Saturday, August 3, 2013


                   ရှင်သန်ခြင်း လျှို့ဝှက်ချက်(၃)

  အဆက်-------

         ဗုဒ္ဓလက်ထက်တော်က သာဝတ္ထိပြည်မြို့မှ ဗန္ဓုလစစ်သူကြီး၏ဇနီးမလ္လိကာသည် အရှင်သာရိပုတ္တရာ
အမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ မိမိအိမ်၌ ဆွမ်းဆက်ကပ်လှူဒါန်း၏။မလ္လိကာသ
သည် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ်ရန် စီစဉ်နေသော  အချိန်မှာပင် မိမိခင်ပွန်း ဗန္ဓုလ
စစ်သူကြီးနှင့် သား(၃၃)ယောက်တို့ စစ်မြေပြင်၌အသတ်ခံရကြောင်းစာကိုလက်ခံရရှိထားပြီးဖြစ်လေ၏။သို့
ရာတွင် မလ္လိကာသည် စဉ်းစားဆင်ခြင်ဥာဏ်ရှိသူ၊တရားသဘောကိုနှလုံးသွင်းထားသူပီပီ သူမ၏စိတ်နှလုံး
မှာ မည်သို့မျှ တုန်လှုပ်ချောက်ချားမှုမဖြစ်ချေ။ဤသည်မှာ စဉ်းစားဆင်ခြင်ဥာဏ်ရှိပြီး တရားသဘောကို နှ
လုံးသွင်းထားသူတို့၏ ဓမ္မတာသဘောပင်ဖြစ်၏။ထို့ကြောင့်ပင် မလ္လိကာသည် ထိုအချိန်တွင် ပကတိတည်
ငြိမ်အေးဆေးစွာဖြင့် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်၏။မလ္လိကာသ
ည် ဆွမ်းဆက်ကပ်လှူဒါန်းရာသို့ ထောပတ်အိုးကိုချီမလာစဉ် ထောပတ်အိုးခေါင်းပေါ်မှကျ၍ ကွဲကျပျက်စီး
သွားလေ၏။ထိုအခြင်းအရာကိုသိမြင် တွေ့မြင်တော်မူသော အရှင်သာရိပုတ္တရာအရှင်မြတ်က မလ္လိကာအား
"ဒါယိကာမကြီး မလ္လိကာ၊ကွဲကျပျက်စီးတတ်သောအရာမှန်သမျှသည် ကွဲကျပျက်စီးတတ်သော သဘောရှိ
၏။ယင်းသဘောကိုစိတ်ကတွေး၍ ပူပင်မှုမဖြစ်ပါလေနှင့်"ဟူ၍မိန့်ကြားတော်မူ၏။ထိုအရှင်၏စကားကိုကြား
ကြားရသောအခါ မလ္လိကာသည် ခါးပိုက်ကြား၌ ညှပ်ထားသောစာကို ထုတ်ပြပြီး "အရှင်ဘုရား၊တပည့်တော်
မ၏ ခင်ပွန်းဗန္ဓုလစစ်သူကြီးနှင့်တကွ သား(၃၃)ယောက်တို့ စစ်မြေပြင်၌ အသတ်ခံရကြောင်းစာကို ဖတ်ရှု
ရ၍သော်မှ တပည့်တော်မ ပူဆွေးမှုမဖြစ်၊ဣနြေ္ဒမပျက်၊တုန်လှုပ်သောစိတ်မရှိဘဲ နေနိုင်ပါသေး၏။ဤထော
ပတ်အိုးကလေးမျှ  ကွဲကျပျက်စီးသွားခြင်းအတွက်  အဘယ်သို့ပူပင်မှုဖြစ်ပါတော့မည်နည်း"ဟူ၍ ပြန်ကြား
