Saturday, July 20, 2013

ဆီးရီးယား ပဋိပက္ခကြောင့် နေ့စဉ် လူပေါင်း ၆၀၀၀ လောက် နေအိမ်စွန့်ခွာ ထွက်ပြေးတိန်းရှောင် နေကြရပြီး ဒါဟာ နှစ်ပေါင်း နှစ်ဆယ်အတွင်း အဆိုးရွားဆုံး လူမှုဒုက္ခဆိုးမျိုးဖြစ်တယ်လို့ ကုလက သတိပေးပြောကြားလိုက်ကြောင်း BBC world news တွင် ဖော်ပြထားပါတယ်။

၁၉၉၄ ခုနှစ် ရိုဝန်ဒါ လူမျိုးတုံး သတ်ဖြတ်မှုနောက်ပိုင်း ယခုလို ဒုက္ခသည် အမြောက်အများ ထွက်ပြေးလာကြခြင်းမျိုး မတွေ့ဖူးသေးလို့ ကုလသမဂ္ဂ လူမှုကယ်ဆယ်ရေးဆိုင်ရာ အကြီးအကဲ အန်တိုနီယို ဂူးတားရရက်စ်က ကူလလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဆီးရီးယား ပဋိပက္ခကြောင့် တစ်လကို လူငါးထောင်လောက် ပုံမှန် သေဆုံးနေရပြီး ဆီးရီးယားပြေသူ အနည်းဆုံး ၆.၈ သန်းမှာလည်းပဲ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့လည်း BBC world news တွင် ဖော်ပြထားပါတယ်။
ကုလ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူး အိုင်ဗင် ဆီမိုဗစ်က " ပဋိပက္ခကြောင့် လစဉ် လူ ၅၀၀၀ သေဆုံးနေရခြင်းက ဆီးရီးယား အခြေအနေ ပြင်းပြင်းထန်ထန် ဆိုးရွားလာနေတာကို ဖော်ပြနေတယ်။ " လို့ ကုလလုံခြုံရေးကောင်စီ အစည်းဝေးတွင် ပြောကြားသွားပါတယ်။
၂၀၁၁ ခုနှစ် မတ်လ လူထုအုံကြွမှု စတင်ခဲ့ရာမှ ပြည်တွင်းစစ် အဖြစ်သို့ရောက်ရှိလာပြီး ကုန်ခဲ့တဲ့ ဇွန်လ အထိ ပဋိပက္ခာကြောင့် သေဆုံးသူပေါင်း ၉၃၀၀၀ ရှိပြီလို့လည်း ကုလသမဂ္ဂက လွန်ခဲ့တဲ့လက ထုတ်ပြန်ပြေားကြားခဲ့သည်။
Ref: BBC World News

0 comments:

Post a Comment