ယူနန်ပြည်နယ် ကူမင်းမြို့၌ ယခုလ ၁၀ ရက်နေ့က စတင်ကျင်းပသည့်
ကျောက်မျက်ပြပွဲသို့ ရွှေလီမြို့မှ မြန်မာ ကျောက်ကုန်သည်အများအပြား
သွားရောက်ကြရာ တရုတ်အာဏာပိုင်များက အဆိုပါ မြန်မာကုန်သည်တခိျု့ထံမှ မူးယစ်
ဆေးဝါးများ ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည် ။
ယခုလ ၁၀ ရက်နေ့မှ ၁၈
ရက်နေ့အထိ ၉ ရက်တာ ကျင်းပမည့် အဆိုပါ ကျောက်မျက်ပြပွဲ တက်ရောက်ရန်
မြန်မာကုန် သည်များရွှေလီမြို့မှ ထွက်ခွာစဉ် လမ်းခရီး၌
ဖမ်းဆီးမှုများရှိခဲ့ကြောင်း အမည်မဖေါ် လိုသူ မြန်မာကျောက်ကုန်သည်တစ်ဦးက
သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“ရွှေလီကနေ ထွက်တော့
လမ်းမှာမူးယစ်ဆေးဝါးတွေ့ပြီး ဖမ်းတာပေါ့နော်။ အဲဒီမူးယစ်ဆေးဝါးနဲ့
ဆက်စပ်တယ်လို့ ယူဆရ တဲ့သူ ၆ ဦးကိုတော့ ကူမင်းမြို့ စန့်ဟိုင်ဆားလုံ
ဟော်တည်မှာ ၁၀ ရက်နေ့က လာဖမ်းသွားတယ် ” ဟု သူက ဆိုသည် ။
ရွှေလီမြို့မှ
ကျောက်မျက်ပြပွဲ တက်ရောက်သည့် မြန်မာကုန်သည် စုစုပေါင်း ၂၀၀
ခန့်ရှိကြောင်း လက်ရှိတွင် ကျောက်စိမ်း အချောထည်များ
အရောင်းအဝယ်ဖြစ်ကြောင်း သူက ဆက်ပြောသည် ။
“ရွှေလီကသွားတဲ့သူ
ဘာလူမျိုးဖြစ်ဖြစ် မြန်မာတွေပဲလို့ ပြောရမှာပေါ့နော်။ ပြည်တွင်းထဲကနေလာတဲ့
ကုန်သည်ကတော့ အရမ်းကို နည်းပါတယ်။ လောလောဆယ် အရောင်းအဝယ်ဖြစ်နေတာက
အချောထည်ပေါ့နော်။ တရုတ်ငွေ ထောင်ပိုင်း သောင်း ပိုင်းတန်တွေ ဖြစ်နေတယ်။
သိန်းပိုင်းတွေတော့ မဖြစ်ဘူး ” ဟု ဆိုသည် ။
အဆိုပါ
မူးယစ်ဆေးဝါးဖမ်းဆီးသည့် သတင်းနှင့်ပတ်သက်၍ တရုတ် ရွှေလီမြို့
နှင့်နယ်စပ်ခြင်း ထိစပ်နေသည့် မူစယ်မြို့ အာဏာပိုင်အသိုင်းအဝိုင်းက
ဟုတ်မှန်ကြောင်း အတည်ပြုပြောသော်လည်း အသေးစိတ်ကို ပြောဆိုခြင်း မရှိပေ ။
သျှမ်းသံတော်ဆင့်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment