ကျောင်းသား ၃ဝဝ သာ လက်ခံသင်ကြား ပေးမည့် ရန်ကုန် တက္ကသိုလ်ဝင်ခွင့်အမှတ်ကို ပညာရေးဝန်ကြီးဌာန မှ ထုတ်ပြန်လိုက်သည်။
အနှစ်
၂ဝ နီးပါး ပိတ်ထားခဲ့သည့် ရန်ကုန် တက္ကသိုလ်တွင် ယခု ပညာသင်နှစ်မှ စတင်ကာ
ဘာသာရပ် ၂ဝ သင်ကြားပေးမည်ဖြစ်ပြီး ဘာသာ ရပ်တစ်ခုလျှင် ၁၅ ဦးစီသာ လက်ခံမည်
ဖြစ်သည်။ ဝင်ခွင့်အတွက် အနိမ့်ဆုံးအမှတ်မှာ ၄၃ဝ မှတ်ဖြစ်ပြီး အမြင့်ဆုံးမှာ
၅၁ဝ မှတ် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
သင်ကြားပေးမည့်
ဘာသာရပ်များမှာ ရူပ ဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊
ကုန်ထုတ်ဓာတုဗေဒ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ ဥပဒေပညာ၊ ပထဝီဝင်၊ သမိုင်း၊
စိတ်ပညာ၊ ဒဿနိကဗေဒ၊ မနုဿဗေဒ၊ ရှေး ဟောင်းသုတေသနပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊
အရှေ့တိုင်းပညာ၊ ကွန်ပျူတာသိပ္ပံနှင့် နိုင်ငံရေး သိပ္ပံတို့ဖြစ်သည်။
ပညာရေးဌာနလုပ်သက်
၃ဝ ကျော်ရှိ ဆရာဦးဟိန်းလတ်က ''ဒီဘွဲ့က အရင်ကB.Sc , B.A တို့လိုမဟုတ်ဘူး။
တကယ့်ကို အဆင့်အတန်း မီ နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့၊ စံချိန်မီဘွဲ့ပဲ''ဟု
ပြောသည်။
ရန်ကုန်တက္ကသိုလ်က သင်တန်းသားရွေးချယ် ရာ၌တက္ကသိုလ်ဝင်
စာမေးပွဲဘာသာများကို သတ်မှတ် ချက်မထားဘဲ မည်သည့်ဘာသာ တွဲကဖြစ်စေ၊
ရမှတ်အပေါ်မူတည်၍ ရွေးမည်ဟုသိရသည်။
ပညာရေးတက္ကသိုလ်မှ ကထိကဆရာ ဦးညွန့် သောင်း (စာရေးဆရာမောင်သာချို)က စိတ်လှုပ်ရှား စရာကောင်းသော အစီအစဉ်ဟု မှတ်ချက်ပြုသည်။
အမှတ်များက
ဆေးတက္ကသိုလ်၊ ရန်ကုန် နည်းပညာ တက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ် တို့၏
ဝင်ခွင့်နီးနီး မြင့်တက်နေပြီး အင်္ဂလိပ်စာ ဘာသာရပ် လျှောက်ထားလိုသူက
စုစုပေါင်း အနိမ့် ဆုံး ရမှတ် ၅၁ဝ ရမှသာ လျှောက်ထား နိုင်မည်ဟု
ကြေညာထားသည်။
ထို့အတူ ရူပဗေဒ၊ ဓာတုဗေဒ၊ သချာင်္၊ သတ္တ ဗေဒ၊ ရုက္ခဗေဒ၊
ဘူမိဗေဒ၊ ကုန်ထုတ် ဓာတုဗေဒတို့အတွက် အနိမ့်ဆုံးရမှတ် ၄၉ဝ သတ်မှတ်ကြောင်း၊
နိုင်ငံတကာ ဆက်ဆံရေးပညာ၊ ဥပဒေ ပညာ၊ နိုင်ငံရေး သိပ္ပံတို့က အနိမ့်ဆုံး အမှတ်
၄၇ဝ စီဖြင့် ကျန်ဘာသာရပ်တို့က အမှတ် ၄၃ဝ စီ သတ်မှတ်ထားသည်။
''အမှတ်တွေကတော့
ထိပ်တန်း စာရင်းဝင်တွေပါပဲ''ဟု ရန်ကုန်တက္က သိုလ်မှ ကထိက ဆရာတစ်ဦးက
သုံးသပ်သည်။ ထို့အပြင် ကွန်ပျူတာ သိပ္ပံဆိုပါက လျှောက်ထားသူသည်
သချာင်္ဘာသာရပ်တွင် တက္ကသိုလ် ဝင် အောင်မှတ် ၉၅ မှတ်နှင့် သိပ္ပံဘာသာရပ် ဆိုပါ က
၎င်းနှင့် သက်ဆိုင်သော တက္ကသိုလ်ဝင် ဘာသာရပ်တွင် အနည်း ဆုံး ရမှတ် ၉ဝ ရှိမှ
ဝင်ခွင့်ရမည်ဖြစ်သည်။
မင်းသုအောင်
Popular Myanmar News Journal
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment