Saturday, August 3, 2013

Saturday, August 3, 2013 သဘာဝဘေး ဖြစ်ပွားရာဒေသမှ ပြောင်းရွှေ့ရန် ငြင်းဆန်သူများကို ထောင်ဒဏ်ချမှတ်သွားမည်

(3.8.2013, Saturday)

သဘာဝဘေး အန္တရာယ်ဖြစ်ပွားရာ ဒေသမှ ပြောင်းရွှေ့ရန် ညွှန်ကြားချက် အား ငြင်းဆန်နေသော သူများကို (၁) လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သွားမည်ဟု သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၏ အခန်း(၈)၌ ဖော်ပြထားသည်။

ပြဋ္ဌာန်းလိုက်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ဇူလိုင်လ (၃၁)ရက်နေ့က ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

သဘာဝဘေး အန္တရာယ်ကျရောက်နေသော နေရာနှင့် အဆောက်အအုံတို့က ဖယ်ရှား ထွက်ခွာရန် သို့မဟုတ် ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ရန် ညွှန်ကြားချက်ကို တမင်ပျက်ကွက်သူများကို ယခုလို ပြစ်ဒဏ်ပေးရန် ပြဋ္ဌာန်းလိုက် သည်။

ထို့ပြင် သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စများကို ဆောင်ရွက်နေသည့် တာဝန်ရှိသူများကို တားဆီးခြင်း၊ ဟန့်တားခြင်းနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်သူများကိုလည်း ထောင်ဒဏ်(၂)နှစ်နှင့်
ငွေဒဏ်များ ချမှတ်ထားသည်။

ဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် မဟုတ်မမှန်သတင်းထုတ်လွှင့်သူများကို  ထောင်ဒဏ်(၁)နှစ်နှင့် ငွေဒဏ် ချမှတ်သွားမည်ဟု ဖော်ပြထားသည်။

အဆိုပါ ဥပဒေကို အကောင် အထည်ဖော်ရန်အတွက် အမျိုးသားကော်မတီ၊ ပြည်နှင့် တိုင်းဒေသကြီး
သဘာဝဘေး အန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းသွား ရမည်ဖြစ်ပြီး ရုံးလုပ်ငန်းတာဝန်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ၀န်ကြီးဌာနက စီစဉ်မည်ဟု သတင်းရရှိသည်။

SkyNet TV Browser

Thit Htoo Lwin - News

0 comments:

Post a Comment