လျှောက်ထားလိုက်လေ၏။လင်ယောက်ျားနှင့်သူများသေဆုံးရခြင်းအတွက်သာမန်အမျိုးသမီးများအနေဖြင့်
ရူးမတတ်ခံစားကြရမည်ဖြစ်သော်လည်း မလ္လိကာ၏စဉ်းစားဆင်ခြင်တတ်၊တရားသဘောကိုနှလုံးသွင်းထား
တတ်မှုတို့ကြောင့် အဆိုးလောကဓံတရားနှင့်တွေ့ကြုံရသော်လည်း စိတ်တုန်လှုပ်ချောက်ချားမှုမရှိဘဲ ကြံ့
ကြံ့ခံနိုင်သောမလ္လိကာ၏စိတ်ဓါတ်မှာ ကျွန်ုပ်တို့အတွက် မည်မျှလေးစားကြည်ညိုဖွယ်ကောင်းပါသနည်း။အ
တုယူကြပါကုန်။(အကျယ်ကို ဓမ္မပဒအဋ္ဌကထာ ၁၊၂၂၄-တွင်ရှုပါ)။
      ငါးရာ့ငါးဆယ် ဇာတ်တော်များအနက် ပဉ္စကနိပါတ်လာ ဥရဂဇာတ်သည်လည်း စဉ်းစားဆင်ခြင်ဥာဏ်
ရှိသော၊တရားသဘောကိုနှလုံးသွင်းထားကြသော ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ အဆိုးလောကဓံတရားနှင့်တွေ့ကြုံ
ရသော်လည်း စိတ်ဓါတ်တုန်လှုပ်မှုမရှိဘဲ ကြံ့ကြံ့ခံနိုင်ပုံကို ထုတ်ဖော်ပြတော်မူသောဇာတ်တော်တစ်ခုပင်
ဖြစ်၏။ယင်းဇာတ်တော်၏အကျဉ်းချုပ်မှာ ဤသို့ပင်ဖြစ်၏။
       ရှေးအခါက ပုဏ္ဏားလင်မယားနှစ်ယောက်မှာ သားသေဆုံး၍ ယင်းသေဆုံးသူ၏မိခင် ဖခင်ပုဏ္ဏားလင်
မယားနှစ်ယောက်အပါအဝင် သေဆုံးသူ၏ဇနီး၊နှမ၊ကျွန်မိန်းမတို့သည် လယ်ကွင်းပြင်တစ်နေရာတွင် မီးသ
င်္ဂြိုဟ်လျက်ရှိကြ၏။မီးသင်္ဂြီုဟ်နေကြသော သူတို့အားလုံးမှာ ပူဆွေးသောက ငိုကြွေးမှုမဖြစ်ကြဘဲ ပကတိ
တည်ငြိမ်အေးဆေး ငြိမ်သက်လျက်ပင်ရှိကြ၏။ထိုအခြင်းအရာကိုတွေ့မြင်ရသောသိကြားမင်းသည်ခရီးသွား
ပုဏ္ဏားယောင်ဆောင်ကာ မီးသင်္ဂြိုဟ်မည့်နေရာသို့သွားရောက်ပြီး သေဆုံးသူ၏ဖခင်မှစ၍တစ်ယောက်ချင်း
စီ ဤသို့သော မေးခွန်းများကို မေးမြန်းစုံစမ်းခြင်းပြုလေ၏။
       သိကြားမင်း။   ။ အို....ပုဏ္ဏားကြီး၊သင်သည် မိမိ၏ သားတစ်ယောက်လုံးသေဆုံးနေသည်ကိုတွေ့မြင်
ရပါလျက် ပူဆွေးငိုကြွေးမှုကိုမပြုဘဲ ပကတိအေးဆေးတည်ငြိမ်စွာဖြင့် အဘယ့်အကြောင်းကြောင့် နေနိုင်ပါ
သနည်း?
       ပုဏ္ဏားကြီး။  ။ "အို...ခရီးသွားပုဏ္ဏား(သိကြားမင်းဟုမသိ) မြွေသည် အရေဟောင်းကိုစွန့်ခွာသွားသ
ကဲ့သို့ ကျွန်ုပ်၏သားသည်လည်း ဤဘဝ၌ သူ့၏ခန္ဓာဟောင်းကို စွန့်သွားခြင်းမျိုးဖြစ်၍ အသုံးမဝင်တော့ပြီ
ဖြစ်သော ဤခန္ဓာကိုယ်ကို မီးရှို့နေကြသည်ကိုလည်း သူမသိနိုင်တော့။မိဘဆွေးမျိုးများ ငိုကြွေးပူဆွေးနေ
ကြသည်ကိုလည်းသူသိနိုင်တော့မည်မဟုတ်တော့။သူသွားရမည့်ဘဝ၊သူသွားရမည့်လမ်းအတိုင်းသာသွား
ပြီဖြစ်၍ ပူဆွေးငိုကြွေးနေသောကြောင့် အဘယ်အကျိုးရှိပါမည်နည်း"ဟုဖြေကြားလေ၏။
     မွေးဖွားခြင်းဖြင့်စတင်လာသောလူသား(သတ္တဝါ)မှန်သမျှသည် နောက်ဆုံးသေရခြင်းမရဏတွင် အဆုံး
သတ်ကြရမည်သာာဖြစ်၏။ဘယ်ပုဂ္ဂိုလ်,ဘယ်သတ္တဝါမှ သေခြင်းမရဏသဘောတရားကိုလွန်ဆန်၍မရ။ဤ
သဘောကိုလူတိုင်းပင်သိကြ၏။သို့ရာတွင် သေခြင်းတရားကိုသိကြသောလူသားတိုင်းသည်တရားအသိ တ
ရားမျက်စိဖြင့် တရားသဘောကိုနှလုံးသွင်း၍ သတိသံဝေဂမဖြစ်ကြပေ။အမှန်အားဖြင့် သေခြင်းသဘောတ
ရားဟူသည် ဆင်းရဲခြင်း(ဒုက္ခ)အဆိုးလောကဓံတရားအုပ်စုဝင်ဖြစ်၍ သတ္တဝါမှန်သမျှ မလွဲမသွေ တွေ့ကြံကြ
ရမည့် တရားမျိုးသာဖြစ်ပါ၏။ဤသဘောကို စဉ်းစားဆင်ခြင်ဥာဏ်ရှိသူ၊တရားအသိ တရားမျက်စိဖြင့်တရား
သဘောကို နှလုံးသွင်းထားသူများသာ သတိသံဝေဂဖြစ်ကြ၏။ယင်းပုဂ္ဂိုလ်တို့မှာ အဆိုးလောကဓံတရားနှင့်
တွေ့တွေ့၊အကောင်းလောကဓံတရားနှင့်တွေ့တွေ့ လွန်လွန်ကဲကဲ စိတ်ဓါတ်တုန်လှုပ်ချောက်ချားမှု မဖြစ်ကြ
တော့ပေ။ပုဏ္ဏားကြီးသည် စဉ်းစားဆင်ခြင်ဥာဏ်ရှိသူ၊တရားအသိ တရားမျက်စိဖြင့် တရားသဘောကို နှလုံး
သွင်းထားသူဖြစ်၍  သူ့သားသေဆုံးရခြင်းအတွက် ပူဆွေး  ငိုကြွေးမှုမဖြစ်တော့ဘဲ ပကတိအေးဆေးစွာဖြင့်
နေနိုင်ခြင်းဖြစ်၏။ထို့ကြောင့်ပင် ပုဏ္ဏားယောင်ဆောင်ထားသော သိကြားမင်း၏အမေးကို သံဝေဂဥာဏ်နှင့်
စပ်၍ ဖြေဆိုနိုင်ခြင်းဖြစ်လေ၏။သိကြားမင်းသည် ပုဏ္ဏားကြီး၏အဖြကို အလွန်သဘောကျနှစ်သက်လှသည်
ဖြစ်၍ ကောင်းချီးသြဘာပေးကာ ပုဏ္ဏေးမကြီးအား ဆက်၍မေးမြန်းပြန်လေ၏။
       သိကြားမင်း။   ။အို......ပုဏ္ဏေးမ၊သင်သည် မိမိဝမ်း၌လွယ်၍မွေးသော မိမိသားတစ်ယောက်လုံးသေ
ဆုံးနေသည်ကို မြင်တွေ့နေရပါလျက် အဘယ့်ကြောင့် ပူဆွေးငိုကြွေးမှုကိုမပြုဘဲပကတိတည်ငြိမ်အေးဆေး
စွာဖြင့် နေနိုင်ပါသနည်း?
      ပုဏ္ဏေးမ။    ။အို...ခရီးသွားပုဏ္ဏား၊သူသည် ငါတို့မခေါ်ဘဲ ရောက်လာသော ဧသည်မျှသည်ဖြစ်၏။ယ
ခုလည်း ငါတို့ ပြန်မလွှတ်ဘဲ သွားပြီပင်ဖြစ်၏။သူ့သဘောအတိုင်းလာခဲ့၍ သူ့သဘောအတိုင်းပင် ပြန်သွား
သောသူကို ပူဆွေးငိုကြွေးနေခြင်းဖြင့် အဘယ်အကျိုးရှိပါမည်နည်း၊ထို့ကြောင့်ပင် ကျွန်မ ပူဆွေးငိုကြွေးမှု
မဖြစ်ဘဲ ပကတိတည်ငြိမ်အေးဆေးစွာဖြင့် နေနိုင်ပါသည်"ဟူ၍ ဖြေကြားလေ၏။
      အမှန်အားဖြင့် ကျွန်ုပ်တို့ ဤလောက၌ လူဖြစ်လာရခြင်းသည် ဧသည်များပမာ အလည်အပတ် လာ
ရောက်ခြင်းသဘောမျိုးသာဖြစ်၏။ဧသည်ဟူသည်မှာ အိမ်ရှင်မှ နှင်ထုတ်စရာမလို၊ပြန်လွှတ်စရာမလို။အချိန်
တန်လျှင် သူ့အလိုလိုသာလျှင် အလိုက်သိနားလည်စွာဖြင့် ပြန်သွားကြရမည်သာဖြစ်၏။ဤသဘောကို  ပု
ဏ္ဏေးမကြီးသည် ကောင်းစွာသဘောပေါက်၏။ထို့ကြောင့်ပင် သိကြားမင်း၏အမေးကို ဤသဘောအတိုင်း
ပင်ဖြေကြားနိုင်ခြင်းဖြစ်လေ၏။သိကြားမင်းသည် ပုဏ္ဏေးမ၏အဖြေစကားကိုကြားရသောအခါ အလွန်အား
ရ ကျေနပ်ပြီး ကောင်းချီးသြဘာပေးကာ သေဆုံးသူ၏နှမဖြစ်သူအား ဆက်လက်၍မေးမြန်းလေ၏။
      သိကြားမင်း။      ။"ချစ်သမီး၊သင်သည် သင့်၏အစ်ကိုအရင်းတစ်ယောက် သေဆုံးနေသည်ကို တွေ့
မြင်နေပါလျက်နဲ့ အဘယ့်အကြောင်းကြောင့် ပူဆွေး သောက ဗျာပါဒတို့မဖြစ်ပါသနည်း?
      နှမ။       ။အို.....ပုဏ္ဏားကြီး၊ကျွန်မငိုယိုမြည်တမ်း ပူဆွေးသောက ဗျာပါဒတို့ဖြစ်နေလျှင် ခန္ဓာကိုယ်
ပင်ပန်း ပိန်ချုံးရုံသာရှိပါမည်၊ကျွန်မ၏အစ်ကိုအသက်ပြန်ရှင်လာနိုင်တော့မည် မဟုတ်တော့၍ ဘာအကျိုး
ရှိပါမည်နည်း?ကျွန်မငိုနေသည်ကိုမြင်လျှင် ကျွန်မ၏ဆွေးမျိုးများသည်လည်း စိတ်မချမ်းမြေ့ဖွယ်ရာသာ
ဖြစ်ပါလိမ့်မည်၊ထို့ကြောင့် ကျွန်မ ပူဆွေးသောက ဗျာပါဒတို့မဖြစ်ပါ"ဟူ၍ ဖြေကြားလေ၏။
       သေဆုံးရခြင်းဟူသည် ဘဝသစ်သို့ ကူးပြောင်းသွားရခြင်းသဘောပင်ဖြစ်၍ ဤဘဝတွင် အသက်ရှင်
နေထိုင်နိုင်ရန် မဖြစ်နိုင်တော့ပေ။ဤသဘောကို လူတိုင်းလိုလိုပင်သိရှိနားလည်ကြပါ၏။သို့ရာတွင် တရား
အသိ တရားမျက်စိရှိ၍ တရားသဘောကိုနှလုံးသွင်းထားသူတို့သည်သာ သတိသံဝေဂဖြစ်ကြ၍ ပူဆွေးငို
ကြွေးမှု မဖြစ်ကြ။တရားအသိ တရားမျက်စိမရှိဘဲ တရားသဘောကိုနှလုံးမသွင်းထားကြသူတို့သည်ကား
သတိသံဝေဂမဖြစ်ကြမူ၍ ပူဆွေးငိုကြွေးမှုဖြစ်ကြလေသည်။နှမဖြစ်သူ ပုဏ္ဏေးမကလေးသည်ကား တရား
သဘောကို နှလုံးသွင်းထားသူဖြစ်၍ပင် သတိသံဝေဂဖြစ်ကာ သိကြားမင်း၏အမေးကို တရားသဘော သ
က်ဝင်အောင်ဖြေဆိုနိုင်ခြင်းဖြစ်လေသည်။သိကြားမင်းသည် ဝမ်းမြောက်ဝမ်းသာဖြစ်လှသည်ဖြစ်၍ ကောင်း
ချီးသြဘာပေးကာ သေဆုံးသူ၏ ဇနီးမယားဖြစ်သူအား ဆက်၍ မေးမြန်းပြန်လေ၏။
       သိကြားမင်း။     ။အို......ချစ်သမီး၊ သင်သည်သင်၏ခင်ပွန်းလင်ယောက်ျားတစ်ယောက်လုံး သေဆုံး
နေသည်ကို တွေ့မြင်နေရပါလျက်နှင့် အဘယ့်အကြောင်းကြောင့် ပူဆွေးငိုကြွေးမှုကိုမပြုပါသနည်း?
      ဇနီးမယား။    ။အို....ပုဏ္ဏားကြီး၊ကလေးငယ်သည် ကောင်းကင်၌တောက်ပနေသော လမင်းကြီးကို လို
ချင်၍  ငိုကြွေးနေသော်လည်း မရရှိနိုင်သကဲ့သို့၊သေဆုံးသွားပြီဖြစ်သော ကျွန်မ၏ခင်ပွန်းလင်ယောက်ျားကို
ပြန်၍မရရှိနိုင်မှန်းသိပါလျက်ပူဆွေးငိုကြွေးနေလျှင် ကောင်းကင်၌တောက်ပနေသောလမင်းကြီးကို လိုချင်၍
ငိုကြွေးနေသော ဘာမျှမသိနားမလည်သော ကလေးငယ်သဖွယ်သာဖြစ်ပါလိမ့်မည်၊ထို့ကြောင့်ပင် ကျွန်မပူ
ဆွေး ငိုကြွေးမှုကို မပြုပါ။"ဟူ၍ ဖြေကြားလေ၏။
       လောက၌လိုချင်၍ရကောင်းသောအရာဝတ္ထများရှိသလိုလိုချင်၍မရကောင်းသောအရာဝတ္ထုများလည်း
များစွာပင်ရှိပါ၏။လိုချင်၍မရကောင်းသောအရာဝတ္ထုများကိုရအောင်တောင့်တမျှော်လင့်နေလျှင်ပူဆွေးသော
ကစိတ်ဒုက္ခရောက်ကြရမည်သာဖြစ်ပါ၏။သေဆုံးခြင်းသဘောတရားဟူသည်အသက်ပြန်ရှင်လာ၍ရကောင်း
သော အရာဝတ္ထုများမဟုတ်ပေ။အကယ်၍ ယင်းအရာဝတ္ထုကိုလိုချင်၍ တောင့်တမျှော်လင့်နေလျှင် ကောင်း
ကင်၌တောက်ပနေသောလမင်းကိုလိုချင်၍ ငိုကြွေးနေသော ကလေးငယ်သဖွယ်သာဖြစ်ပေလိမ့်မည်၊ဤသ
ဘောကိုကောင်းစွာသဘောပေါက်၍တရားသဘောနှလုံးသွင်းထားသော သေဆုံးသူ၏ဇနီးမယား၌ အဘယ်
သို့လျှင် ပူဆွေးငိုကြွေးမှုတို့ဖြစ်ပါတော့မည်နည်း။ထို့ကြောင့်ပင်လျှင် သိကြားမင်း၏အမေးကို ယင်းသဘော
တရားနှင့်ဆက်နွယ်၍ ဖြေဆိုခဲ့ခြင်းဖြစ်လေ၏။သိကြားမင်းသည် ထိုပုဏ္ဏားမငယ်၏ ဖြေကြားဆိုအပ် စကား
ရပ်ကိုလည်းဟဒယရွှင်ပြုံး ပီတိဖုံးကာဝမ်းမြောက်မဆုံးရှိလှသည်ဖြစ်၍ကောင်းချီးသြဘာ ထောမနာပြုလျက်
နောက်ဆုံးအလုပ်အကျွေးဖြစ်သော (အိမ်ဖော်)ကျွန်မအားမေးမြန်းလေ၏။
        သိကြားမင်း။   ။အို....ချစ်သမီး၊သင်သည်.....သင့်၏အရှင်သခင် သေဆုံးနေသည်ကို တွေ့မြင် သိမြင်
နေရပါလျက် အဘယ့်အကြောင်းကြောင့် ပူဆွေး သောက ငိုကြွေးရမည်ကိုမသိသကဲ့သိုဖြစ်နေရပါသနည်း?
        ကျွန်မ။        ။အို...ပုဏ္ဏားကြီး၊ကွဲပြီးသောအိုးကို ပြန်ဆက်၍မရနိုင်သကဲ့သို့ သေသွားပြီးသောသူကို
ပူဆွေး ငိုကြွေးနေ၍ အဘယ်အကျိုးရှိနိုင်ပါတော့မည်နည်း?အိုးကွဲပမာသာဖြစ်ပါလိမ့်မည်။ထို့ကြောင့် ကျွန်မ
ပူဆွေး သောက ငိုကြွေးရမည်ကို မသိသကဲ့သကဲ့သို့ နေနိုင်ပါသည်"ဟူ၍ ဖြေကြားလေ၏။
       သိကြားမင်းသည် ကျွန်မအားလည်း ကောင်းချီးသြဘာ ထောမနာပြုကာ "ငါသည် ခရီးသွား ပုဏ္ဏား မ
ဟုတ်ကြောင်း၊သိကြားမင်းသာဖြစ်ကြောင်း၊သင်တို့၏အပြုအမူကိုတွေ့မြင်ရသည်ဖြစ်၍ သင်တို့၏ စိတ်ထား
ကိုစုံစမ်းလို၍ စူးစမ်းလို၍ ခရီးသွားပုဏ္ဏားယောင်ဆောင်ကာ လာရခြင်းဖြစ်ကြောင်း၊သင်တို့၏ စိတ်သဘော
ထားရင့်ကျက်မှုကို ယခုကဲ့သို့ တွေ့မြင်ကြားသိရ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း၊သင်တို့၏ ရယူလိုရာ
ဆုကိုတောင်း၍ ကျွန်ုပ်ထံတွင် ရယူနိုင်ပါကြောင်း စသည်ဖြင့်ပြောကြား၍ ပြန်သွားလေ၏။
    အဆိုး အကောင်းလောကဓံတရားနှင့်ပတ်သက်၍ မစ္စတာ နယ်လဆင် မန်ဒဲလားသည်လည်း စိတ်ဓါတ်
ခိုင်မာ၍ ခံနိုင်ရည်ရှိသူပင်ဖြစ်၏။ဓမ္မပဒအဋ္ဌကထာလာ မလ္လိကာနှင့် ဥရဂဇာတ်တော်လာ ပုဏ္ဏားကြီး၊ပုဏ္ဏေး
မကြီး၊နှမ၊ဇနီးမယား၊ကျွန်မတို့သည်လည်း စိတ်ဓါတ်ခိုင်မာ၍ ခံနိုင်ရည်ရှိကြသူများပင်ဖြစ်ကြပါ၏။သို့ရာတွင်
သူတို့၏ ခံနိုင်ရည်ရှိကြပုံများကား မတူညီကြပေ။မစ္စတာ နယ်လဆင်မန်ဒဲလားသည်တရားအသိတရားမျက်
စိရှိ၍ တရားသဘောနှလုံးသွင်းကာ စိတ်ဓါတ်ခိုင်မာ၍ ခံနိုင်ရည်ရှိခြင်းမျိုးမဟုတ်။စဉ်းစားဆင်ခြင်းဥာဏ်ဖြင့်
အရာရာကိုသည်းခံနိုင်သော စိတ်ဓါတ်၊မဖြစ်မနေကြိုးစားသွားမည်ဟူသော ဝီရိယအရင်းခံစိတ်ဓါတ်၊လိုချင်
ဖြစ်ချင် ပြင်းပြသောစိတ်ဓါတ်၊ရဲရင့်ပြတ်သားသည့်စိတ်ဓါတ်စသည့် စိတ်ဓါတ်များဖြင့်သာ စိတ်ဓါတ်ခိုင်မာ၍
ခံနိုင်ရည်ရှိခြင်းဖြစ်လေသည်။မလ္လိကာနှင့် ပုဏ္ဏားကြီးစသောသူတို့သည်ကား တရားအသိ တရားမျက်စိရှိ၍
တရားသဘောကိုနှလုံးသွင်းထားသောကြောင့် စိတ်ဓါတ်ခိုင်မာ၍ ခံနိုင်ရည်ရှိခြင်းဖြစ်လေသည်။ဤ၌ ဗုဒ္ဓစာ
ပေစကားနှင့်သုံးရလျှင် မစ္စတာ နယ်လဆင် မန်ဒဲလားသည် လောကအသိဖြင့်စိတ်ဓါတ်ခိုင်မာ၍ ခံနိုင်ရည်ရှိ
ခြင်းဖြစ်ကာ မလ္လိကာနှင့် ပုဏ္ဏားကြီးစသောသူတို့သည်ကား ဓမ္မအသိဖြင့် စိတ်ဓါတ်ခိုင်မာ၍ ခံနိုင်ရည်ရှိခြင်း
ပင်ဖြစ်လေသည်။မည်သို့ပင်ဆိုစေ အကောင်း အဆိုး နှစ်မျိုးလုံးသောလောကဓံတရားကို သူ့နည်း သူ့ဟန်
ဖြင့် စိတ်ဓါတ်ခိုင်မာ၍ ခံနိုင်ရည်ရှိကြသော မြင့်မြတ်ထူးခြားသော ပုဂ္ဂိုလ်များပင်ဖြစ်လေသည်။ဤသည်တို့
မှာ စဉ်းစားဆင်ခြင်ဥာဏ်ရှိသူ၊တရားအသိ တရားမျက်စိဖြင့် တရားသဘောကိုအတော်အသင့် နှလုံးသွင်း
ထားသူပုထုဇဉ်ပုဂ္ဂိုလ်များအနေဖြင့်လည်းအဆိုး အကောင်း လောကဓံတရားနှင့်တွေ့ကြုံရသော်လည်း တုန်
လှုပ်မရှိဘဲ စိတ်ဓါတ်ခိုင်မာ၍ ခံနိုင်ရည်ရှိကြပုံတို့ကိုရှုထောင့်တစ်နေရာမှသာဓကများအဖြစ်တင်ပြထားခြင်း
မျှသာဖြစ်ပါ၏။ထို့ကြောင့် အဆိုး အကောင်း လောကဓံတရားကို ခံနိုင်ရည်ရှိကြသူများစာရင်းတွင် ပုထုဇဉ်
ပုဂ္ဂိုလ်များမပါဝင်ဟုတထစ်ကျ မမှတ်ယူသင့်ပေ။
      ဤသို့လျှင် ကျွန်ုပ်တို့သည် ပစ္စုပ္ပန်၌ ကျွန်ုပ်တို့၏ဘဝရှင်သန်ကြီးပွားအောင်မြင်နိုင်ရေးအတွက် ဖော်
ပြပါ မစ္စတာ နယ်လဆင် မန်ဒဲလားစသော ပုဂ္ဂိုလ်တို့ကို စံနမူနာယူ၍ အဆိုးလောကဓံတရားနှင့်တွေ့ကြုံရ
သော်လည်း မတုန်မလှုပ် ခိုင်မာသောစိတ်ဓါတ်၊မိမိကိုယ်ကိုယုံကြည်အားကိုးသောစိတ်ဓါတ်၊မဖြစ်မနေကြိုး
ပမ်းအားထုတ်သွားမည်ဟူသော ဝီရိယအရင်းခံသည့် စိတ်ဓါတ်၊ရဲရင့်ပြတ်သားသောစိတ်ဓါတ်စသည့် စိတ်
ဓါတ်ခွန်အားများဖြင့် ကျော်ဖြတ်သွားကြရမည်ဖြစ်သလို၊(ပစ္စည်း ဥစ္စာချမ်းသာခြင်းစသော)အကောင်းလော
ကဓံတရားနှင့် တွေ့ကြုံရသော်လည်း မောက်မာထောင်လွှားမှုမရှိဘဲ ပကတိအေးဆေးတည်ငြိမ်စွာဖြင့် ငြိမ်း
ချမ်းသော လူ့ဘောင်အသိုင်းအဝိုင်း ဖြစ်ပေါ်လာအောင် ဖန်တီးရယူ၍ တည်ဆောက်သွားကြရမည်သာဖြစ်
ပါ၏။သို့မှသာလျှင် ပစ္စုပ္ပန်၌ ကျွန်ုပ်တို့၏ဘဝ ရှင်သန်ကြီးပွားအောင်မြင်ခြင်းအစစ်အမှန်ကိုရရှိကြပေလိမ့်
မည်။
                                  ရှင်သန်ခြင်း လျှို့ဝှက်ချက်(၄)ကိုဆက်ဖတ်ပါရန်-------








         

      

0 comments:

Post a Comment