Friday, July 12, 2013

ရွှေတိဂုံတောင်ဘက်စောင်းတန်းတွင် မသင်္ကာသူအား ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၁၂

၁၂.၇.၂၀၁၃ ရက်နေ့ ၀၇၄၅ အချိန် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်စောင်း တန်း အလယ်တွင် ဘုရားဖူးရန်ရောက်ရှိ လာသူ ကျော်ဦး၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးဌေးမြင့်၊ ၀မ်းတွင်းမြို့၊
မန္တလေးတိုင်း ဒေသကြီး နေသူသည် အဖြူရောင်ကြွပ်ကြွပ်အိတ် (၁)လုံးအားဆွဲ၍ တက်လာသည် ကို မသင်္ကာဘွယ်တွေ့ရသဖြင့် လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်မှ ၎င်းယူဆောင်လာသည့် ကြွပ်ကြွပ်အိတ်အား ရှာဖွေရာ အတွင်းမှ ဓါတ်ခဲအကြီး(၃)လုံး၊ ၀ါယာကြိုး(၁)ချောင်း၊ မီး ပိတ်/ဖွင့်ပြုလုပ်သည့် ခလုတ်(၁)ခု၊ အရိုးအသွား ၇ လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်း၊ ၈/၁၀ ဆိုဒ် ဂွ(၁)ချောင်း၊ ကိုရီးယားဝမ်ငွေ (၁၀၀၀)တန်(၁)ရွက်၊ ဗီယက်နမ်ဒေါင်ငွေ (၁၀၀၀၀)တန်(၁)ရွက်တို့အား စစ်ဆေးတွေ့ရှိရ သဖြင့် ဒဂုံမြို့နယ်ရဲတပ်ဖွဲမှ အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment