည်းတန်သည့် ဖြစ်ရပ်များ ထပ်မဖြစ်
ရန် လိုအပ်သည်။

မြန်မာပရိသတ်အဖို့မူ မိမိနိုင်ငံ၊ မိမိတို့ဒေသအသင်းကို အားပေး၊ ချီးမြှင့်လိုသည့် စိတ်ဓာတ်ရှိရမည်မှာ သဘာဝကျ
သော်လည်း တလွဲဆံပင်ကောင်းသည့် အပြုအမူ၊ အားပေးမိသည့် လုပ်ရပ်များကိုမူ ရှောင်ကျဉ်ရန် လိုအပ်ပေလိမ့်
မည်။

0 comments:

Post a Comment