ရန်ကုန် - ဇူလိုင် - ၉ ။ ။ရန်ကုန်မြို့ရှိ စေတီ၊
ပုထိုးများနှင့် ကျောင်းကန် ဘုရားများတွင် ဖောက်ခွဲမှုများ
ပြုလုပ်မည်ဆိုသည့် သတင်းများ ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်
ရာလေဆိပ်လုံခြုံရေးကို ယခုရက် ပိုင်းမှ စတင် ကာ နှစ်ဆတိုးမြှင့်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ သိ ရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်ဝင်းအတွင်းရှိ ပြည်တွင်း ပြည်ပဆိုက်ရောက်နေရာများ တွင်
လေဆိပ်လုံခြုံရေးများကို တပ်ဖွဲ့ဝင် အင်အားများအပြင် လုံခြုံရေးဆိုင်ရာ
နည်းပညာများ အသုံးပြုကာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ''အရင်တုန်းကတည်းက
စစ်နေပေ မယ့် နည်းပညာပိုင်းကိုမြှင့်တင် ပြီး စက်ကိရိယာတွေနဲ့ စစ်ဆေး မယ်။
လူဝင်လူထွက်နဲ့ အိတ်တွေကို အထူး စစ်ဆေးရေး အဖွဲ့တွေ နဲ့ စစ်ဆေးမယ်''ဟု
ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။
ယင်းအပြင် ဇူလိုင် ၇
ရက် က အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှုများကြောင့် ပြည်
တွင်းရှိ လေဆိပ်ဝင်ပေါက်များကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ခြင်း
ဖြစ်ကြောင်း သိရသည်။ ယင်းက ''လေဆိပ်မှာ မိုင်းရှာ ကိရိယာတွေ အပြင်
လုံခြုံရေးတပ် ဖွဲ့အင်အားကို နှစ်ဆတိုးပြီးတော့ ဆောင်ရွက်မယ်''ဟု ထပ်မံပြော
သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယခင်ကစစ်တပ်နှင့် နယ်မြေခံရဲ
တပ်ဖွဲ့ ဝင်များ ပူးပေါင်း ကာ လုံခြုံရေးကို ဆောင်ရွက်ခဲ့ သော်လည်း
ယမန်နှစ်မှစတင်ကာ လေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ယူ ကာ လုံခြုံရေးကို
ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကျော်မြတ်ဇံ
Yangon Media Group
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment