Sunday, July 14, 2013

Monday, July 15, 2013 ခိုက်ရန်ဖြစ်ပွားသူ တစ်ဦးကို ဟိုပင် ရဲစခန်းမှ မတရား နှိပ်စက်ညှင်းပန်းခဲ့

ကချင်ပြည်နယ် ဟိုပင်မြို့ ဂါတ်ကုန်းရပ်ကွက် နေ ဦးဝင်းမြင့် + ဒေါ်မြလေးတို့၏ သား မောင်ဆန်းမိုး အသက် ၁၉ နှစ် ၁၀.၇.၁၃ ရက်ည ချိန်တွင် ခိုက်ရန်ဖြစ်ပွားမှုဖြင့် ဟိုပင် ရဲစခန်းမှ ဖမ်းဆီး ထိန်းသိမ်းခံရပြီး ၁၀ ရက်နေ့ တညလုံးနှင့် ၁၁ ရက်နေ့ ၁ရက်လုံး ရဲစခန်းတွင် နှိပ်စက်ခံ ခဲ့ရပြီး ၁၁.၇.၁၃ ညနေ ၆:၃၀ ချိန်တွင် ငွေကျပ် ၁ သိန်းဖြင့် ရွေးထုတ်ခဲ့ ရကြောင်း သိရပါသည်။

ယခု မောင်ဆန်းမိုး၏ အခြေအနေမှာ မိုးညှင်းမြို့နယ် ဆေးရုံတွင် တင်ထားရပြီ နား ၂ ဖက်လုံး မကြားရတော့ခြင်း ၊ တကိုယ်လုံး ဒဏ်ရာများရရှိခြင်း၊ စအိုမှ သွေးများ ဆင်းခြင်း လမ်းမလျောက်နိုင်ခြင်း စကား ကောင်းစွာ မပြောနိုင်တော့ခြင်း အစာလုံးဝ မစားနိုင်ခြင်းစသော ဝေဒနာများကို ခံစားနေရကြောင်း မိသားစုဝင်များက Myanmar News Now ကို ပြောပါသည်။

ယနေ့ ဆရာဝန်၏ ပြောကြားချက်အရ ခါးရိုး နံပတ် ၅ မှာ ကျိုးသွားပြီး၊ အောက်ပိုင်း သေနိုင်သည်ဟုပြောဆိုသဖြင့် ဆေးကုသမှု ဆက်လက်ခံယူ နေပါသည်။

ထို့ အပြင် ဇူလိုင်လ (၁၄)ရက်နေ့ မနေ့ ညက ရဲစခန်းက ယူထားသော ပိုက်ဆံများအား မိသားစုကို  ပြန်လာပေးခြင်း၊ မိုးညှင်းမြို့နယ် ဆေးရုံသို့ သွားရောက်ညှိနှိုင်းခြင်းများ လုပ်ဆောင်ပြီး အဆိုပါဖြစ်ရပ်ကို ဖုံးကွယ်ရန် ရဲများ ကြိုးစားနေကြောင်းလည်း မိသားစုဝင်များက ပြောပြပါသည်။

သစ်ထူးလွင်

0 comments:

Post a Comment